အပိုင်း(၃၈)

3.3K 6 0
                                    

ရတီ အခုတလော ဦးဖေကိုမတွေ့မိအောင် ကြိုးစားပြီးရှောင်ရှားနေတာ တစ်ပတ်လောက်ရှိရော့မည်။

စာမေးပွဲပြီးတဲ့ရက် မူးမူးနဲ့ ဦးဖေကို တအားနမ်းခဲ့တာတွေ၊ ဦးဖေက သူမကိုပြန်ပြီး အနမ်းကြမ်းကြမ်းတွေနဲ့ ပြန်လည်တုန့်ပြန်ခဲ့တာတွေကို သူမ အိပ်ပျော်ပြီး အမူးပြေသွားသည့်အချိန်တွင် ကောင်းကောင်းမှတ်မိပါသည်။

ဒါ့အပြင် ကောင်းသန့်ကို သူမ ရုတ်တရက် အဆက်အသွယ်ဖြတ်ချလိုက်တော့ သူက သူမကို နည်းလမ်းပေါင်းစုံနဲ့ ပြန်ချော့နေသည်။

ထို့နေ့က alcohol သောက်နေကျမဟုတ်လို့ အရက်ရှိန်နဲ့ လိုတာထက်ပိုပြီး ကောင်းသန့်ကို သူမမုန်းမိလိုက်တာလား။

သူဘာသာ ဟိုကောင်မလေးကို သူငယ်ချင်းလို သဘောထားပြီး ရိုးရိုးသားသားစကားပြောတာရောဖြစ်နိုင်သည်ပင်။

ဒါကြောင့် အခုသူမ အသိစိတ်ကောင်းကောင်းကပ်နေသည့်အချိန်တွင် ကောင်းသန့်ကိုပြန်ပြီးခွင့်လွှတ်ပေးဖို့တော့ တွေးထားသည်။

သို့သေည် အခုတော့မဟုတ်တော့။

တစ်ပတ်တန်သည်၊ နှစ်ပတ်တန်သည် အချိန်ဆွဲပြီး ညှင်းဆဲလိုက်အုံးမည်။

အခုက အအေးငတ်လာလို့ အိမ်အောက်ဆင်းပြီး အအေးဘူးယူလိုက်အုံးမည်။

သူမက ခဏကြာ ညအိပ်ယာဝင်တော့မှာဆိုတော့ရိုးရိုးချည်အင်္ကျီနဲ့ ဘောင်းဘီတိုအနီရဲရဲဝမ်းဆက်လေးကိုဝတ်ထားသည်။

အိပ်ခါနီးမို့လို ဘာအတွင်းခံမှ မဝတ်ထားပေ။

ဟောတော့။

အိမ်ရှေ့က ဆိုဖာမှာ ဦးဖေက ဘောပွဲကြည့်နေပါလား။

သို့သော် ခပ်တည်တည်ပဲ ဖြတ်သွားလိုက်တော့မည်။

ရုပ်သံမှာလွှင့်နေတာကတော့ မန်ယူနဲ့ ချက်ဆီးပွဲထင်သည်။

တီဗွီကနေ ရောင်ပြန်ဟပ်နေသောအလင်းရောင်မှတဆင့်မြင်နေရသော ဦးဖေမျက်နှာက မှုန်ကုတ်ကုတ်နဲ့။

လတ်စသတ်တော့ မန်ယူရှူံးနေပါလား။

ဝမ်းဇီးနဲ့။

ငယ်သူမို့Where stories live. Discover now