တနင်္ဂနွေနေ့
ဒီနေ့ ရတီ ကောင်းသန့်နဲ့ တွေ့ဖို့ချိန်းထားသောနေ့ဖြစ်သည်။
အစကတော့ သူမ ကောင်းသန့်ချော့လိုက်ပါက ပြန်အဆင်ပြေပစ်လိုက်ဖို့ တွေးထားသည်။
သို့သော် သူနဲ့မတွေ့ခင်စပ်ကြားလေးမှာပဲ ဦးဖေနဲ့ အဆုံးစွန်ခရီးကို ရောက်ခဲ့မိလေသည်။
ဦးဖေရဲ့ အထိအတွေ့....
ဦးဖေရဲ့ အကြင်အနာ...
ဦးဖေရဲ့ ချစ်တတ်မှု....
ဦးဖေရဲ့ သူမအပေါ် ဆန္ဒပြည့်ဝစေမှု....
ထို့အပြင် ယောကျ်ားပီပီသသနှင့် စွမ်းဆောင်နိုင်မှု....
အိုး.......
အရာအားလုံးက သူမကို စွဲလမ်းစေမိသည်။
မဖြစ်သင့်မှန်း သိသည်။
သို့သော် သူမ ဆက်ဖြစ်ချင်နေသည်။
လူပျိုလူလွတ်လေး ကောင်းသန့် နဲ့ဆက်တွဲလျှင် အရာအားလုံးက ပန်းခင်းလမ်းကို လျှောက်ရသလို ချောမွေ့ဖြောင့်ဖြူးမယ်မှန်း သူမ သိသည်။
လူ့စိတ်ဆိုတာလည်း ခက်သားလား....
မကောင်းမှန်းသိသော အရာကိုမှ တမ်းတမ်းစွဲမိနေသည့်အဖြစ်။
သူမနဲ့ ဦးဖေ ဟိုတစ်ခါက ကွန်ဒိုတိုက်ခန်းလေးမှာ ဆန္ဒကိုယ်စီ ဖွင့်ထုတ်ကြပြီး အချစ်ခရီးလှော်ခဲ့ကြပေမဲ့ နောက်တစ်ကြိမ်တော့ အခုထိ ပြန်မတွေ့ဖြစ်။
နေ့တိုင်း အိမ်မှာတွေ့နေရတော့ အလွမ်းပြေရတာပင်။
မေမေသတိထားမိလား၊ မထားမိလားတော့ ရတီသေချာမပြောတတ်။
သေချာတာ တစ်ခုက သူမ အခုတလောအိမ်ကပ်နေသည်။
လွမ်းတဲ့စိတ်က ငယ်ထိပ်တက်ဆောင့်သည့် နေ့မျိုးဆို တိတ်တိတ်လေး ကြီးမေမသိအောင် အဝတ်လျှော်စက်နားက လျှော်မည့် အဝတ်ပုံနားသွား။
ပြီးလျှင် ဦးဖေ အင်္ကျီ ကို အပြေးလေးရှာ။
ဘေးဘီဝဲယာ လူရှင်းမရှင်း တစ်ချက်ကြည့်ကာ ကျွင်းကျန်နေရစ်သော ဦးဖေရဲ့ချွေးနံ့ကို တဝကြီးခိုးနမ်းရှိုက်ရသေးသည်။