"ဒေါက်.....ဒေါက်.....ဒေါက်"
"သမီးရေ....အိပ်ယာထတော့လေ"
ရတီ ကြားတချက် မကြားတချက်။
အိပ်ချင်မူးတူးနဲ့ ထလိုက်သည်။
အပြင်ကနေ ကြီးမေနိုင်းနေတာဖြစ်မည်။
သူမ မိန်းမကိုယ်ကနေ အနည်းငယ် နာကျင်မှုကိုတော့ အခုထိခံစားနေရတုန်း။
ဘေးကို ကြည့်လိုက်တော့ ကောင်းသန့်မရှိတော့ပြီ။
ညက ပြောထားသည့်အတိုင်း မနက်အစောကြီး ထပြန်သွားသည်နှင့်တူသည်။
"အင်းပါ.....ကြီးကြီးရေ....ထနေပြီ"
သူမ ဖရိုဖရဲဖြစ်နေသော အိပ်ယာကို နေရာတကျ ပြင်ဆင်လိုက်သည်။
သူမ မွေ့ရာခင်းပေါ်မှာ အနီရောင်သွေးကွက်တချို့တော့ စွန်းကျန်ခဲ့သည်။
သူမ ဒါကို မြင်တော့ ညက အဖြစ်အပျက်ကို ပြန်လည်သတိရသွားသည်။
ကြိုက်သလိုလို၊ မကြိုက်သလိုလို ခံစားချက်နဲ့။
သူမ ရေမိုးချိုး၊ မျက်နှာသစ်နေတုန်း အိမ်ရှေ့ကားသံကို ကြားလိုက်သည်။
ဦးဖေ နဲ့ မေမေ ပြန်လာပြီ ထင်တယ်။
သူမ အပြေးလေး ထွက်ကြိုလိုက်သည်။
"မေမေတို့ ပြန်လာပြီလား"
မေမေမျက်နှာကြည့်တာ ပန်းရောင်တောင်သန်းနေသည်။
ဘေးက ဦးဖေက မေမေပုခုံးကို ဖက်လျက်။
"အင်း....သမီးလေး....Happy birthday ငါ့သမီးလေး"
"Happy birthday ပါ သမီးရေ"
မေမေရော၊ ဦးဖေရော သူမကို မွေးနေ့ဆုတောင်းပေးလိုက်ကြသည်။
"ဒါနဲ့ သမီးလေး....အိမ်ရှေ့တံခါးဝမှာ Pooh ရုပ်အကြီးကြီးနဲ့ ပန်းစည်းတစ်စည်း မေမေတွေ့ခဲ့တယ်။ အဲဒါသမီးဟာနဲ့တူတယ်"
"ဟုတ်လား သမီးသွားကြည့်လိုက်အုံးမယ်"
ဟုတ်ပ။
ပန်းစည်ထဲက လက်ရေးက ကောင်းသန့်လက်ရေးနဲ့။
ကောင်စုတ်။