အပိုင်း(၂၉)

2.8K 7 0
                                    

စာမေးပွဲ ဖြေရန် ()ပတ်အလို

တနင်္ဂနွေနေ့

ရတီ ဒီနေ့မနက် သူမ သူငယ်ချင်းတစ်ယောက်နှင့် စာအတူဖတ်မည်ဆို မနက်(၉)နာရီလောက်ကတည်းက အိမ်ကနေ ထွက်ခဲ့သည်။

သူမ သူငယ်ချင်း "စုရည်သင်း" အိမ်က (၂)လမ်းကျော်လောက်ဆိုတော့ သူမ လမ်းလျှောက်ပြီး ထွက်ခဲ့လိုက်ရုံ။

လည်ပင်းလေးထောင့် Uniqlo အစိမ်းနုရောင်အင်္ကျီလေးနဲ့ ဂျင်းဘောင်းဘီ ပေါင်တိုလေးဝတ်ပြီး Adidas sneaker အဖြူလေးစီးပြီး ဖြီးလိမ်းပြင်ဆင်ခဲ့သည်။

ရွှေရင်နှစ်မြွှာက အင်္ကျီအောက်တွင် လုံလုံခြုံခြုံရှိသော်ငြားလည်း တင်းတင်းရင်းရင်း တည်ရှိနေသည်။

ဘောင်းဘီပေါင်တိုဝတ်ထားတော့ ပေါင်တံဖွေးဖွေးသွယ်သွယ်လေးက အတိုင်းသား ထင်ပေါ်လျက်။

ရွှေရင်သိမ်းသစ်စအရွယ်ဆိုတော့ ဘယ်လိုနေနေ လှနေတာပင်။

လက်ထဲမှာ ဖတ်ရန် စာအုပ်(၃)အုပ်ကို ပွေ့ပိုက်လျက်။

သူမ ဆံပင်ရှည်ရှည်ဖျော့ဖျော့လေးကို နောက်ကနေ ခေါင်းစည်းကြီး အစိမ်းရောင်လေးနဲ့ စည်းနှောင်ထားသည်။

နုနုနယ်နယ် ဆယ်ကျော်သက်အလှနဲ့ ပြည့်နှက်နေသည်။

သူငယ်ချင်းအိမ်ရောက်တော့ လုပ်ရန်ပြင်ဆင်ထားသော စာအုပ်တွေမှ မှတ်စုတွေနှင့် အပီအပြင်စာလုပ်လျက်ရှိသည်။

စာမေးပွဲနီးနေပြီ ဖြစ်သဖြင့် သိပြီးသား၊ မှတ်ပြီးသားစာများကို ပြန်နွေးရုံသာ။

တယောက်သိပ်နားမလည်သေးသော အရာများကို နောက်တစ်ယောက်က ပြန်ရှင်းပြလိုက်ဆိုတော့ စာက ခရီးတော်တော်ပေါက်လျက်ရှိသည်။

နှစ်ယောက်စလုံး ဥာဏ်ကောင်းကြသဖြင့် သိပ်အများကြီးမလုပ်လိုက်ရပေ။

(၁)နာရီခွဲလောက်ကြာတဲ့အချိန်တွင် လုပ်ရမည့်စာများ၊ ကျက်ရ၊ မှတ်ရမည့်စာများပြီးသွားတော့သည်။

ရတီ မပြန်သေးဘဲ ထွေရာလေးပါ ပြောနေကြသည်။

K-pop အဖွဲ့တွေအကြောင်း၊ Facebook က trend ဖြစ်နေသော အရာများအကြောင်း အတင်းထိုင်တုတ်နေကြသည်။

ငယ်သူမို့Where stories live. Discover now