ကိုသက်ငြိမ် ရေခဲအိတ်ကိုင်ကာ အပေါ်ထပ်ကို ပြန်တက်လာခဲ့သည်။
"သမီး...ခြေထောက်ရှေ့ကိုတိုးလိုက်"
ကိုသက်ငြိမ် ကုတင်အောက်က ကြမ်းပြင်ပေါ် ဒူးထောက်ချလိုက်သည်။
"ဦးဖေ...မလုပ်ပါနဲ့...သမီးငရဲတွေကြီးကုန်မှာပဲ"
"ဦးဖေမှာ အဲလိုတွေ မရှိဘူး..သမီးရဲ့"
ကိုသက်ငြိမ် ယောင်ရမ်းနေသော ရတီဘယ်ဖက်ခြေဖဝါးကို လှမ်းကိုင်လိုက်သည်။
ကိုသက်ငြိမ်က သူလုပ်စရာရှိတဲ့အတိုင်း လုပ်နေသော ကုတင်ပေါ်မှာ ထိုင်နေသော ရတီက အပျိုမဒန်းမလေးပီပီ ရင်တွေ အဆမတန်ခုန်နေသည်။
သူ့လက်ဖဝါးဆီက ကားပစ္စည်းတွေ သယ်လိုက်၊ ထုလိုက် လုပ်နေရသဖြင့် အသားမာတက်နေသော ကြမ်းရှရှအထိတွေ့နှင့်အတူ နွေးထွေးနူးညံ့မှုကို သူမသိရှိနေသည်။
ကိုသက်ငြိမ်က ရေခဲအိတ်ကို သူမခြေဖဝါးပေါ် တင်ပေးနေသည်။
ရေခဲအိတ်က အေးစက်နေသော်လည်း သူမတစ်ကိုယ်လုံးက ပူလောင်နေသည်။
သူမ ခြေထောက်ကို ဆုပ်ကိုင်ကာ သေချာကြပ်ထိုးပေးနေသော သူ့လုပ်ပုံကိုင်ပုံကို သူမ အပေါ်စီးကနေ မြင်နေရသည်။
"သမီး....မျက်နှာတွေပါနီလို့....ဖျားချင်နေပြီလားပဲ မှန်းစမ်း"
ကိုသက်ငြိမ် သူမ နဖူးကို အသာအယာ စမ်းသပ်လိုက်တယ်။
ကိုသက်ငြိမ်ကတော့ ဘာရယ်မဟုတ် ထိလိုက်တာပဲ။
ရတီ စိတ်တွေကတော့ တဒိန်းဒိန်းခုန်နေမိသည်။
"ကိုယ်မပူပါဘူး သမီးရဲ့"
"အင်း.....ဦးဖေ..ဒါနဲ့ သမီးသက်သာနေပါပြီ"
"ဪ...အေး...အေး...ဒါဆို ဦးဖေ ထားခဲ့လိုက်တော့မယ်...ကြီးမေဖြစ်ဖြစ်၊ သမီးမေမေဖြစ်ဖြစ် ပြန်လွှတ်လိုက်မယ်"
ကိုသက်ငြိမ် သူမအခန်းဆီမှ ထွက်ရန် ပြင်လိုက်သည်။
"ဦးဖေ"
သူခြေလှမ်းတွေ တုန့်ခနဲ့ရပ်တန့်သွားသည်။
"ဦးဖေ...အင်္ကျီ....ဒီမှာ"