အပိုင်း(၄၁)

3.2K 7 0
                                    

ဒီနေ့တစ်နေ့လုံး "Paradise" ကားဝပ်ရှော့က အလုပ်သမားတွေ ဘူနေကြသည်။

ကားဝပ်ရှော့က အလုပ်သမား (၂၀)နီးပါးမှာ (၁၅)ယောက်လောက်က မန်ယူရဲ့ အမာခံပရိသတ်တွေ။

ညက ပက်ပက်စက်စက်ရှူံးထားတော့ အကုန်လုံးက မချိတင်ကဲနှင့်။

ကျန်တဲ့ (၃)၊(၄)ယောက်က စချင်ပေမဲ့လည်း ဝိုင်းဗျင်းခံထိလျှင် မချောင်။

ထို့ကြောင့် ဆိတ်ဆိတ်သာနေပေးနေသည်။

"အာစရိဗျာ...စဉ်းစားကြည့်ကြည့်ဗျာ...ဖြစ်သင့်လားဗျာ....တောက်.....မကျေနပ်ဘူး....လုံးဝမကျေနပ်ဘူး"

"ဒိုင်ကလည်းဗျာ......xxxxxxxxxxxxxxxxxxxx"

ပိုင်ရှင်ဖြစ်တဲ့ ကိုသက်ငြိမ်ကိုယ်တိုင်က ဘူနေသည်။

သူ့တပည့်တွေကတော့ ဘောပွဲရှူံးလို့ဖြစ်နေသည်ဟု ထင်မှတ်နေသော်လည်း မဟုတ်ပေ။

ဘေးမှာ သူ့ကိုပွစိပွစိပြောနေသည့်စကားသံတွေက သူ့နားထဲမဝင်။

ညက ရတီနဲ့ ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်ကသာ စိတ်ထဲ တဝဲဝဲ၊ တလည်လည်။

ပြန်စဉ်းစားကြည့်ပြီး ပျော်သလိုလို၊ ရင်ခုန်သလိုလို။

သူ့မိန်းမ နုငယ်မျက်နှာကိုလည်း မကြည့်ဝံ့။

သူကိုယ်တိုင် စမှားနေသလို ဖြစ်နေသည်မဟုတ်လား။

"အာစရိ...ကြားလား.......ငါတို့ဆရာလည်း....အခြေအနေမကောင်းနေဘူးပဲ......ဟီ....ဟီ"

"ဪ....အေး...အေး...ကြားပါတယ်ကွာ...မင်းတို့ကလည်း"

"တီ....တီ"

ထိုစဉ် ကိုသက်ငြိမ် ဖုန်း၌ message ဝင်လာသည်။

"ဦးဖေ....လမ်းထိပ်မှာ မီးစောင့်နေတယ်"

ရတီဆီက။

သူတစ်ချက်တုန်လှုပ်သွားသည်။

နာရီကြည့်လိုက်တော့ နေ့လည်(၁၂)နာရီကျော်ရုံ။

သူ ဒွိဟတွေနှင့်။

သွားခေါ်ရင်ကောင်းမလား၊ မကောင်းဘူးလား။

သေချာတာကတော့ သူ သွားခေါ်မိတာနှင့် ဘာတွေဆက်ဖြစ်တော့မလဲဆိုတာ ကြိုသိနေမိသလို။

ငယ်သူမို့Where stories live. Discover now