"မောင်.....မောင်"
အတွေးကမ္ဘာထဲ နစ်မျောသွားသော ကိုသက်ငြိမ်ကို နုငယ် လက်တို့လိုက်ရသည်။
"မောင်ကလည်း...ခေါ်မကြား..အော်မကြားနဲ့"
"နုငယ် မရှိတဲ့ ည(၂)ညကို မောင်ဘယ်လို ဖြတ်သန်းရမလဲဆိုတာ တွေးနေတာ နုရဲ့"
ကိုသက်ငြိမ် မုသားတွေ တပြုံကြီးဆိုပစ်လိုက်သည်။
"သူ...ပိုပြီ...ခစ်.....ခစ်...မောင်ကလည်း ဒါ ပထမဆုံးအခေါက်မှ မဟုတ်ဘဲ...မောင် ကြုံဖူးနေကြကြီးကို"
"ဘယ်လောက်ကြုံကြုံ လွမ်းမိတာပဲ နုရဲ့"
"ခစ်.....ခစ်"
"ဒီတော့ မောင်တို့ မလွမ်းခင် အဝချစ်လိုက်ကြမလား"
"မောင်..ဘာတွေလဲ"
ကိုသက်ငြိမ် မျက်နှာက မဟုတ်တာ လုပ်တော့မည့် ရွတ်နောက်နောက်မျက်နှာပေးနှင့်။
ပြောပြောဆိုဆို ဝပ်ရှော့ မျက်နှာစာက သံပန်းတံခါးကို Remote နဲ့ ဆွဲပိတ်လိုက်သည်။
"မောင်"
နုငယ်မျက်နှာက အထူးအဆန်းလို။
နုငယ်တွေးလည်းတွေးချင်စရာ။
အခုဘေးပတ်ဝန်းကျင်မှာ ပြင်လက်စ ကားတွေ၊ တာရာတွေ၊ ကားပစ္စည်းတွေ တောင်ပုံရာပုံ။
"မောင်တို့ ချစ်ကြမယ်လေ"
"ဒီနေရာမှာလား....အိမ်ရောက်မှဆို ပိုမကောင်းဘူးလား မောင်ရဲ့"
"မရဘူး...မရဘူးကွာ...မောင် အခုအရမ်းချစ်ချင်နေပြီ။ မရတော့ဘူး..ဒီလူက"
"မောင်က ကလေးဆိုးကြီးလိုပဲကွာ...သဘော...သဘော..ခစ်.....ခစ်"
ကိုသက်ငြိမ် စိတ်တွေ ထကြွမယ်ဆိုလည်း ထကြွချင်စရာ။
နုငယ်ဝတ်ထားသော ပါတိတ်က ကိုယ်လုံးပေါ် ချပ်ရပ်ပြီးရှိရင်းစွဲအလှတရားတွေက တင်းရင်းနေသည်။
တစ်နေကုန် အလုပ်ပင်ပန်းထားသဖြင့် မိတ်ကပ်ပျယ်စပြုပြီး ချွေးတွေအနည်းငယ်စိုနေသောမျက်နှာလေးက တဝကြီး နမ်းရှိုက်ပစ်ချင်စရာ။
မိတ်ကပ်ပျယ်မျက်နှာက ဝင်းမွတ်တင်းပြောင်နေသည်။
ဖရိုဖရဲဖြစ်ပြီး ဆံမျှင်တွေအနည်းငယ် ရှုပ်ပွနေသည့်နုငယ်မျက်နှာက ကိုသက်ငြိမ်ရင်ကို ရမ္မက်ဆန်နေသည်။