အပိုင်း (၂၃၅) " ရွာသား တွေက ပြဿနာ ကောင်တွေပဲ။"

486 56 1
                                    

အပိုင်း (၂၃၅)
“ ရွာသား တွေက ပြဿနာ ကောင်တွေပဲ။”
Translator: Sparrow Translations  Editor: Sparrow Translations

မြောက်ရွာရဲ့ ဓလေ့ဟာတော့   ပွဲတော် တစ်ခုရှိတိုင်း  မိသားစုတွေဟာ  ရွာကွင်းပြင်မှာ စုဝေးစားသောက်ကြတာ ဖြစ်တယ်။ေ၇ာင်စုံ အစတွေလွှားထားပြီးတော့   ပင်ပျိုပန်းတွေပါစီထားတာလည်းရှိတယ်။

ဒါကြောင့် ရွာကွင်းပြင်က အသံတွေကို ကြားချိန်မှာတော့ ဖန်ကျန်းရှီ က ပျော်၇ွှင်လာခဲ့တယ်။  ဘယ်မိသားစုကများ မင်္ဂလာဆောင်တာလဲ။

ငါတော့ အချိန်ကိုက်ရောက်လာတဲ့ ပုံပဲ။

ဖန်ကျန်းရှီက အတော်လေးကို ပျော်ရွှင်လာခဲ့တယ်။

“   အိမ်ရောက်တာနဲ့ ကောင်းကောင်းစားရမယ်။”

ဖန်ကျန်းရှီ က အိမ်ထမင်း အိမ်ဟင်းတွေကို လွမ်းနေခဲ့တာ ကြာပြီ ဖြစ်တယ်။   ချီကူယန်ကို   အိမ်ခေါ်လာချိန်မှာတော့ အိမ်တံခါးတွေ အကုန်လုံးဟာ ပိတ်ထားပြီးတော့   မီးအမှောင်ချထားခဲ့ကြတယ်။

ဖန်ကျန်းရှီကတော့ မအံ့သြသွားခဲ့ဘူး။  ရွာထဲမှာ မင်္ဂလာဆောင်ရှိလို့သာ သူ့မိဘတွေ ရွာကွင်းပြင်ကို  ရောက်နေကြတာ ဖြစ်မယ်။

ငါ ဘာလုပ်မလို့လဲ။   တံခါးတွေက ပိတ်ထားတာကို

ငါက နံရံဖောက်ထွက်မလို့လား။   နောက်တော့် ပြန်စဉ်းစားလိုက်ပြီး အိမ်တံခါးက အုတ်တစ်လုံးကို  ဖယ်ကြည့်လိုက်တယ်။ ထင်တဲ့ အတိုင်းပဲ သော့ရှိနေတယ်။

တံခါး ဖွင့်ပြီးနောက်မှာတော့  မြင်းဇောင်းထဲမှာ မြင်းတွေကို သက်တောင့်သက်သာ ဖြစ်အောင် နေရာချပြီးတော့  ၇ွာကွင်းပြင်ဆီကို ထွက်ခဲ့တော့တယ်။

ချီကူယန်လည်း မြောက်၇ွာမှာ အချိန် အတော် နေခဲ့ဖူးတာကြောင့် ဖန်ကျန်းရှီကို မမေးတော့ပဲ လိုက်လာခဲ့တယ်။

သူတို့ ရွာကွင်းပြင်ကို မရောက်ခင်မှာပဲ  အသားကင်နံ့တွေကို အဝေးကနေ ရနေရတယ်။

ကြည့်ရတာ  အများကြီး ကင်ထားပုံပ။

အသံတွေဟာတော့  အလယ်ဘက်ကနေ လာတယ်။

နတ်ဘုရားမုခ်ဝ အတွဲ ၂ နတ္ဘုရားမုခ္ဝ အတြဲ၂ (201-355)Where stories live. Discover now