အပိုင်း(၁၃)

3K 9 0
                                    

"ကြွပါရှင်...ကြွပါ"

"ကိုသက်ရေ...ခင်ဗျားကို အားကျတယ်ဗျာ"

"သူငယ်ချင်း.....ညကျ အားမွေးထားနော်....ဟိ...ဟိ"

"ကောင်မ....နင်တော့ ကံကောင်းတာ.....ခစ်....ခစ်"

မင်္ဂလာခန်းမထဲ ချီးကျူးသံတွေ၊ စနောက်သံတွေနှင့် ဆူညံနေသည်။

ရတီ့ဆီက ခွင့်ပြုချက်ရသည်နှင့် ကိုသက်ငြိမ် မင်္ဂလာရက်ကို စောနိုင်သမျှ စောအောင် သတ်မှတ်လိုက်သည်။

ရတီမွေးနေ့က နိုဝင်ဘာ(၁)ရက်နေ့ဆိုတော့ ရှေ့ဆင့်နောက်ဆင့် အောက်တိုဘာ (၃၁)ရက်ကို မင်္ဂလာရက် သတ်မှတ်လိုက်သည်။

ကိုသက်ငြိမ်ရော၊ နုငယ်ရောက ကြီးကြီးကျယ်ကျယ် ထပ်မလုပ်ချင်သဖြင့် ဘုန်းကြီးကျောင်းတစ်ခုမှာ ရင်းနှီးတဲ့သူတွေကို ခေါ်ကာ မနက်ပိုင်း မင်္ဂလာဦးဆွမ်းကျွေးလုပ်လိုက်ကြသည်။

မင်္ဂလာအရောင်အဖြစ် ငွေရောင် ကိုရွေးထားသဖြင့် နုငယ်က ရင်ဖုံးငွေရောင်၊ ကြိုးကြီးချိတ်ငွေရောင်နှင့် နှင်းဆီဖြူတွေကို ဆံထိုးပေါ်ပန်ကာ လှချင်တိုင်းလှနေတော့သည်။

ကိုသက်ငြိမ်လည်း လည်ကတုံးအဖြူ၊ တိုက်ပုံငွေရောင်၊ ပိုးပုဆိုးငွေရောင်နဲ့ ပနံသင့်နေသည်။

ရတီ ဝေလေးလည်း ငွေရောင်ဖျော့ဖျော့ ရင်ဖိုးအင်္ကျီလေးနှင့် ချိတ်နုတ်လေးတွေထိုးထားသော ငွေရောင် ထမိန်နှင့် နုနယ်စွာလှပနေသည်။

ကိုသက်ငြိမ်ရော၊ နုငယ်ရော မောရမှန်းမသိ။

မျက်နှာပေါ်မှာ အပြုံးပန်းတွေနှင့်ပြည့်နှက်နေသည်။

သူငယ်ချင်းတယောက် မင်္ဂလာဦးလက်ဖွဲ့ဆိုပြီး ဒီနေ့နှင့် မနက်ဖြန်အတွက် နာမည်ကြီး 5 stars ဟိုတယ်တစ်ခုမှာ ဘိုကင်ယူပေးထားသည်။

ထိုကြောင့်ပွဲပြီးထားနှင့် သူတို့နှစ်ယောက် ဟိုတယ်ကို တန်းသွား၊ ရတီက အိမ်ပြန်ရုံပင်။

နောက်ရက်တွေဆို နုငယ်တို့အိမ်ကို ကိုသက်ငြိမ် လာနေလိမ့်မည်။

ကိုသက်ငြိမ်ရဲ့ ကွန်ဒိုတိုက်ခန်းကို လောလောဆယ် နေမဲ့သူမရှိ။

ငယ်သူမို့Where stories live. Discover now