အပိုင်း(၈၉)

2.6K 6 0
                                    

နုငယ် ဒီနေ့အလုပ်ရောက်ကတည်းက နေမကောင်းချင်။

သူမမျက်နှာလှလှလေးညှိုးငယ်နေသည်ကို ဆိုင်က ကောင်မလေးလေးတွေ သတိထားမိသည်အထိ။

"မမ...နေမကောင်းဘူးလား"

"အင်း...ဒီနေ့ ဘယ်လိုဖြစ်နေလဲ မသိပါဘူး ညီမလေးရယ်...ခေါင်းထဲ မူးနောက်နောက်နဲ့"

"မမ..နားနေလိုက်ပါလား....သမီးတို့ လုပ်လိုက်မယ်လေ"

မနက်ကတည်း နုငယ် ပိုးထည်တိုက်ရောက်ကတည်းက လူကျလိုက်သည့်ဖြစ်ခြင်း။

ကောင်မလေးတွေချည်း လုပ်နေတာကို ကြည့်ရင်း အားမရတော့သဖြင့် သူမပါဝင်လုပ်နေမိသည်။

နေ့လည်း (၁၂)နာရီလောက်ကျမှ လူရှင်းသွားလေတော့သည်။

လေးညိုလာပို့ထားသော နေ့လည်စာချိုင့်မှာ ကြီးမေ ဖွယ်ဖွယ်ရာရာချက်ပေးလိုက်တော့လည်း သူမ တို့တိတို့တိသာစားနိုင်သည်။

ဆိုင်မှာလူလည်း အနည်းငယ်ရှင်းသွားတော့ သူမနားနေခန်းထဲ ဝင်နားလိုက်တော့သည်။

မျက်လုံးတွေ မှိန်းနေသော်လည်း အိပ်စက်ခြင်းထိ မရောက်ရှာ။

အပြင်က ဧည့်သည်ဝယ်သူနည်းနည်းပါပါးအသံတွေကြားရတော့ သူမနိုးနေမိသည်။

နာရီကြည့်လိုက်တော့ အခုမှ နေ့လည်(၁)နာရီကျော်ကျော်။

အိမ်သို့လည်း မပြန်ချင်သေး။

နားအေးပါးအေးရှိမဲ့နေရာကို စဉ်စားလိုက်တော့ ကိုသက်ငြိမ်ရဲ့ တိုက်ခန်းကို စဉ်းစားမိသည်။

အိမ်ကို မပြန်သေးဘဲ မရောက်တာကြာပြီဖြစ်သည့် မောင့်တိုက်ခန်းမှာ တစ်ရေးလောက်မှေးစက်လိုက်မည်ဟု ကြံစည်လိုက်သည်။

"တီ......တီ......တီ.....တီ"

ကိုသက်ငြိမ်ဆီ သူ့တိုက်ခန်းမှာ ခဏဝင်အိပ်လိုက်မည်ဟု ပြောမလို့ ဖုန်းဆက်လိုက်သည်။

ကိုသက်ငြိမ် ဖုန်းမကိုင်ပေ။

သူမ စိတ်ထဲမှာတော့ ထုံးစံအတိုင်း ကားဝပ်ရှော့မှာ ပြင်ဆင်နေရသဖြင့် သူမဖုန်းကို မကိုင်အားဟု ဖြည့်တွေးပေးလိုက်သည်။

ငယ်သူမို့Hikayelerin yaşadığı yer. Şimdi keşfedin