အပိုင်း (၂၄၁) " ငလျင်လှုပ်ခတ်ခြင်း"

529 58 1
                                    

အပိုင်း (၂၄၁)
“ ငလျင်လှုပ်ခတ်ခြင်း”
Translator: Sparrow Translations  Editor: Sparrow Translations

ဒီ အကြောင်းကို ကြားချိန်မှာတော့ ဖန်ကျန်းရှီဟာ ပြုံးလိုက်တယ်။

ပင်းယန် ပြောတဲ့ သုခမိန် ဆိုတဲ့ စကားကိုတော့ သူ နားမလည် ဘူး ဖြစ်တယ်။ ဒါပေမယ့်လည်း  ကြီးမြတ်သော ရှမင်းဆက် အတွင်းမှာ ရှိတဲ့ ကျောင်းတော်ကြှီး ၁၃ ခု ။ သုခမိန် ၄ ဦးနဲ့ ခန်းမကြီး အကြောင်း ပတ်သတ်ပြီး ဆိုရိုးစကား ရှိတာကိုတော့ သူသိတယ်။

ခန်းမကြီးဟာ ကောင်းကင် တာအို  ခန်းမကို  ဆိုလိုတယ်။   ကျောင်းတော်ကြီး ၁၃ ခု ကတော့  ကြီးမြတ်သော ရှ မင်းဆက်ကို အထောက်အပံ့အဖြစ် လုပ်ဆောင်ပေးနေတဲ့ အဓိက မဏ္ဍိုင်ကြီး ၁၃ ခုကို ဆိုလိုမှန်းသိတယ်။

သူတို့ရဲ့ စည်းမျဉ်းတွေ နဲ့ အတူ  သူတို့ကိုယ်ပိုင်  အာဏာတွေ၇ှိတယ်။

ဒါပေမယ့်လည်း  သုခမိန် ကြီး လေးဦးကတော့ တစ်ဦးချင်းစီ တစ်သီးတခြား ဖြစ်တည်နေတာ ဖြစ်တယ်။

အချက်ကျကျ ပြောရမယ် ဆိုရင် သုခမိန် လေးဦးရဲ့  အာဏာနဲ့ စွမ်းဆောင်ရည်ဟာ ကျောင်းတော်ကြီး ၁၃ ခု အထက်မှာရှိနေတာပဲ ဖြစ်တယ်။

ဖန်ကျန်း၇ှီက အချုပ်အခြယတွေကို သဘော မကျပင်မယ့်လည်း   အင်အား အာဏာ နည်းတဲ့သူတွေဟာ ပိုပြီးတော့ ထိန်းချုပ် ချုပ်နှောင် ခံရတတ်မှန်း နားလည်တယ်။  သူသာ ကြီးမြတ်သော ရှ မင်းဆက်ရဲ့ သုခမိန် လေးဦးထဲက တစ်ယောက်သာ  ဖြစ်သွားခဲ့၇င် အနှောင်အဖွဲ့လည်း ကင်းသွားလိမ့်မယ်။

“ကောင်းကင်တာအို သုခမိန်ကျောက်ဖျာလား။ ”

ဖန်ကျန်း၇ှီဟာ ကန်လင်းတောင်ထဲကို ကြည့်နေခဲ့တယ်။  သူဟာတော့  ထူထပ်လှတဲ့ သစ်တောတွေ နဲ့  ည အမှောင်ထု မြူနှင်းတွေကို ကြည့်ရင်း နဲ့  ပြုံးနေတာ ဖြစ်တယ်။

ကန်လင်းတောင်…

ဒါက သူ့ ပိုင်နက်ပဲ။

“ ဟုတ်ပြီလေ။ ။ မင်း လူတွေ သတ်ထားတာ ငါအခုပဲ  မျက်မြင်တွေ့ထားတာ။” ဖန်ကျန်း၇ှီဟာ ပင်းယန် စစ်တပ်တဲ ထဲမှာ လုပ်ခဲ့တာတွေကို  ပြန်လည် ပြောဆိုနေခဲ့တယ်။

နတ်ဘုရားမုခ်ဝ အတွဲ ၂ နတ္ဘုရားမုခ္ဝ အတြဲ၂ (201-355)Where stories live. Discover now