ကိုသက်ငြိမ် ဝပ်ရှော့ရောက်တော့ ဟိုဟိုဒီဒီတွေးမအားတော့။
အလုပ်တွေက တောင်ပုံရာပုံချီပြီး သူ့ကို စောင့်မျှော်နေသည်။
နုငယ် ပြန်ရောက်ပါသည်ဆိုမှ မပြီးနိုင်၊ မစီးနိုင်။
အိမ်ပြန်ရောက်တော့ ည(၇)နာရီတောင်ထိုးတော့မည်။
ဘယ်သူမှလည်းမရှိတော့။
ကြီးမေလည်း ပြန်ပြီ။
သူစားဖို့အတွက် ထမင်းစားပွဲပေါ် ညစာတော့ရှိသည်။
အိပ်ခန်းထဲဝင်၊ ရေချိုးမလို့ပြင်လိုက်တော့ နုငယ်တောင် အိပ်ပျော်စပြုနေပြီ။
ကိုသက်ငြိမ် ဟိုလုပ်၊ ဒီလုပ်နဲ့ "ချွတ်..ချွတ်..ချွတ်..ချွတ်" အသံကြားတော့ နုငယ်နိုးသွားဟန် တူသည်။
"မောင် ပြန်လာပြီလား"
အိပ်ချင်မူးတူးအသံနှင့် နုငယ်။
"အင်း...အင်း"
"မောင်...ထမင်းမစားရသေးဘူးမလား နုငယ် စားပွဲမှာပြင်ပေးထားတယ်နော်...အစက မောင့်ကို စောင့်နေတာပဲ..နုမစောင့်နိုင်တော့လို့ နုနဲ့ သမီး စားလိုက်တယ်..မောင်"
"နုကလည်း..မောင်ပြောပြီးသားပဲ...နောက်ကျနေရင် မစောင့်နဲ့လို့ ပြောပြီးသားကို"
"အင်းပါ....ဒါဆို..နု အိပ်ပြီနော်...အရမ်းပင်ပန်းနေလို့"
"အင်း...အင်း"
ကိုသက်ငြိမ် မှန်းချက်နဲ့ နှမ်းထွက်မကိုက် ဖြစ်သွားသည်။
ဒီည နုငယ်နှင့် အချစ်ပွဲ အပီနွှဲရန် ပြင်ဆင်ပြီးကာမှ ခဲလေသမျှ သဲလေကျ ဖြစ်သွားရပြီ။
သို့သော် ဇနီးသည်က ပင်ပန်းလာသည်ကို သူ နားလည်ပေးရမည်လေ။
နုငယ် အိပ်နေရင်း သူ တက်လိုးလို့လည်း ရသည်ပဲ။
သို့ပေသော်ငြား သူ ထိုကဲ့သို့ မလုပ်ချင်။
သူမခမျာ အရှုပ်ထုပ်တွေ အများကြီးဖြေရှင်းလာခဲ့ရသည်။
ချစ်တင်းနှောကြသည်ဆိုသည်က နှစ်ဦးနှစ်ဖက် အပေးယူမျှမှသာ ကောင်း၏။