အပိုင်း (၂၄၅) " ဒူးထောက်ပြီး ငါ့ကို ကျေးဇူးတင်စမ်း"

429 51 0
                                    

အပိုင်း (၂၄၅)
“ ဒူးထောက်ပြီး ငါ့ကို ကျေးဇူးတင်စမ်း”
Translator: Sparrow Translations  Editor: Sparrow Translations

ဖန်ကျန်းရှီဟာလည်း ပြုံးနေခဲ့တယ်။ သူဟာ ပိုင်ရှင်းထက်ကို ပိုမိုတောက်ပစွာ ပြုံးနေခဲ့ တာ ဖြစ်တယ်။  နောက်ပြီးတော့  သူ့ရဲ့ အမူအယာဟာ  ဒယ်အိုး အောက်က စစ်သည်တွေရဲ့ စိတ်ကို  သံသယ ပွားစေခဲ့တယ်။

“ သူက သွေးတိုး စမ်းနေတာလား။”

“  ဖန်ကျန်းရှီ အရှုံးပေးနိုင်ချေ ၉၀ % ရှိတယ်။ ” စစ်သားတွေ အားလုံးဟာတော့ ဖန်ကျန်းရှီကို စိတ်ပျက်စွာ ကြည့်နေခဲ့တယ်။ သူတို့ဟာ တိုက်ခိုက်ဖို့ ပြင်နေခဲ့တာ ဖြစ်ပေမယ့်လည်း ဖန်ကျန်းရှီဟာလည်း နတ်ဆိုး ကောင်ကို လက်ဆောင် တောင်းနေခဲ့တယ်။  ရှင်းယွမ်ကောင်းဟာတော့ ဖန်ကျန်းရှီကို စိုက်ကြည့်နေခဲ့တယ်။ ဒီ လူငယ်လေး ဘာတွေ တွေးနေ လည်း သူတကယ်ကို ခန့်မှန်းလို့ မရနိုင်ဘူး။ ဒါပေမယ့်လည်း သူတို့ ပြောတဲ့ စကား အရ။

ဒါဟာ သူတို့ ပထမဆုံး အကြိမ်တွေ့ဆုံတာပဲ ဖြစ်တယ်။

ဖန်ကျန်းရှီဟာ  ဘယ်လို လူမျိုးလည်း သူတကယ်ကို မသိဘူး။

အကယ်၍ ဖန်ကျန်းရှီသာ သစ္စာရှိသူ တစ်ဦး ဖြစ်ခဲ့ရင်   ဒီ လို တိုက်ပွဲ အခြေအနေမှာတောင်မှ ဟာသ လုပ်နေနိုင်သေးတဲ့  ဒီလူငယ်ကို  အနာဂတ်မှာ သတိထားရမှာ အမှန်ပဲ။

ဒါပေမယ့်လည်း ရန်သူဟာ သူတို့ ထက် သန်မာလွန်းလှတယ်။ ဒါ့အပြင်ကို သူတို့ဟာ အဆုံးမဲ့ လောက ထဲမှာ ထောင်ချောက်မိနေတာလည်း ဖြစ်တယ်။ ဖန်ကျန်းရှီ အရှုံးပေးတာဟာ ပိုပြီးတော့ ဖြစ်နိုင်ချေ ရှိတယ်။

သတ်ရမလား။

ဒါမှမဟုတ် လွှတ်ပေးရမလား။”

ဒါဟာ ရှင်းယွမ်ကောင်း ရဲ့ စိတ်ထဲမှာ တွေးနေတာပဲ ဖြစ်တယ်။  စစ်ဗိုလ်ချုပ် တစ်ဦး အနေနဲ့ အပြုအမူတိုင်းကို သတိထားရမှာဟာ သူ့ တာဝန်ပဲ ဖြစ်တယ်။  နောက်ပြီးတော့ ဖန်ကျန်းရှီဟာ ပင်းယန် မင်းသမီးရဲ့ လူ ဖြစ်တယ်။

အကယ်၍ ဖန်ကျန်း၇ှီသာ ပင်းယန်ကို အကာအကွယ် အတွက် အသုံးချနေတာ ဆိုရင် ဒီ့ အတွက် အကြောင်းရင်း တစ်ခုပဲ ရှိမယ်။ သတ်။

နတ်ဘုရားမုခ်ဝ အတွဲ ၂ နတ္ဘုရားမုခ္ဝ အတြဲ၂ (201-355)Where stories live. Discover now