အပိုင်း (၂၀၁) - "နုနယ်သောလူ"

1.2K 91 2
                                    

အပိုင်း (၂၀၁)

" နုနယ်သော လူ"

Translator: Sparrow Translations Editor: Sparrow Translations

ဖန်ကျန်းရှီကတော့ ရှင်ချင်းစွေ့ကို သာ စိုက်ကြည့်နေခဲ့တယ်။

တကယ်တမ်းမှာတော့ သူ့ အနေနဲ့ ရှင်ချင်းစွေ့ အကြောင်း တွေးစရာဘာမှ မ၇ှိဘူး ဖြစ်တယ်။ ဒီ လူ အကြောင်းကို ရန်၇ွှယ့် ဆီကသာ ကြားဖူးတာ ဖြစ်တယ်။ တိုက်ခိုက်ရေး စာမေးပွဲ အချီတွေမှာတော့ အတွေးအခေါ် စာမေးပွဲမှာပါ မတွေ့ဖူးခဲ့ဘူး ဖြစ်တယ်။

ဒါပေမယ့်လည်း ရှင်ချင်းစွေ့ရဲ့ တိုက်ပွဲ စိတ်ဝိဥာဉ် ပြင်းထန်လာတာကို မြင်ရချိန်မှာတော့ ဒီ လူဟာ တိုက်ပွဲတွေကို ရူးသွပ်တဲ့ စစ်နတ်ကျောင်းတော်သား ဆိုတာကို ပိုပြီးတော့ ယုံကြည်လာတယ်။

ဖြစ်နိုင်တာကတော့...

ဒီ နည်းလမ်းက စစ်နတ်ကျောင်းတော်က လူတွေ တိုက်ခိုက်တဲ့ပုံစံ ဖြစ်နိုင်တယ်။

လက်ရှိကို တိုက်ခိုက်ပြီးတော့ ရှုံးနိမ့်မှုကို ငြင်းဆိုမယ်။

တိုက်ပွဲ ထဲမှာ အရာအားလုံး ဖြစ်တည်မှု တာအိုကို နားလည်ပြီးတော့ ပြင်းထန်တဲ့ အရှိန်အ၀ါတွေကို ထုတ်လွှတ်နိုင်တာပဲ ဖြစ်တယ်။

" ဘုန်း"

ရှင်ချင်းစွေ့ရဲ့ ဥက္ကာပျံ ဓာ.းဟာ ချီလင်လှံနဲ့ ထိခတ်ပြန်တယ်။

ဒါဟာ ငါးကြိမ်မြောက် ထိပ်တိုက်တွေ့ခြင်းဖြစ်တယ်။

မရေမတွက်နိုင်တဲ့ အရှိန်အ၀ါတွေဟာ သူတို့စီကနေ ထွက်ပေါ်လာတော့တယ်။ ဘေးပတ်လည်မှာ ၇ှိတဲ့ အ၇ာတွေ ကျောက်တုံးတွေကို စက်ဝိုင်းပုံစံ အင်အားလှိုင်ေးတွက ကြေမွ အောင်စေတယ်။

ဒီ တစ်ကြိမ်မှာတော့

ရှင်ချင်းစွေ့ဟာ သုံးမီတာ ထက် နည်းစွာ နောက်ကို ယိမ်းယိုင်တာ ဖြစ်တယ်။

နောက်ဆုတ်ပြီး ကြည့်နေကြတဲ့ စာဖြေသူတွေဟာ တအံ့တသြ ဖြစ်နေကြတယ်။ ပင်းယန်နဲ့ ရှင်ချင်းစွေ့ရဲ့ တိုက်ပွဲ ကြားမှာ ဒီလို အလှည့်အပြောင်း ဖြစ်လာမယ်လို့ ဘယ်သူမ မတွေးမိဘူး ဖြစ်တယ်။

နတ်ဘုရားမုခ်ဝ အတွဲ ၂ နတ္ဘုရားမုခ္ဝ အတြဲ၂ (201-355)Where stories live. Discover now