ပြီးခဲ့သော (၃)၊ (၄)ရက်မှာ နာကျင်ကြေမွခဲ့ရသည့် ရတီစိတ်တွေက အခု ဦးဖေ ရင်ခွင်ကျယ်ကြီးအောက်ခိုဝင်လိုက်ကာမှ အတန်ငယ် သက်သာရာ ရသွားသလို။
ဦးဖေ ကိုယ်လုံးကိုကြီး မမှီမကမ်းနှင့် သူမ ဖက်ပစ်လိုက်သည်။
ပွေ့ဖက်ထားသော သူမ လက်ဟိုဖက်ဒီဖက်က မှီရုံလေးတင်။
ဦးဖေကိုယ်လုံးကြီးက ကြီးမားတုတ်ခိုင်လွန်းလှသည် မဟုတ်ပါလား။
"မွ.....မွ....မွ"
ဦးဖေက သူမ ဆံပင်တွေကြားခေါင်းတိုးဝင်ကာ နမ်းရှိုက်နေသည်။
ခေါင်းလျှော်ရည်နံ့ ချိုချိုအီအီလေးက မူးမေ့ချင်စရာ။
နှစ်ဦးသားစကားမဆိုနိုင်ဘဲ တဝကြီးဖက်ထားကြသည်။
တစ်ယောက်ရင်ငွေ့ကို တစ်ယောက်လှုံနေသည့် သဘောမျိုး။
ရတီက ညဝတ်ဇာဝတ်စုံအပါးလေးမှလွဲပြီး ဘာမှထပ်မဝတ်ထားတော့ အသားစိုင်တွေရဲ့ နူးညံ့မှုကို ဦးဖေ ခံစားသိရှိနေသည်။
"လာ...မီးလေး"
TV ရှေ့က ကြည့်နေကြ ဆိုဖာကျယ်ကြီးပေါ် နှစ်ဦးသား ထိုင်လိုက်ကြသည်။
ရတီက ဘေးမှာမထိုင်ဘဲ ဦးဖေပေါင်ပေါ် တင်ပါးလွှဲကာ ထိုင်နေသည်။
ရတီတစ်ကိုယ်လုံးကို ဦးဖေက ပွေ့ပိုက်ထားလျက်။
ဦးဖေက ချစ်ရည်ရွှန်းတဲ့ မျက်ဝတန်းတွေနဲ့ကြည့်ရင်း......
"လွမ်းနေတာ....မီးလေးရယ်"
"မီးရောပဲ....ဦးဖေ"
"မီးလေး..နေမကောင်းဘူးလား....မတွေ့ရတဲ့ (၃)ရက်လောက်မှာ မျက်နှာလေး ချောင်ကျသွားသလိုပဲ"
ရတီ ကောင်းသန့်နဲ့ ကိစ္စကို ဖွင့်မပြောရန် ဆုံးဖြတ်လိုက်သည်။
"ဦးဖေစိတ်ထင်လို့နေမှာပါ...မီး...ဘာမှမဖြစ်ပါဘူး"
နှစ်ယောက်သား ကြည့်မဝရှုမဝဖြစ်နေကြသည်။
ဦးဖေက သူ့လက်နဲ့ ရတီမျက်နှာပေါ်ကျနေသော ဆံစမျှင်လေးတွေကို သပ်တင်ပေးနေသည်။
ထိုမျှနည်းမက။
သူ့လက်တွေက ရတီ၏ ဆင်စွယ်လက်မောင်းတွေကို ပွတ်သီးပွတ်သပ်ပေးနေသည်။