အပိုင်း ( ၂၂၄) " မဆောင်ရွက်နိုင်ပါသော "

513 61 0
                                    

အပိုင်း ( ၂၂၄)
“ မဆောင်ရွက်နိုင်ပါသော ”
Translator: Sparrow Translations  Editor: Sparrow Translations

လူအိုကြီးတွေ ရဲ့  ဥာဏ်နီဥာဏ် နက်တွေ ဘယ်ရောက်ကုန်ပြီလဲ။    ဧကရာဇ် ရဲ့ စိတ်ကို နားလည် နိုင်ခြင်းကကော ဘယ်ရောက်သွားပြီလဲ။  ၀န်ကြီးချုပ် ယွီယိဖျင်ရဲ့  အပြုအမူတွေက  ခန်းမထဲမှာ ရှိနေတဲ့ ရုံေးတ်ာသား အမတ်မင်းတွေကို သူသာလျှင် ဧကရာဇ်   စိတ်နှလုံးကို အသိဆုံးသူလို့ သွယ်ဝိုက်ပြောနေသလိုပါပဲ။

ဒီ အချိန်မှာတော့  ဒီ အချိန်မှာတော့  ဧကရာဇ် လင်းမုပိုင်ရဲ့ အမူအယာဟာ အနည်းငယ် စိတ်သက်သာ ရာရသွားသလိုပါပဲ။ 

ဒါဟာ အတိအကျကို သူလိုချင်တဲ့ ရလဒ် ဆိုတာ သိသာလှတယ်။  ဖန်ကျန်းရှီဟာ  သာမာန် ပြည်သူ တစ်ယောက် ဖြစ်ပေမယ့်လည်း တော်ဝင် စာမေးပွဲမှာ သူ့ရဲ့ လုပ်ဆောင် ချက်တွေဟာ  အတွေးအခေါ် စာမေးပွဲကော တိုက်ခိုက်ေ၇းစာမေးပွဲမှာပါ အောင်မြင် လှတယ်။  ဒီ အရာတွေ အားလုံးဟာ  ဖန်ကျန်းရှီ ရဲ့ မြင့်မားလှတဲ့ အရည်အချင်းတွေကို  ဖော်ပြနေခဲ့တယ် ။

ဒီလို ဖြစ်တဲ့ အတွက်

သူ့ကို ဖိအားပေးဖို့ဟာ မဖြစ်နိုင်ဘူး ဖြစ်တယ်။

ဓားတစ်ချောင်းတည်း ဟာ  မုန့်ကော လက်ချောင်းကိုပါ ပြတ်စေနိုင်တယ်။  ဧကရာဇ် လင်းမုပိုင်ဟာတော့  ဒါကို ကောင်းကောင်းသိပါတယ်။ ဒါပေမယ့်လည်း ဒီဓားကို သူလိုအပ်တယ်။  ဒီဓားက ကြီးမြတ်သော ရှမင်းဆက်ရဲ့ အင်အားကို   ပြည်လည် မြင့်မား စေနိုင်တယ်။   ဒါပေမယ့်လည်း   သူဟာ ဖန်ကျန်းရှီ ကို ဒါကြောင့် စိတ်ခုသွားမှာကိုလည်း မလိုလားဘူး ဖြစ်တယ်။

ဒါကြောင့် ဓားကို  ယူရမယ် ဆိုရင်  ကြီးမြတ်တဲ့  ကြင်နာမှုကို ပြသမှ ဖြစ်နိုင်မယ်။  နောက်ပြီးတော့ စစ်မှန်တဲ့ ကြင်နာခြင်းလည်း ဖြစ်ရမယ်။

ဓားကို လှူရမယ်။

နောက်ပြီးတော့ သာမာန်လူတွေ မရနိုင်တဲ့ ဆုလဒ်ကို  ပြန်လည်ရရှိမယ်။  နောက်ပြီးတော့  တော်ဝင်အစိုးရကိုလည်း ၀င်နိုင်မယ့်  အခွင့်အရေး ဖြစ်တယ်။  သာမာန်  ပြည် သူအတွက်တော့  ဒါက လုံလောက်ပါတယ်။ ဒါပေါ့ ဖန်ကျန်းရှီိကို ဒီ့ထက်ပိုပြီးတော့ သူ ချီးမြှင့်ချင်ပါတယ်။ ဒါပေမယ့်လည်း ဖန်ကျန်းရှီက  ငယ်ရွယ်လွန်းလှတယ်။

နတ်ဘုရားမုခ်ဝ အတွဲ ၂ နတ္ဘုရားမုခ္ဝ အတြဲ၂ (201-355)Where stories live. Discover now