အပိုင်း (၂၄၆) " ရှန်ကျာ့"

392 54 0
                                    

အပိုင်း (၂၄၆)
” ရှန်ကျာ့”
Translator: Sparrow Translations  Editor: Sparrow Translations

ချီကူယန်ဟာ အတော်လေးကို  ထက်မြက်တဲ့သူ ဖြစ်တဲ့ အတွက် ရှင်းယွမ်ကောင်း ဆိုလိုချင်တာကို နားလည်တယ်။ ဒါပေမယ့်လည်း  သူ ဟာ ဧကရာဇ် ရဲ့ အမိန့်တော်ကို သုံးလိုက်တယ် ဆိုတည်းက  သူ့ စိတ်ဆုံးဖြတ်ချက်ဟာ ပေါ်လွင်ခဲ့ပြီ ဖြစ်တယ်။

ရှင်းယွမ်ကောင်းက အခုချိန်မှာ သူမ တို့ကို ပုန်းရှောင် စေချင်တယ် ဆိုတာလည်း  ပင်းယန် နားလည် ခဲ့တယ်။  သူမဟာ  ဖန်ကျန်းရှီဆီကို အလျင်အမြန် ပြေးလာခဲ့တယ်။

“ သတ် ”  ဒယ်အိုး အောက်က စစ်သည်တော်တွေ ရဲ့ အော်ဟစ်သံဟာ ညီလာခံ ခန်းမထဲကို  ပျံ့နှံ့သွားခဲ့ တယ်။

“   မင်းတို့ က အရေ အတွက် နဲ့ အနိုင်ကျင့်လို့ ရမယ် ထင်နေတာလား။ ”   ပိုင်ရှင်းဟာ  ထောင်ချီ တဲ့ တပ်သားတွေနဲ့  သူ့ရဲ့ စစ်သည်  ကိုးဦးကို ကြည့်ရင်း ပြောလိုက်တယ်။    သူရဲ့ အကြည့်တွေ ဟာတော့ နောက်ဆုံးမှာ  ရှင်းယွမ်ကောင်း ဆီကို ရောက်သွားပြီး နောက် နှာခေါင်း ရှုပ်လိုက်တော့တယ်။

အသက် ၁၅ နှစ် အရွယ် ကလေး တစ်ယောက် စော်ကားမော်ကားလုပ်တာကို ခံလိုက်ရတဲ့ သူ အတွက်တော့ အတော်လေးကို  ဒေါသ ပေါက်ကွဲ နေခဲ့တယ်။

ဒါပေမယ့်လည်း  အင်အားပြည့်ဝတဲ့ ရန်သူတွေ နဲ့   တွေ့ တဲ့ အချိန်မှာတော့ သူ့ရဲ့  စိတ်ခံစားချက်ကို  ထိန်းချုပ်ဖို့ ဟာ ခက်ခဲ လှတယ်။  နောက်ပြီးတော့ စစ်သည်တွေ ရဲ့ စိတ်အားထက်သန်မှု  အမြင့်ဆုံး အချိန်ကို ရောက်နေတဲ့ စစ်သည်တော်တွေကို  တိုက်ခိုက်ဖို့ အတွက်လည်း သူ့ကို သူ  စိတ်လျှော့ဖို့အတွက် နည်းလမ်း ရှာဖို့ လိုအပ်တယ်။

“ အချိန်နဲ့ နေရာ နှစ်ခုလုံးက အရေးကြီးလှတယ်။  ငါ့မှာ ရှိတဲ့ တစ်ခုတည်းသော အရာကတော့  လူတွေပဲ။” ရှင်းယွမ်ကောင်းဟာ အေးစက်စွာ ပြောလိုက်တယ်။

“လူတွေလား ။ ဟ ဟ ဘယ်လို ဟာသလဲ။ ငါ တခြားတော့ မပြောလိုဘူး။ ဒါပေမယ့် တခြားတော့ မပြောလိုဘူး။ လူ အရေအတွက နဲ့ ပတ်သက်ပြီးတော့ လည်း ငါ့မှာ ယုံကြည်ချက် အပြည့်ရှိတယ်။ ” ပိုင်ရှင်းဟာ ရယ်မောရင်း နဲ့ပြောလိုက်တယ်။

နတ်ဘုရားမုခ်ဝ အတွဲ ၂ နတ္ဘုရားမုခ္ဝ အတြဲ၂ (201-355)Where stories live. Discover now