အပိုင်း(၁၀)

3.2K 14 0
                                    

ဒီလိုနဲ့ ကိုသက်ငြိမ် နုငယ်ကို သတိရတိုင်း  message ပို့တာ၊ ဖုန်းခေါ်တာ လုပ်တတ်လာသည်။

နုငယ်ကလည်း messenge ဝင်တဲ့ " တီး...တီး" ဆိုတဲ့အသံကြားတိုင်း လှမ်းလှမ်းကြည့်ရတာ အမော။

ဘာရယ်တော့ မဟုတ်.....။

"ထမင်းစားပြီးလား"

"Facebook က ပုံလေး လှတယ်"

"ညက ကောင်းကောင်းအိပ်နော်"

ဒါတွေပဲ အပြန်အလှန်ပို့ကြသည်။

(၁)လလောက်ကြာတော့ ကိုသက်ငြိမ်က ပြောစရာစကားရှိလို့ ဆိုပြီး နုငယ်က ကော်ဖီဆိုင် တစ်ဆိုင်မှာချိန်းလိုက်သည်။

နုငယ်လည်း ကိုသက်ငြိမ် ဘာပြောမယ်မှန်း ရိပ်မိနေသလိုပင်။

သွားတွေ့မဲ့ နေ့မှာ နုငယ် အစိမ်းဖျော့ရောင် floral ဂါဝန်လေးကို ဝတ်ထားသည်။

မသိတဲ့သူတို့ အသက်(၃၅)နှစ်ရှိသည်ဟု ထင်မှာမဟုတ်။

အဖျားကောက်ထားသော ဆံပင်တွေကို ဖားလျားချထားသည်။

ချိန်းထားသော Coffee ဆိုင်နဲ့ အထည်တိုက်က နီးတော့ နုငယ် လမ်းလျှောက်ထွက်လာခဲ့သည်။

မိုးကတော့ ခပ်အုံ့အုံ့။

ကော်ဖီဆိုင်ရောက်တော့ ကိုသက်ငြိမ်ရောက်နှင့်နေပြီ။

သူ ဆံပင်တွေပါညှပ်ထားပြီး နောက်လှန်ဖြီးထားသဖြင့် ယောကျ်ားပီပီသသချောမောနေသညါ။

ပါးနှင့် နှုတ်ခမ်းတဝိုက် ရိတ်သင်ထားသဖြင့် စိမ်းဖန့်ဖန့်ဖြစ်နေသည်။

ခရမ်းရောင် ရှပ်အင်္ကျီ လက်ရှည် အစင်းလေးနှင့် ဂျင်းဘောင်းဘီ မီးခိုးရောင်လေးကို တွဲဖက်ဝတ်ထားသဖြင့် လူငယ်လေးတစ်ယောက်လိုကြည့်ကောင်းနေသည်။

"ကိုသက်....စောင့်နေတာကြာပြီလား"

မကြာသေးပါဘူး...နုငယ်ရဲ့.....ခုနလေးတင်ရောက်တာ"

"အင်း.....ပြောစရာရှိလို့ဆို.....ဘာပြောမှာလဲ....ပြောလေ"

ကိုသက်ငြိမ် နာမည်ကသာ သက်ငြိမ်နေပေမဲ့ ရင်က အရမ်းခုန်နေသည်။

ငယ်သူမို့Where stories live. Discover now