အပိုင်း (၂၄၇) " အလှည့်အပြောင်း"

390 49 1
                                    

အပိုင်း (၂၄၇)
" အလှည့်အပြောင်း"
Translator: Sparrow Translations Editor: Sparrow Translations

" လိမ်နေတာက မင်းပဲ။ လွန်ခဲ့တဲ့ ၁၂ တုန်းက ငါ ၃ နှစ်သားပဲ ရှိသေးတယ်။ ငါက သူတို့ ဘုရင်ကို သတ်တယ်ဆိုတာ ဘုရင်တစ်ပါးကို စော်ကားမော်ကားလုပ်တာပဲ မဟုတ်ဘူးလား။ ဒါမှ မဟုတ်။ မင်း က မင်းအပြစ်တွေကို င့ါဆီလွှဲချနေတာလား။ ဖန်ကျန်းရှီ ရဲ့ အကြည့်တွေဟာတော့ အေးစက်လာတော့တယ်။

ရှန်ကျာ့ ၇ဲ့ အဖြေကို သူ ခန့်မှန်းပြီးသား ဖြစ်တယ်။ ရှန်ကျာ့က တကယ့်ကို အပြစ်မရှိဘူး ဖြစ်တယ်။. ဒါပေမယ့် ဘယ်သူ ဂရုစိုက်မှာလဲ။ ဖန်ကျန်းရှီက ဒီလို ပြန်ဖြေသံကို စောင့်နေခဲ့တာ ဖြစ်တယ်။

" အာဝူးးး" တစ်ထောင်ခန့်သော မီးတောက်ပြာမြေခွေးတွေဟာ ဖန်ကျန်းရှီ ရဲ့ စကားသံကို ကြားချိန်မှာတော့ အေးစက်စွာ အူလိုက်ကြတယ်။

အုပ်စုလိုက်နေတဲ့ သားရဲတွေ ရဲ့ အသိဥာဏ်ဟာ တခြားသော သားရဲကောင်တွေ ထက် ပိုပြီးတော့ မြင့်မားတယ်။ ဒီ အချိန်မှာတော့ သူတို့ရဲ့ အူသံတွေဟာ ဒေါသတွေ နဲ့ ပြည့်နှက်နေခဲ့တယ်။

"အကယ်၍ ငါသာ သူတို့ရဲ့ ဘုရင်ကို တကယ် သတ်ခဲ့၇င် ဒီသားရေကို ထုတ်ပြပြီးတော့ ဒီ အဖြစ်ကို ပြောစရာ လိုသေးလား။ မင်းရဲ့ ထိန်းချုပ်မှုကို ခံနေတဲ့ သူတွေကတော့ အသိစိတ်မဲ့နေတယ်ထင်လို့လား။" ဖန်ကျန်းရှီဟာ ဒီ စကားကို ပြောချိန်မှာတော့ သူ့ စိတ်ဟာ မခံမရပ်နိုင်ဖြစ်နေပုံပါပဲ

တစ်ထောင်သော မီးတောက်မြေခွေးပြာတွေ ရဲ့ မျက်လုံးတွေဟာ နီရဲလာခဲ့ကြတယ်။

ရှန်ကျာ့ရဲ့ အမူအယာဟာလည်း ပြောင်းလဲ သွားတော့တယ။်

မီးတောက်မြေခွေးပြာ ဘုရင် သတ်ခံ လိုက်ရတာနဲ့ ပတ်သက်ပြီးတော့ သူတကယ်ပဲ မတွေးတတ်ဘူး။ ဖန်ကျန်းရှီက သားရေကို သုံးပြီးတော့ သူ့ကိုအပြစ်ဖို့မယ်လို့ လည်း မထင်ထားခဲ့ဘူး။

လုံးဝကို မှားယွင်းနေမှုကြီး ကို သူခံစားနေရပြီ။

သူဟာ ကိုယ်ဝန်သည် အမျိုးသမီးရဲ့ ဗိုက်ထဲက ကလေးက သူ့ ကလေး မဟုတ်မှန်း သိပေမယ့်လည်း မွေးလာတဲ့ ကလေး ရဲ့ သွေးနဲ့ သူ့သွေးဟာ ကိုက်ညီနေတဲ့ ဘုန်းတော်ကြီး တစ်ပါးလို ခံစားနေရတာ ဖြစ်တယ်။

နတ်ဘုရားမုခ်ဝ အတွဲ ၂ နတ္ဘုရားမုခ္ဝ အတြဲ၂ (201-355)Unde poveștirile trăiesc. Descoperă acum