အပိုင်း (၂၅၅) " တစ်ချက်တည်းနှင့် ရှုံးနိမ့်စေခြင်း "

339 42 0
                                    

၁ ရက်တခါ အပိုင်းသစ် တင်ပါတယ်။ Page လေးကို Like & follow လုပ်ဖို့   မမေ့နဲ့နော် ။( VIP GPလည်းရှိတယ်နော်)

အပိုင်း (၂၅၅)
“ တစ်ချက်တည်းနှင့် ရှုံးနိမ့်စေခြင်း ”
Translator: Sparrow Translations  Editor: Sparrow Translations

မျက်တောင် တစ်ခတ်စာ အချိန်အတွင်းမှာပဲ ခရမ်းရောင်အလင်းတန်းဟာ တောက်ပလာခဲ့တယ်။

ဒါဟာ အတော် ထူးဆန်းတဲ့ မြင်ကွင်းဖြစ်တယ်။

ဒီအချိန်မှာပဲ ကောင်းကင်ကနေ ပုံရိပ်တစ်ခုဟာ ဆင်းသက်လာခဲ့တယ်။

တစ်ချိန်တည်းမှာပဲ  အရိပ်မဲ့ဓားဟာ သူနဲ့ သက်ဆိုင်ရာကို တွေ့သွားသည့် အလား ခပ်တိုးတိုး မြည်သံ ပြုတော့တယ်။ အဲ့ဒီ့နောက်  လေထုကို ခွင်းပြီး ကောင်းကင်ကနေ ဆင်းသက်လာတဲ့ ပုံရိပ်စီကို ပျံသန်းသွားခဲ့တယ်။

“သေ ”  ခပ်တိုးတိုး အသံ တစ်ခုဟာ ပုံရိပ်ဆီကနေ ထွက်ပေါ်လာပြီး ကောင်းကင်ကနေေ၇တံခွန် တစ်ခု ပေါ်လာခဲ့တယ်။

ငွေမှင်ရောင် ရေတံခွန်ရဲ့ အလယ်မှာတော့  ခရမ်းရောင် အလင်းတန်းလေးဟာ တောက်ပနေခဲ့တယ်။

တောင်နဲ့ မြစ်ရုပ်ပုံလွှာ။

ခေါင်းဆောင်တွေဟာတော့ ဒီအချိန်မှာ ချီရှင်းလိန်နဲ့ ဖန်ဟို့ဒဲကို လုံခြုံအောင် လုပ်နေကြတာ ဖြစ်တယ်။  သူ့ဆီကို ဦးတည်လာတဲ့ ပုံရိပ်ကို မြင်ချိန်မှာတော့ သူဟာ ဖြူဖျော့သွားခဲ့တယ်။

ခရမ်းရောင် အလင်းတန်းရဲ့ ထက်ရှမှုကို  သူ ခံစားမိနေတယ်။  အရာအားလုံးကို ထွင်းဖောက်နိုင်ပြီး သူ့ကိုလည်း  နှစ်ခြမ်းကွဲသွားစေနိုင်တဲ့ ထက်ရှမှုကို ခံစားနေရတယ်။

သူဟာ ခုန်ရှောင်လိုက်ချင်တယ်။

ဒါပေမယ့်လည်း သူ့ရဲ့ လှုပ်၇ှားမှုကို တစ်ခုခုက ကာဆီးထားခဲ့တယ်။  ကြောက်မက်ဖွယ်  အင်အားကြီး တစ်ခုဟာ သူ့ကို  ဖိချနေသလိုမျိုး  နေရာမှာ မြဲမြဲရပ်နေခဲ့ရတယ်။  ရေစီးသန်လှတဲ့ ရေတံခွန်ကြီး အောက်မှာ ရပ်နေရသလိုမျိုး ဖြစ်တယ်။

“ မိုးနတ်မင်းရေ။” ခေါင်းဆောင်ဟာ ငယ်သံ ပါအောင် အော်လိုက်တယ်။ သူ့ရဲ့ ဦးခေါင်းကို ဖိထောက်ထားတဲ့ အင်အား တစ်ခုကို ခံစားနေရတယ်။

နတ်ဘုရားမုခ်ဝ အတွဲ ၂ နတ္ဘုရားမုခ္ဝ အတြဲ၂ (201-355)Unde poveștirile trăiesc. Descoperă acum