အပိုင်း (၂၂၉) " ဓားကို ဆက်သခြင်း "

580 63 2
                                    

အပိုင်း (၂၂၉)
“ ဓားကို ဆက်သခြင်း ”
Translator: Sparrow Translations  Editor: Sparrow Translations

အရှင်လီချင်းဟာတော့  ရှေးဟောင်းနှောင်းဖြစ် တွေကို ပြန်လည် တွေးတောမိနေတဲ့ပုံပါပဲ ဒါပေမယ့်လည်း သူ့ရဲ့ မျက်ဝန်း အကြည့်တွေကတော့ မယုံနိုင်စရာ ကောင်းလောက်အောင်  ရှုပ်ထွေးနေပြီးတော့ သူ့ရဲ့ အတွေးတွေကို မခန့်မှန်း နိုင်လောက်အောင် ဖြစ်စေခဲ့တယ်။

ညီလာခံခန်းမတွင်းမှာ၇ှိနေတဲ့ အမတ်မင်းတွေ သေချာကြီး ပြောနိုင်တာ တစ်ခုကတော့

အရှင်လီချင်းရဲ့ ရောက်ရှိလာမှုဟာ တိုက်ဆိုင်မှု တစ်ခု မဖြစ်နိုင်ဘူး ဆိုတာပဲ ဖြစ်တယ်။ ဒါ့အပြင် ချီကူယန်လိုမျိုး  နိုင်ငံ့ ထိပ်တန်း လူငယ် တစ်ဦးဟာလည်း သူ့ဘေးမှာ ရှိနေခဲ့တယ်။

ချီကူယန်ကကော ညီလာခံ ခန်းမကို  အကြောင်းရင်းမရှိပဲ ရောက်လာတာ ဖြစ်နိုင်လို့လား။

ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

အရင်နှစ်တွေ တုန်းက ချီကူယန်ဟာ  နိုင်ငံရေးနဲ့ ဝေးဝေး နေပြီးတော့  ကောင်းကင်တာအို ခန်းမမှာပဲ သူမကိုယ်သူမ ပိတ်လှောင်ထားခဲ့တာ ဖြစ်တယ်။ လွန်ခဲ့တဲ့ လ အနည်းငယ် တုန်းက တောင်ပေါ်ကနေ ဆင်းလာခဲ့ပေမယ့်လည်း  နိုင်ငံေ၇းမှာ  ပါဝင်ပတ်သက်ခြင်း အလျဉ်းမရှိခဲ့ဘူး ဖြစ်တယ်။

ဒီလိုမျိုး အရှင်လီချင်းနဲ့  ချီကူယန် ရောက်ရှိလာမှုဟာ တော့ ဓား ကြောင့်ပဲ ဖြစ်နိုင်တယ်။

ဧကရာဇ် ရဲ့ဦးရီးတော်ကကော ဒါကို ဖြေရှင်းနိုင်မှာလား။

အရှင်လီချင်း ရဲ့ စကားကို ကြားချိန်မှာတော့ ဧက၇ာဇ် ဟာ  ခေါင်းငြိမ့်လိုက်တယ်။  အဲ့ဒီ့နောက် ပြန်လည် တိတ်ဆိတ်သွားပြန်တယ်။ အရှင်လီချင်းနဲ့ ချီကူယန် ဒီကို ဘာကြောင့်ေ၇ာက်နေလဲ ဆိုတာ သူ ကောင်းကောင်းကြီးကို သိတယ်။

ဒါပေမယ့်လည်း ဧက၇ာဇ် တစ်ပါး အနေနဲ့ အရှင်လီချင်းက ဒီ ပြဿနာကို ဘယ်လိုနည်းလမ်း သုံးပြီး ဖြေရှင်းမလဲ  ခန့်မှန်းစရာမလိုဘူး ဖြစ်တယ်။ သူလုပ်ဖို့ လိုအပ်တဲ့ တစ်ခုတည်းသော အ၇ာဟာတော့ ခေါင်းငြိမ့်ခေါင်းခါ လုပ်၇ုံပဲ ဖြစ်တယ်။

နတ်ဘုရားမုခ်ဝ အတွဲ ၂ နတ္ဘုရားမုခ္ဝ အတြဲ၂ (201-355)Where stories live. Discover now