၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ
"တီ....တီ.....တီ....တီ"
"Hello နုပြော"
"Hello...မောင်ရေ....မောင် ညနေ(၆)နာရီလောက်ကျရင်လေး မီးလေးကျောင်းကို သွားပြီး သမီးလေးကို ကြိုပေးပါလား"
"အင်း.....ရတယ်လေ....မောင် ဘာမှ ထွေထွေထူးထူး လုပ်စရာ မရှိဘူး"
"ဦးလေးညို ကို နုက အထည်ကိစ္စနဲ့ တစ်နေရာကို ခိုင်းထားလို့။ အဲဒါ မောင် နည်းနည်းကြိုပေးနော်"
"နုရယ်....နုကိစ္စက မောင့်ကိစ္စပဲလေ။ ပြီးတော့ တခြားသူလည်းမဟုတ်...သမီးကို"
"အင်းပါ...မောင်ရယ်...ဒါဆို ကြိုပေးလိုက်နော်..ဒီဖက်မှာလည်း နည်းနည်းရှုပ်နေလို့...ချစ်တယ်..မောင် bye"
"Bye...နုလေး"
ကိုသက်ငြိမ်က ကားဝပ်ရှော့မှာ နေ့လည်းနေ့ခင်း အလုပ်ပါးလို့ ခေတ္တအနားယူနေခိုက်ဖြစ်သည်။
သူနဲ့ နုငယ် စကားပြောနေပုံကို သူ့တပည်တွေတောင် သတိထားမိသွားသည်နှင့်တူသည်။
"တို့ အာစရိများ....မိန်းမ နဲ့ပြောတာ မျက်နှာပေါ် ပုရွက်ဆိတ်တောင် တက်ကိုက်မယ်...ချိုလွန်းလို့"
"ဟေ့ကောင်တွေ....မင်းတို့ကွာ....ငါ မင်းတို့ကို ညဆိုင်းဆင်းခိုင်းလိုက်ရမယ်"
"မလုပ်ပါနဲ့ အာစရိရယ်....ကျနော်တို့မှာလည်း အိမ်ပြန်နောက်ကျရင် မျှော်နေတဲ့ မိန်းမရှိပါသေးတယ်"
"အေးပါကွာ.....မင်တို့တွေနော်.....အဟင်း....ဟင်း"
"အာစရိကလည်း.......တို့ဆရာ မိန်းမရပြီးမှ ပိုချော ပိုခန့်လာသလိုပဲ"
"တော်ပြီ....တော်ပြီ...မြှောက်မနေနဲ့....ပုံမှန်အချိန်ဆို ပြန်လို့ရပြီ ဟုတ်ပြီလား"
"မြှောက်တာမဟုတ်ဘူး..အာစရိရဲ့....တကယ်ပြောတာ"
"အေးပါကွာ....အေးပါကွာ...ကဲ...ကဲ....ပြန်စမယ်"
ကိုသက်ငြိမ် စကားစဖြတ်လိုက်သည်။
မဟုတ်ရင်လေကြောတွေရှည်ပြီး ပြီးတော့မှာ မဟုတ်။
သူကိုယ်တိုင်လည်း အခုအခြေအနေကို တော်တော်ပျော်နေပါသည်။