အပိုင်း (၂၇၈) "အင်အား။"

533 56 1
                                    

အပိုင်း (၂၇၈)
“အင်အား။”
Translator: Sparrow Translations  Editor: Sparrow Translations

သူတို့ရဲ့ မေးခွန်းတွေဟာတော့ မကြာခင်ပဲ အဖြေရခဲ့တော့တယ်။ ဖန်ကျန်းရှီဟာ ကြာကြာတောင့် မခံနိုင်ခဲ့ဘူး။  ၇န်၇ွှယ်ဟာ ပြန်လည် တိုက်ခိုက်တော့တယ်။

လူတိုင်းက ပြင်းထန်တဲ့ ထိုးစစ်ကို ပြုလုပ်နိုင်တာ မဟုတ်ဘူး။ ဖန်ကျန်းရှီက ရှင်ချင်းစွေ့လည်း မဟုတ်သလို ရှင်းယွမ်ကောင်းလည်း မဟုတ်ခဲ့ဘူး။ သူ့ရဲ့ တိုက်ခိုက်ရေး နည်းလမ်းတွေဟာလည်း အဆုံးမရှိနိုင်အောင် ဆက်လက် ဖြစ်ပေါ်နေခဲ့တယ်။

ရန်ရွှယ် ခဏတာ အနားယူချိန်မှာ သူဟာ ပြန်လည် တိုက်ခိုက်ပြန်တယ်။

ဒီလိုနဲ့ပဲ ဖန်ကျန်းရှီကို ဘယ်အရာကမှ မတားဆီးနိုင် ဖြစ်နေခဲ့တယ်။  အမတ်မင်းတွေဟာတော့ ဖန်ကျန်းရှီ တိုက်ခိုက်မှု နည်းလမ်း ပြောင်းသင့်တယ်လို့ တွေးနေကြချိန်မှာပဲ ဖန်ကျန်းရှီဟာ နောက်တစ်ကြိမ် တိုးဝင်တိုက်ခိုက်ပြန်တယ်။

သူဟာ လုံးဝကို မယိမ်းမယိုင်ပဲ ကပ်စေးတဲ့ အရာတစ်ခု သဖွယ် ရန်ရွယ်ကို ကပ်ကာ တိုက်ခိုက်နေခဲ့တယ်။

သူဟာ တားဆီးမရနိုင်သူ တစ်ယောက်လိုမျိုး မရပ်မနား တိုက်ခိုက်နေခဲ့တယ်။. သူ့ရဲ့ တိုက်ခိုက်မှု တစ်ခုချင်းစီနဲ့ အသုံးပြုတဲ့ တာအိုတွေဟာလည်း ပြိုင်ဘက်ကင်းလှတယ်။

“သူတကယ်ပဲ ဒီလို ဆက်တိုက်နေမှာလား။”
“ရန်ရွှယ်ကကော သူ့ကို အခွင့်အေ၇းပေးမှာလား။”

“ အကယ်၍ သူသာ  ဒီနည်းလမ်းနဲ့ နိုင်သွားခဲ့ရင်တော့ သူဟာ အချိန်ဖြုန်းရင်းနဲ့ နိုင်တာပဲ။ သူက အချိန်ကို မတူညီတဲ့ နည်းလမ်းနဲ့ ဖြုန်းပြစ်နေတာပဲ။”

“အမတ်မင်းဝမ်က တကယ်ပဲ အမြင်ကျယ်ပါပေတယ်။ ဘယ်လို အဖြစ်မျိုးက မှ အမတ်မင်းရဲ့ အမြင်ကို မတားမြစ်နိုင်ဘူး။”

အမတ်မင်းတွေအားလုံးဟာလည်း ခေါင်းငြိမ့်ရင်း ထောက်ခံနေကြတယ်။ ဖန်ကျန်းရှီ ရဲ့ အရည်အချင်းတွေက သူတို့ကို ကြောက်၇ွံ့ ထိတ်လန့်စေနိုင်တာတော့ အမှန်ပဲ ဖြစ်တယ်။ ဖန်ကျန်းရှီက ရန်ရွှယ်ကို ဆယ့်ငါးမိနစ်အတွင်း အနိုင်တိုက်မယ်လို့ ပြောခဲ့ပေမယ့်လည်း သူ့ကြည့်ရတာ အချိန်ဖြုန်းနေတာနဲ့ ပိုတူနေခဲ့တယ်။

Hai finito le parti pubblicate.

⏰ Ultimo aggiornamento: Apr 30, 2020 ⏰

Aggiungi questa storia alla tua Biblioteca per ricevere una notifica quando verrà pubblicata la prossima parte!

နတ်ဘုရားမုခ်ဝ အတွဲ ၂ နတ္ဘုရားမုခ္ဝ အတြဲ၂ (201-355)Dove le storie prendono vita. Scoprilo ora