အပိုင်း (၂၇၆) - "အဇူရာ"

346 47 0
                                    

အပိုင်း (၂၇၆) 
“အဇူရာ”
Translator: Sparrow Translations  Editor: Sparrow Translations

ရှင်းယွမ်ကောင်းနဲ့ အင်အားတူနေတဲ့ သူကို ဘယ်လိုများ တိုက်ခိုက်ရမှာလဲ။မ

ရှင်းယွမ်ကောင်က ဘယ်လို အင်အားကြီးမှန်း သူမသိခဲ့ဘူး။ ဒါပေမယ့်လည်း ပိုင်ရှင်းရဲ့ နတ်ဆိုး မျက်လုံးကတော့ အနီရောင် ဖြစ်နေခဲ့တယ်။ သဘာဝလွန် အဆင့် ယဉ်ရှန်တောင်မှ အစိမ်းရောင် နတ်ဆိုး မျက်လုံးရှိနေခဲ့တယ်။

ရှင်းယွမ်ကောင်းက ယဉ်ရှန်ထက် အနည်းဆုံးတော့ အဆင့် တစ်ဆင့်မြင့်တာ သိသာလှတယ်။ ဒါဟာ သဘာဝလွန် အဆင့်ထက် ကျော်လွန်တာပဲ ဖြစ်တယ်။

ဖန်ကျန်းရှီဟာ  ရန်၇ွယ်ကို “ဘိုးဘေးဘီဘင် ခန်းမ” ဟာ ဘယ်လို နေရာမျိုးလည်း ဆိုတာ သူ တကယ်မေးချင်နေခဲ့တယ်။ ဒါပေမယ့်လည်း ရန်ရွှယ်ဟာ သူ့ကို  ဒီလို အခွင့်အေ၇း မပေးခဲ့ဘူး ဖြစ်တယ်။

လျို့ဝှက် လက်နက်တွေကို  ခုခံပြီးတာတောင်မှ ၇န်၇ွှယ်ရဲ့ အရှိန်နှုန်းဟာ မလျော့သွားခဲ့ဘူး ဖြစ်တယ်။ 

သူဟာ ရေ၀ဲ နှစ်ခုပေါ်မှာ မတ်တပ်ရပ်ရင်းနဲ့ ဖန်ကျန်းရှီ စီကို ထိုးဖောက်ဝင်နေခဲ့တယ်။  သူတို့ နှစ်ဦးကြားက အကွာအဝေးဟာလည်း နီးကပ်လာတော့တယ်။
ရန်၇ွှယ်ရဲ့ အလင်းတန်းတွေဟာ အရှိန်နဲ့ အတူ မြန်ဆန်လွန်းလှတယ်။   ဖန်ကျန်းရှီဟာတော့  တုံ့ပြန်ဖို့ အချိန်တောင် မရှိခဲ့ဘူး ဖြစ်တယ်။ သူ့ရဲ့ မျက်နှာနားကို ကပ်လာတဲ့ လေအေးအေးတွေကို  ခံစားလိုက်ရတယ်။

ခုန်ေ၇ှာင်လိုက်။

ဒါဟာတော့ သူ့ရဲ့ ပထမ ထင်မြင်ချက် ဖြစ်တယ်။

ဒါပေမယ့်လည်း  သူ့မှာ ဘယ်လို ခုန်ေ၇ှာင်ရမလဲ ဆိုတာကို  တွေးဖို့ အတွက် အချိန် များများစားစား မရှိခဲ့ဘူး။ ရန်၇ွယ်က သိသိသာသာကို အင်အားကြီးနေခဲ့တယ်။  ဒီလို အခြေအနေမျိုးမှာ ဆိုရင်တော့  ဖန်ကျန်းရှီမှာ နိုင်နိုင်ချေ မရှိတော့ဘူး ဖြစ်တယ်။ အံ့ဖွယ် အရာ တစ်ခုတောင်မှ မဖြစ်နိုင်ဘူး။

အခုတော့ သူက အံ့ဖွယ် တစ်ခုကို   စောင့်ဆိုင်းနေရမှာလား။

နတ်ဘုရားမုခ်ဝ အတွဲ ၂ နတ္ဘုရားမုခ္ဝ အတြဲ၂ (201-355)Where stories live. Discover now