အပိုင်း ၃၂၁+၃၂၂+၃၂၃+၃၂၄+၃၂၅

279 27 0
                                    

အပိုင်း(၃၂၁)
“ အချိန် ကျပြီ။”
Translator: Sparrow Translations  Editor: Sparrow Translations
ဒီ အချိန်မှာ။ ကြောက်မက်ဖွယ် အရှိန်အဝါတွေ အရှင်လီချင်းဆီက ထွက်ပေါ်လာတယ်။ ဒီ အရှိန်အဝါက ဧကရာဇ် လင်းမုပိုင် နဲ့ မတူဘူး။
အကယ်၍ ဧကရာဇ် လင်းမုပိုင် ရဲ့ နဂါး အရှိန် အဝါက နေမင်းကြီး ဆိုရင်။
အရှင်လီချင်းက ပိုပြီး အင်အားကြီးတယ်။ သဘာ၀လွန် ထူးခြားတဲ့ အရှိန်အဝါ။ ဆယ်စုနှစ်ချီအောင် ပုန်းကွယ်နေတဲ့ စွမ်းအားတွေ ပေါက်ကွဲ ထွက်လာသလို ပြင်းထန် လွန်းတယ်။
ဒီလို အိုမင်းနေတဲ့ လူ တစ်ယောက်မှာ။ ဒီလို အရှိန်အဝါတွေရှိနေတယ်။ ဘယ်သူ ထင်မိမှာလဲ။
ဧကရာဇ် လင်းမုပိုင်တောင် ဒီ အရှိန်အဝါကြောင့် မျက်လုံး ပြူးနေတယ်။ သူ့ဦးလေးကို ကြည့်ရင်းနဲ့။ မျက်လုံး အေ၇ာင်တွေ တောက်ပလာတယ်။
အရင် ဧကရာဇ်မှာ မွေးချင်း ၈ ယောက် ရှိတယ်။  နတ်ရွာစံ သွားချိန်မှာ။ အကိုတစ်ယောက်ပဲ ကျန်ခဲ့တယ်။ ဒီ တစ်ယောက်တည်းသော သူက အရှင် လီချင်း။ ကြီးမြတ်သော ရှ မင်းဆက် စစ်တပ်ကြိးကို ဦးဆောင် ခဲ့ တဲ့ သူ။
“ ဦးလေး ။ အဆင်သင့်ဖြစ်ပြီလား….။” ဧကရာဇ် လင်းမုပိုင် မျှော်လင့်တကြီး နဲ့ မေးတယ်။ သူ့ မျက်၀န်းတွေမြှ လေးစား မှုတွေ ပြည့်နှက်နေတယ်။
ဧကရာဇ် တစ်ပါးအနေနဲ့။….
သူ့ ပလ္လင်ကို ခြိမ်းခြောက် လာတဲ့ အရာ မှန်သမျှကို သူ ဖယ်ရှား ပြစ်သင့်တယ်။
ဒါပေမယ့် သူ မလုပ်ခဲ့ဘူး။  တွေးတောင် မတွေး ခဲ့ဘူး။ ဘာကြောင့် လဲ ဆိုတော့ သူ့ အေ၇ှ့မှာ ဒီလို အရှိန်အဝါတွေ ထုတ်နေတာ အရှင်လီ ချင်း ဖြစ်နေတယ်။
အင်ပါယာ အတွက် နယ်မြေသစ်တွေ ရှာပေး ခဲ့တဲ့ အရှင်လီချင်း။ မဟာစစ်သူကြီး။
“ ငါက ထိပ်ဆုံးကို ရောက်နေပြီ။ ဒါပေမယ့် အခွင့်အရေးကတော့ လွဲနေတုန်းပဲ။ ” အရှင်လီချင်း ချက်ခြင်း အမူအယာ ပြောင်းသွားတယ်။ သူ့ မျက်လုံးတွေ မှုန်၇ီ ေ၀၀ါး လာတယ်။ အသံကတော့ ကြမ်းရှရှ။
“ ဦးရီးတော် ကျွန်တော့် အကူအညီ လိုလား။ ” တူ တစ်ဦး အနေနဲ့ ဧကရာဇ် လင်းမုပိုင် မေးတယ်။ အရှင်လီချင်းကို သူ့ အကြီးအကဲ တစ်ယောက် လိုပဲ မြင်တယ်။
“ အချိန် မကျသေးဘူး။ ငါ့အထင် ဒီ အဖြေလွှာတွေ အကြောင်း မေးဖို့ ရှိနေတာ ဖြစ်မယ်။” အရှင် လီချင်း ခေါင်းခါ ရင်း ပြန်ဖြေတယ်။ အဖြေလွှာတွေကို ဧကရာဇ် လင်းမုပိုင် ဆီ ပြန်ပေးတယ်။
“ ဟုတ်ပါတယ်။ ဦးရီးတော် ဘယ်လို မြင်လဲ။”
“ ပထမဆုံး တစ်ခုကတော့ အတော်ကောင်းတဲ့ စာလွှာပဲ။ သူ့အတွေးအခေါ် တွေကို သက်သေ အခိုင်အမာ နဲ့ ရေးထားတာ။ သူ့ ရဲ့ စာလွှာက ရှင်းလင်း သေသပ်တယ်။ နောက် စာလွှာ ၂ခုသာ မရှိရင် ။ ဒီ စာလွှာက ထိပ်တန်း ဖြစ်မှာပဲ။” အရှင်လီချင်း ရှင်းပြတယ်။
“ ဦးရီးတော် ပြောတာကို ကျွန်တော် သဘောတူတယ်။ ဒါပေမယ့် နောက်ဆုံး ၂ ခုက….” ဧကရာဇ် လင်းမုပိုင် တစ်ချက်ကြည့်ရင်း ပြောတယ်။
“ ညီတူညီမျှ ကောင်းနေတယ်။”
“ ဦးရီးတော်လည်း ဒီလို ထင်တာလား။”
“ ဟုတ်တယ်။”
“ဒါကြောင့် ဆုံးဖြတ်ဖို့ ခက်နေတာပဲ။ ညီလာခံ စာမေးပွဲမှာ တစ်ယောက်တည်းပဲ ထိပ်တန်း ဖြစ်သင့်တယ်။ တစ်ယောက်ယောက်ကို အနိုင်ရသူ အဖြစ် ရွှေးရမယ်။”
“ အကယ်၍ တစ်ယောက်ကို ရွေးလိုက်ရင်။ ဘယ်လို စိတ်မျိုးနဲ့ ဒီစကားလုံး တွေကို ေ၇းလဲ တွေးရတော့မယ်။ ဒီ စာလွှာအပေါ် ထားတဲ့ အတွေးကို စဉ်းစား ရမယ်။ ဒုတိယ တစ်ခုက အပြစ်အနာအဆာ မရှိဘူး။ စကားလုံးတိုင်း စာကြောင်း တိုင်းက စင်းလုံးချောပဲ။ ငါ သေချာ ရှာတာတောင် ပြောင်းစရာ ရှာ မတွေ့ဘူး။ ”
“ ဒါက ကျွန်တော့် အတွေးနဲ့ ထပ်တူပဲ။”
“ တတိယ တစ်ခုမှာ အပြစ် အနာအဆာ နည်းနည်း ရှိတယ် ။ အစပိုင်းမှာပဲ။ အဆုံးသတ်ကတော့ ပြီးပြည့်စုံတယ်။ ခြောက် နိုင်ငံ အကြောင်း သူ ရေးထားတာ အမှားအယွင်း မရှိဘူး။ ဒါကို ဖတ်တာနဲ့ သူ ပြောချင်တာကို တန်း မြင်ရတယ်။ လုံး၀ကို တောက်ပနေတဲ့ အဖြေလွှာပဲ။” အရှင် လီချင်း ထပ်ပေါင်း ပြောတယ်။
“ဒါဆိုရင် ဒီ အဖြေလွှာ နှစ်ခုကို ဘယ်လို အဆင့် သတ်မှတ်သင့်လဲ။ ဦးရီးတော် ရဲ့ အမြင်ကကော။”
“ ဒီ အဖြေလွှာ နှစ်ခုက တကယ့်ကို လက်ရည်ညီတယ်။ နှစ်ခု ပေါင်းမှ အကာင်းဆုံး ဖြစ်လိမ့်မယ်။ ငါ့ကို တစ်ခု ေ၇ွးခိုင်းရင်တော့ တတိယ အဖြေလွှာကို ရွေးမှာပဲ။ ဒါပေမယ့် မင်းကတော့ ဒုတိယ တစ်ခုကို ေ၇ွးမှာ။ ငါသိတယ်။” အရှင်လီချင်း ပြန်ဖြေတယ်။
“ အရင်တုန်းက ဒီလို မေးခွန်းတွေ မေးတဲ့ အချိန် ။ ဦးရီးတော် က အမြဲ ဝေ့လည် ကြောင်ပတ် ဖြေတယ်။ ဒီနေ့တော့ ဘာလို့များ ဒီလောက် ထိ ဒဲ့တိုး ဖြေနေတာလဲ။” ဧကရာဇ် လင်းမုပိုင် မေးတယ်။
“ ဟဟ ား…. ဧကရာဇ် မင်းက ဒီ အဖြေလွှာတွေကို စစ်ဆေးဖို့ ချိတ်ပိတ်နေတာ။ ဒီ အဖြေလွှာ သုံးခုကို ကြည့်ဖို့ အချိန်မှ ဆင့်ခေါ်တယ်။ ဒါက တရားမျှဖို့့ အတွက်ပဲ မဟုတ်ဘူးလား။ ဒါက ဧကရာဇ် မင်း လိုချင် တာ ဆိုရင် ။ ပေးရမှာပေါ့။”
“ နားလည်ပါပြီ။ ကျေးဇူးပါ ဦးရီးတော်။”
“ သွားခွင့်ပြု ပါအုန်း။”
“ ဦးရီးတော်…”
“ ဧကရာဇ် မင်း တစ်ခုခု လိုအပ်တာ ရှိသေးလို့လား။”
“အတားအဆီး တွေကို ဖြတ်မယ် ဆိုရင် …… တစ်ခုလောက် တောင်းဆို လို့ ရမလား။”
“ အ၇ှင်ဧကရာဇ် တောင်းဆို တာက …. အတော်လေး ခက်ခဲ ပါတယ်။” ဧကရာဇ် လင်းမုပိုင်ကို ကြည့်ရင်း အရှင်လီချင်း ခေါင်းခါတယ်။ သူ့မျက်လုံးတွေ တိမ်ဖုံး သလို ရီဝေ နေတယ်။
“အတားအဆီကို ကျော် ဖြတ် နိုင်တာတောင်။ ဒါကို မလုပ်နိုင် ဘူးလား။” ဧကရာဇ် လင်းမုပိုင် စိတ်ပျက်လက်ပျက် ဖြစ်နေတယ်။
ဒါက ဧကရာဇ် မင်း တစ်ပါး ပြသင့်တဲ့ အမူအယာ မဟုတ်ဘူး။  ဒါပေမယ့် ဒီလို အမူအယာ လုပ်ပြနေတာ။ သန့်စင်ပြီး မရင့်ကျက်သေးတဲ့ လူငယ်လေး တစ်ယောက်လိုပဲ။
“ ငါလည်း မသိဘူး။” အရှင်လီချင်း ခေါင်းခါတယ်။
“ယွဲ့ အာကို မတွေ့ရတာ ဆယ်နှစ်။ ငါးလ နဲ့ ၂၃ ရက် ရှိပြီ ။ ဦးရီးတော်။ ပင်းယန်လေး အသက် ၃ နှစ်ခွဲမှာ သူထွက် သွားခဲ့တာ။ ဆယ်နှစ်တာ အတွက် ကတိက၀တ်ထားခဲ့တယ်။ ဒါပေမယ့် အခုတော့ ငါးလ နဲ့ ၂၃ ရက်တောင် ကျော် သွားပြီ …..” ဧကရာဇ် လင်းမုပိုင် နာကျင်နေတဲ့ အမူအယာ နဲ့ ပြောတယ်။
“ အတော်လေး ကြာခဲ့ပြီ။ ဒါပေမယ့် ဧကရာဇ် ဖြစ်လာဖို့ ေ၇ွးချယ်ပြီးတည်းက ။ ဒီ ကိစ္စ အတွက် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင် ထားသင့်တယ်။” အရှင်လီချင်း သက်ပြင်းချတယ်။
“ ကျွန်တော် သိပါတယ်။ ဒါပေမယ့်…..”
“ အကောင်းဆုံး ကြိုးစား ပေးပါမယ်။”
“ ကျေးဇူးပါပဲ ဦးရီးတော်။”
“ သွားခွင့်ပြုပါ။”

တော်၀င် ဘွဲ့ နှင်းသဘင် ခန်းမ ရဲ့ တံခါးတွေ ပွင့်လာပြီ။ အရှင်လီချင်း ထ ွက်လာတယ်။ အမတ်မင်းတွေ သံသယ အပြည့်နဲ့ ကြည့်နေတယ်။
ဒီနေ့က ညီလာခံစာမေးပွဲေ အာင်စာရင်း ထွက်မယ့် နေ့။ အရှင်လီချင်း ရောက်လာတာ အံ့သြစရာပဲ။
အရှင်လီချင်း တစ်ယောက်တည်း ထွက်လာတယ်။ ထုံးစံ အရ အရှင်လီချင်း ကို လိုက်ပို့ ဖို့ တစ်ယောက်ယောက် လွှတ်တယ်။
ဒါပေမယ့် အခုတော့ ….

တော်၀င်ဘွဲ့ နှင်းဘသင် ခန်းမ ထဲမှာ လှုပ်ရှားမှု အရိပ်အယာင်တစ်ခုမှ မရှိဘူး။
အရှင်လီချင်း တစ်ယောက်တည်း ၀င်လာတယ်။ တစ်ယောက်တည်း ပြန်ထွက်လာတယ်။ ခန်းမထဲမှာ တစ်ယောက်မှ မရှိခဲ့သလိုပဲ။
အောင်စာ၇င်း စောင့်နေကြတဲ့ ကျောင်းတော်သားတွေ လန့်နေပြီ။
အရှင်လီချင်း ထွက်လာပြီလား။ ဆွေး နွေးတာ ပြီးသွားပြီလား။ ဘာတွေများ ဆွေးနွေးခဲ့လည်း။ ညီလာခံ စာမေးပွဲ နဲ့ ဆိုင်လား။
ဒါမှ မဟုတ်။
တခြား တစ်ခုခု ပြောတာလား။
မေးခွန်းတွေ အတွေးထဲမှာ ပလူပျံလာတယ်။ အဖြေကား မရှိ ။
အရှင်လီချင်းရဲ့ အမူအယာကို ဖတ်ဖို့ ဝူဖုန်း ကြိုးစားတယ်။ ဒါပေမယ့် စိတ်ပျက်စရာပဲ။ အရှင်လီချင်းက အေးဆေးလွန်းတယ်။
ကန်ရေပြင်လို တည်ငြိမ်တယ်။
သူ့ မျက်လုံးတွေကတော့ ရီဝေနေတယ်.။ အရှင်လီချင်း။ ဝူဖုန်းကို လေးစားတယ်။ ဒါပေမယ့်လည်း မသင်္ကာ ဖြစ်မိတယ်။
“ဆရာက အရှင်လီချင်းကို မလေးမစား မလုပ်ဖို့ ပြောထားတယ်။ ဒါပေမယ့် ဆရာက သုခမိန်လေးယောက် တည်းက တစ်ယောက်လေ။ ဧကရာဇ် နဲ့ အဆင့် အတန်းညီတယ်။ ဒါပေမယ့် ဘာလုိ့ အရှင် လီချင်း ကိုမှ သတိ ပေးထားတာလဲ။ အရှင်လီချင်းကကော သုခမိန် တစ်ယောက်ပဲလား။ ခန်းမကြီး တစ်ခု။ သုခမိန် လေးဦး။ ကျောင်းတော် ဆယ့်သုံးခု။ ဒါဆို သုခမိန်က လေးယောက်ပဲ ရှိမှာ။ အကယ်၍ အရှင် လီချင်းသာ သုခမိန် ဖြစ်ခဲ့၇င်။ နေရာ တစ်ခုတော့ ပါသွားပြီ”
၀ူဖုန်း တကယ့်ကို နားမလည်နိုင်ဘူး။ ဒါပေမယ့် တလေးတစား နဲ့ ဦးညွှတ်တယ်။
အရှင်လီချင်း ဖြည်းဖြည်းချင်း ထွက်လာတယ်။  အမတ်မင်းတွေနဲ့ ကျောင်းတော်သား တွေကို ကျော်သွားတယ်။ အဲ့ဒီ့နောက် အေ၇ှ့ တံခါးကနေ ပျောက်ကွယ်သွားတယ်။
အရှင်လီချင်း ထွက်သွားတဲ့ အချိန် မောင်းသံ ပေါ်လာတယ်။
“ ဒုန်။”
နန်းတော်တစ်ခုလုံးကို ပဲ့တင့်ထပ်သွားတယ်။
အမတ်မင်းတွေနဲ့ ကျောင်းတော်သားတွေ သိသိသာသာကို စိတ်လှုပ်ရှားလာတယ်။
ဒီ အသံက သူတို့ စောင့်နေတဲ့ အသံပဲ။ အောင်စာရင်း ကြေည်ာတော့မယ်။
၀ူဖုန်း စိတ်လှုပ်ရှားလွန်းလို့ တုန်ယင်နေပြီ၊ နန်ကုန်းဟောင်။ ဖန်ကျန်းရှီ။ ဝူဖုန်း ။ သူတို့ သုံးယောက် ဧကရာဇ် နဲ့ မတွေ့ရဘူး။
“သူတို့ သုံး ယောက်လုံး မအောင်နိုင်ဘူး။”
ဒါက ကြားဖူးသမျှထဲ အကောင်းဆုံး သတင်းပဲ။
ညီလာခံ စာမေးပွဲကို ဝူဖုန်း လာဖြေတဲ့ အချိန်တုန်းက ။ ထိပ်သီး ဖြစ်ကိုဖြစ်ရမယ် လို့ သူ ရည်ရွယ် ထားခဲ့တယ်။ သူ့မှာ ဒီလို အရည်အချင်း ရှိမှန်း ယုံကြည်တယ်။
ဒါပေမယ့် ….
နန်ကုန်းဟောင် ၀င်ပြိုင်မှာ သူကြားတော့။ ပထမဆုံးအကြိမ် ယုံကြည်ချက် မရှိ ဖြစ်မိတယ်။
ဒါကြောင့် နိုးထနဂါး အဆင့်သုံး ချင်းယန်ကို သူ စိန်ခေါ်တယ်။ သူ လုပ်ချင်တာက ကိုယ့်ကိုယ်ကို ယုံကြည်ချက် ပြည့်၀ အောင်ပဲ။
သူ အခု ဘယ်အဆင့် ေ၇ာက်နေပြီလဲ သိချင်တယ်။
ချင်းယန်ကိုအေးအေးဆေးဆေး နိုင်ခဲ့တယ်။
ယုံကြည်မှုတွေ ပြန် ခိုင်မာလာတယ်။ ဒါပေမယ့် အတွေးအခေါ် စာမေးပွဲမှာ။ နန်ကုန်းဟောင်ရဲ့ အရည်အချင်း စစ် ကို သူ မြင်လိုက်ရတယ်။
နန်ကုန်းဟောင်က တောက်ပလွန်းတယ်။ သူ့ မျက်လုံးတွေတောင် မဖွင့်နိုင် လောက်တဲ့ အထိ တောက်ပတယ်။
သူ့ ယုံကြည်ချက်တွေ ဇောက်ထိုး ကျ ပြန်တယ်။
စိတ်ပိုင်း ဆိုင်ရာ ပြင်ဆင်ထားတယ်။ အကယ်၍ ပထမ နေရာကို မရ နိုင်ရင်။ ဒုတိယ နေရာတော့ ရ သင့်တယ်။ နောက်ဆုံးတော့ နန်ကုန်းဟောင်က နိုးထ နဂါး အဆင့် နှစ် ။
ဒုတိယ နေရာ ရတာ ရှက်စရာမှ မဟုတ်တာ။ ပြိုင်ဘက်က နန်ကုန်းဟောင် ဖြစ်နေရင် ပိုပြီးတော့တောင် မလိုသေး။ ဒါပေမယ့် ဒီနေ့တော့ သူ ကြား ခဲ့ပြီ။ နန်ကုန်းဟောင်က ဧက၇ာဇ်နဲ့ မတွေ့ခဲ့ဘူး။ ဒါဆို ထိပ်တန်း ဆယ်ယောက်ထဲ မ၀င်တာပဲ။
နန်ကုန်းဟောင် သူ နဲ့ ဘယ်လို တိုက်ခိုက် နိုင်မှာလဲ။ ။
အခုတော့ သူ နိုင်ပြီလေ။ ဘယ်လိုများ စိတ်မလှုပ်ရှားပဲ နေမှာလဲ ။ ဝူဖုန်း သံသယ အပြည့်နဲ့ နန်ကုန်းဟောင်ကို လှမ်းကြည့်တယ်။ နန်ကုန်းဟောင်က အရင်အတိုင်း အေးဆေး နေတုန်းပဲ။ ဘယ်အရာကမှ သူ့ကို မသက်ေ၇ာက်နိုင်ဘူး။
“ဟမ့်… . ဆက်ပြီး သရုပ်ဆောင်လိုက်ပါအုန်း။” ဝူဖုန်း သူ့ ဘာသူ တွေးမိတယ်။ ရလဒ်တွေ ထွက်လာတာ နဲ့ ဒီလို မတည်ငြိမ် နိုင်တော့ ဘူး။
သူတွေးနေတဲ့ အချိန် တော်၀င်ဘွဲ့ နှင်းသဘင် ခန်းမ တံခါး ပွင့်လာတယ်။ အမွှေးနံ့တွေ အတွင်းကနေ ပျံ့လွင့်လာတယ်။
“ဧကရာဇ် သက်တော် ရာကျော် ရှည်ပါစေ။”
အမတ်မင်းတွေ အားလုံး ဒူးထောက်ရင်း ၀ပ်တွားဦးညွှတ်ကြတယ်။ ကျောင်းတော်သားတွေလည်း တစ်ပုံစံတည်း နှုတ်ဆက် ကြတယ်။
“ထကြပါ။” ဧကရာဇ် လင်းမုပိုင် မိန့်ကြားတယ်။
ေ၇ွှရောင် ထီး အကြီးကြီး ပါတဲ့ ပလ္လင် တစ်ခုကို အစေခံ တွေ မလာတယ်။ ဧက၇ာဇ် လင်းမုပိုင် ပလ္လင်ပေါ်မှာ ထိုင်တယ်။ ဧကရာဇ် လင်းမုပိုင် ကျောင်းတော်သားတွေကို ထပ်ခါ ထပ်ခါ ကြည့်တယ်။
သူ့ အမူအယာ ပြောင်းသွားတယ်။
အကြောင်းရင်းကတော့ ရှင်းတယ်။ ဒီမှာ လူတစ်ယောက် ပျောက်နေတယ်။ ဒါပေမယ့် ဧကရာဇ် လင်းမုပိုင် မမေး ဘူး။
၀န်ကြီး ယွီကို တစ်ချက်ကြည့်တယ်။
၀န်ကြီးယွီ ချက်ခြင်း စဉ်းစားတယ်။ ဧက၇ာဇ် မင်း ဘာပြောချင်နေတာလဲ။ ဖန်ကျန်းရှီ မရှိတာကို ပြောချင်တာလား။
မဟုတ်လောက်ဘူး…. ဖန်ကျန်းရှီက ဧကရာဇ် နဲ့ မတွေ့ရဘူး ကြားတယ်။ ဒါဆို ထိပ်တန်း ၁၀ ယောက်ထဲ မ၀င်တာ မလား။ ဧကရာဇ်က ဖန်ကျန်းရှီ အကြောင်း မေးတာ ဘယ်ဖြစ်နိုင်မလဲ။
ဒါဆိုရင် ….. အကြောင်းရင်းက ရှင်းပြီ။
အောင်စာရင်း ကြေညာဖို့ပဲ ဖြစ်ရမယ်။
သမိုင်းတစ်လျှောက်။  တော်၀င် သတင်းပို့သူ အကြီးအကဲက အောင်စာရင်းကို ကြေညာရမှာ။ ဒါပေမယ့် အခုတော့ တော်၀င်သတင်းပို့သူ အကြီးအကဲက ထောင်ထဲ ရောက်နေတယ်။
အသက်ရှင်နေပေမယ့် ။ နောက်ဆုံးတော့ ကွက်မျက်ခံ ၇မှာပဲ။
အခုလောလောဆယ် စုချင်းက ယာယီ တာ၀န်ယူထားတယ်။
အဆင့်လေး အမတ်မင်း တစ်ယောက်။ ဒီလို ပွဲတော်ကြီး အတွက် အောင်စာရင်းကို ကြေညာဖို့ မသင့်တော်ဘူး။
သူ နားလည်သွားပုံပဲ။
ချက်ခြင်း အမတ်မင်း အုပ်စုထဲက ထွက်တယ်။ ဧက၇ာဇ် မင်းဆီကို ထွက်သွားတယ်။ လက်ကို တလေးတစား ဆန့်ထုတ်ရင်း ဧက၇ာဇ် လင်းမုပိုင်ေ၇ှ့မှာ ရပ်တယ်။
ဧကရာဇ် လင်းမုပိုင် မျက်လုံးပြူးသွားတယ်။ ၀န်ကြီးယွီ ဘာလာလုပ်တာလဲ။
ဘာတွေ တွေးနေတာလဲ။
သူမေးတော့မယ့် အချိန် ။ ဖြစ်နေတာကို နားလည်သွားတယ်။
၀န်ကြီးယွီက အောင်စာရင်း ကြေညာတာ ကူညီ ပေးမလို့ပဲ။
ဧကရာဇ် လင်းမုပိုင် အမတ်မင်း တစ်ယောက်ယောက် ကို အောင်စာရင်း မကြေညာခိုင်းစေချင်ဘူး။ အခုလို အဖြစ် မျိုးကို မမျှော်လင့်ထားဘူး။
တော်၀င်သတင်းပို့သူ အကြီး အကဲ မရှိတာ တကယ့် ပြဿနာ ကြီးပဲ။
ဒါပေမယ့် သူ့မှာ ၀န်ကြီး ၆ ပါးရှိနေသေးတယ်။ အိမ်ရှေ့စံ မင်းသားလည်း ရှိတယ်။ နောက်ပြီးတော့ လက်ယာရံ ၀န်ကြီးလည်း ရှိတယ်.။
အခုတော့ လက်ဝဲရံ ၀န်ကြီးက တောင်းနေပြီ။ ဧက၇ာဇ် လင်းမုပိုင် အမူအယာ ပြောင်းသွားတယ်။ အဆုံးသတ်မှာတော့ စာလွှာကို သူ ပေးလိုက်တယ်။
သူ့လက်ထဲ ရောက်နေတဲ့ စာလွှာကို ယွီယိဖျင် ကြည့်နေတယ်။
ရလဒ်ကို ကြေညာတာက တော့ ကိစ္စ သေးသေးလေး။ ဒါပေမယ့် ဧကရာဇ်က သူ့ကို တော်၀င် ကျောင်းတော် အုပ်ချုပ် စေချင်ပြီ။
သူ့ စိတ်ထဲ ပီတိဖြာလာတယ်။
“ အဟမ်း”၀န်ကြီး ယွီ ချောင်းဟန့်တယ်။ အောင်စာ၇င်း ကြေညာဖို့ ပြင်တယ်။
အပိုင်း (၃၂၁) ပြီး၏။

နတ်ဘုရားမုခ်ဝ အတွဲ ၂ နတ္ဘုရားမုခ္ဝ အတြဲ၂ (201-355)Where stories live. Discover now