အပိုင်း ၃၃၆+၃၃၇+၃၃၈+၃၃၉+၃၄၀

258 29 0
                                    

အပိုင်း (၃၃၆)
“ အကြီးအကျယ် ပြောင်းလဲမှု”
Translator: Sparrow Translations  Editor: Sparrow Translations
“ ဖန်ကျန်းရှီ။ နင်က ဖန်ကျန်းရှီလား။”
ရွှေရောင် သားရေပြားပေါ်မှာ ထိုင်နေတဲ့ ရှန်းယွီ ချက်ခြင်း ခုန်ထတယ်။ ဂျုံပင် အရောင် သူမရဲ့ မျက်နှာ ဖွေးသန့်သန့် လေးမှာ ထိတ်လန့်မှု တွေ ပြည့်နှက်သွားတယ်။
“ ဟုတ်တယ်။ ငယ်ငယ် တည်းက ကျွန်တော့် ကို ဒီလိုပဲ ခေါ်တာ။ ” ဖန်ကျန်းရှီ အေးအေး ဆေးဆေး ပြောတယ်။ ယောက်ျား တစ်ယောက်က ကိုယ့် နာမည်ကို ဖုံးကွယ်ထားစရာလား။ နားလည်တယ်ဟုတ်။
“ ဟဟား…. ဖန်ကျန်းရှီ တဲ့ ….. ဟားဟားဟား…… နင့်ကိုယ်နင် ဖန်ကျန်းရှီ တဲ့လား။” ရှန်းယွီ မင်းသမီးအော် ရယ်နေတယ်။ ရယ် လွန်းလို့ တကိုယ်လုံး တုန်ယင်နေပြီ။ “ ဒါဆို နင်က ကြီးမြတ်သော ရှ မင်းဆက်ရဲ့ ဓားသံတမန် ဖန်ကျန်းရှီ ပေါ့။”
“ အမှန်ပဲ။” ဖန်ကျန်းရှီ ခေါင်းငြိမ့်တယ်။ သူ့ ဂုဏ်သတင်းက ဒီ လောက်တောင် ပျံ့ နေ ပြီလား။  တောင်ပိုင်း ဒေါသရဲ့ မင်းသမီး ကတောင် သူ့ကို သိတယ်။
“ တော်၀င် အတွေးအခေါ် စာမေးပွဲ မှာ နင်က ထိပ်တန်း ကျောင်းတော်သားပေ့ါ။ နန်ကုန်းမု နဲ့ ပူးတွဲ ပထမ ရတဲ့ သူလေ ဟုတ်တယ် မလား။” ရှန်းယွီ မင်းသမီး ရယ်မောရင်း ထပ်မေးတယ်။
“ ဟုတ်တယ်။ ” ဖန်ကျန်းရှီ ခေါင်းငြိမ့် ပြန်တယ်။
“ ဟားဟားဟား …… နင်က တကယ့်ကို အဆုံးစွန် အရှက် မရှိတာပဲ ။” ရှန်းယွီ မင်းသမီး ရယ်လွန်းလို့ ။ မျက်နှာ အကြောတွေတောင် နာလာတယ်။ သူမ ထိုင်နေတဲ့ ေ၇ွှရောင် သားမွှေးကို အားရ ပါးရ ကန်ရင်း လှိမ့်နေအောင် ရယ်တယ်။
“ချီးမွမ်း တာ ကျေးဇူး တင်ပါတယ် အရှင် မင်းသမီး။” ဖန်ကျန်းရှီ မျက်နှာ နည်းနည်း နီနေပြီ။
“ ကောင်းပြီ။ ဟာသတွေ တော်တော့။ နင့် နာမည် အရင်းကို ပြောစမ်း။” ရှန်းယွီ မင်းသမီး ချက်ခြင်း ရပ်သွားတယ်။ သူမ အမူအယာ ချက်ခြင်း အေးစက် သွားတယ်။
“ ကျွန်တော်က တကယ် ဖန်ကျန်းရှီ အစစ်ပါ။”
“ နင်က ငါ့ကို ငတုံးများ များ မှတ်နေတာလား။ ”
“ မင်းသမီးက ထက်မြက်ပြီး အမြင်ကျယ်သူပါ။ လောကမှာ ယှဉ်နိုင်သူ မရှိပါဘူး။” ဖန်ကျန်းရှီ ချက်ခြင်း မြှောက်ပင့်တော့တယ်။ သူ့ေ၇ှ့က လူ ကို တကယ်ပဲ ကြောက်ရတယ်။ သူ့ နယ်မြေကို ရောက်နေမှတော့။ အာမခံ ဝံ့ဘူး။
“ နင်သိမှတော့။ နင့် နာမည် ကို အမှန် အတိုင်းပြောစမ်း။” ရှန်းယွီ မင်းသမီး ဒေါသ ထွက်လာတယ်။
“ ဖန်ကျန်းရှီ၊”
“ နင့်ခေါင်းကို ငါ အခု ဖြတ်မ်ယ် ဆိုတာ ယုံကြည်လား။” ရှန်းယွီ မင်းသမီး ထ အော်တယ်။
“ယုံပါတယ်။ ”
“ ငါ နင့်ကို နောက်ဆုံး တစ်ခေါက် ထပ်မေးမယ် နင့် နာမည် ဘယ်လိုခေါ်လဲ။”
“ဖန်ကျန်းရှီ။”
“ လာကြစမ်း။ ဒီ လူလိမ်ကို ဆွဲ ခေါ် သွား။ ခေါင်းဖြတ်လိုက်။” ရှန်းယွီ မင်းသမီး နောက်ထပ် ဂရု မစိုက်တော့ဘူး။ တဲ အပြင်ကို လှမ်းအော်တယ်။
“ အမိန့်တော် အတိုင်းပါ။” မျက်တောင်တစ်ခတ်စာ အတွင်း။ တဲ လိုက်ကာ အပြည့်ပွင့်သွားတယ်။ စစ်သည်လေးဦး ချက်ခြင်း၀င်လာတယ်။
“ခနလေး…..” ဖန်ကျန်းရှီ ထအော်တယ်။
“ ဘာဖြစ်ပြန်တာလဲ။”
“ ကျွန်တော့် နာမည် ပြောင်းလိုက်ပြီ၊ အခုပဲ ပြောင်းလိုက်ပြီ။ ဖန်ကျန်းကျန်း …. ဖန်ကျန်းကျန်း။” ဖန်ကျန်းရှီ သွားဖြီး ပြရင်း ပြောတယ်။
“ နာမည်က လည်း အဆန်းကြီး။ နင် ငါ့ကို လာနောက်နေတာလား။”
“ မင်းသမီး။ မင်းသမီးက ဘာဖြစ်စေချင်တာလဲ။ ကျွန်တော့် နာမည်က ဖန်ကျန်းရှီလေ။ နာမည် အရင်း ပြောပြန်တော့လည်း ခေါင်းဖြတ်မယ် ဆို။ အခုတော့ ကျွန်တော့် နာမည် ဖန်ကျန်းကျန်း လို့ ပြောင်းပြီးပြီလေ။ ဒါလည်း လာနောက်နေတယ်တဲ့လား။” ဖန်ကျန်းရှီ ငိုချင်နေပြီ။
“ ငါက နင့် နာမည် အရင်းကို မေးနေတာ။”  ရှန်းယွီ မင်းသမီး လေးလေးနက်နက် ပြောတယ်။
“ဖန်ကျန်းရှီ။”
“နင့်နာမည်က တကယ်ပဲ ဖန်ကျန်းရှီလား။”
“ မဟုတ်ဘူး။ ခုနကပဲ နာမည်ပြောင်းလိုက်ပြီ၊”
“ အတွေးအခေါ် စာမေးပွဲမှာ နန်ကုန်းမု နဲ့ ပူးတွဲ ပထမ ရတဲ့ တစ်ယောက်လား။” ရှန်းယွီ မင်းသမီး ရဲ့ အေးစက်စက် အပြုံးကို ဖန်ကျန်းရှီ မြင်လိုက်တယ်။ သူ့ ကျောရိုး တစ်လျှောက်လုံး စိမ့်ချမ်း လာတယ်။
“ ဟုတ်တယ် ဖြေရမလား။ မဟုတ်ဘူး ဖြေရမလား။”
“ အမှန် အတိုင်းသာ ပြော။”
“ မဟုတ်ဘူး။”
“ ကောင်းပြီလေ။ နောက်ဆုံးတော့ ရိုးသား သေးတာပဲ။ ငါသိရသလောက်။ ဖန်ကျန်းရှီက တိုက်ခိုက်ရေးစာမေးပွဲ တောင် လာ မဖြေဘူး။ နောက်ပြီးတော့။ သူ တကယ် လာရင်တောင်။ နယ်မြေ လေးခုမှာပဲ လှည့်ပတ်နေမှာ။ ဘာလို့ ငါ့ စစ်တပ် စခန်းချတဲ့ နယ်မြေကို  ၀င်လာမှာလဲ။ ” ရှန်းယွီ မင်းသမီး ခေါင်းမော့ရင်း ဝံ့ဝံ့ကြွားကြွားပြောတယ်။ ပြေး၀င်လာတဲ့ စစ်သည် လေးယောက်ကို လက်ခါ ပြတယ်။
စစ်သည် တော်တွေ ပြန်ဆုတ်သွားတယ်။
“ မင်းသမီးက ထက်မြက်ပြီး အမြင်ကျယ်လှတယ်။ လောကမှာ  ယှဉ်နိုင်သူ မရှိဘူး။ အရှင်မင်းသမီးကို ကျွန်တော် တကယ်ပဲ မလိမ် ညာနိုင်ပါဘူး။ ” ဖန်ကျန်းရှီ ချက်ခြင်း ချီးမွမ်းတော့တယ်။ ဒါပေမယ့် သူ့ စိတ်ထဲမှာ တိတ်တိတ်လေး ကျိန်ဆဲ နေမိတယ်။ အကန်းကြီး။ လုံး၀ ကန်းနေပြီ။
“ကောင်းပြီလေ။ နင့် ရဲ့ မြှားစွမ်းကလည်း မဆိုးဘူး ။ အရှိန်အဝါ သိပ်မရှိ ပေမယ့်။ တိကျတယ်။ ငါ့ ကိုယ်ပိုင် သက်တော်စောင့် လုပ်ဖို့ နင့် ဆန္ဒကို ဖြည့်ဆည်းပေးမယ်။  နောက်ပြီးတော့။ မြှားရေးမှာ လေ့ကျင့်ပေးတဲ့ သူ အဖြစ် သတ်မှတ်မယ်။ ပျံဝဲ ငှက်တောင် ဆယ့်သုံးခု တပ်ဖွဲ့ကို လေ့ကျင့်ပေးရမယ်။
“ ကျေးဇူးကြီးမားလှပါတယ် အရှင်မင်းသမီး ။ ပျံဝဲ ငှက်တောင်ဆယ့်သုံးခု တပ်ဖွဲ့မှာ စစ်သည် ဘယ်နှစ်ယောက် ရှိလဲ သိပါရစေ။ ” ဖန်ကျန်းရှီ ချက်ခြင်းမေးတယ်။
“ သုံးထောင်”
“အရှင်မင်းသမီးက ထက်မြက်ပြီး အမြင်ကျယ်လှတယ်။ ဒီလို အရေးကြီးတဲ့ တာ၀န် ကို ကျွန်တော့်ဆီ ပေးအပ်တယ်။ အရှင်မင်းသမီးကို မျက်နှာ မပျက် စေရပါဘူး။ ဒါဆို မေးခွင့် ပြုပါ။ ကျွန်တော် အခု ပျံဝဲ ငှက်တောင်ဆယ့် သုံးခု တပ်ဖွဲ့မှာ ခေါင်းဆောင် ဖြစ်ပြီလား။ ”
“ အိမ်မက် မက်နေလိုက်။ ငါ့ စစ်တပ်မှာ အကြီးအကဲ ဖြစ်ဖို့ ဒီလောက်လွယ်မယ် ထင်လား ။ နင်က မြှားရေး သင်ပေး ရုံပဲ။ တခြား ကိစ္စ တွေ နင့် အလုပ် မဟုတ်ဘူး။ ”  ရှန်းယွီ မင်းသမီး လှမ်းပြောတယ်။
“သေစမ်။” ဖန်ကျန်းရှီ လက်ခလယ် ထောင်ပြတယ်။
“ နင် ဘာပြောတယ်။”
“ ကျွန်တော် ပြောတာ။ အရှင်မင်းသမီးက လူ တွေကို နေရာမှန် အသုံးချ တတ်တယ်။ တကယ့်ကို ခေါင်းဆောင် သွေး စစ်စစ်ပဲ။”
“ နင်က စကားကောင်းတော့ ပြောတတ်သား။ သွားစမ်း။ စားဖို့ သစ်သီးသွား ယူလာ ခဲ့။ လတ်လတ် ဆတ်ဆတ် စားချင်တယ်။ မကောင်းတဲ့ အသီး တစ်လုံးပါရင် နင့်သွားတစ်ချောင်းကို ချိုးပြစ်မယ်။” ရှန်းယွီ မင်းသမီး ခေါင်းငြိမ့်တယ်။
“ တစ်ပန်းကန် က မနည်းလွန်းဘူးလား။”
“ဘာလဲ။ နင့်လို သက်တော်စောင့် လေးက ငါ့သစ်သီး တွေကို စားချင်နေတာလား၊” ရှန်းယွီ မင်းသမီး စိတ်ပျက်လက်ပျက် နဲ့ ပြောတယ်။
“ ကျွန်တော်က မင်းသမီး အတွက် တွေးနေတာပါ။ စကားပုံ တွေ ပြောသလိုပဲ။ ကောင်းတဲ့ ပစ္စည်းတွေက အစုံ လိုက် လာတယ်။ မင်းသမီး ။ တွေးကြည့် လိုက်ပါ။ ဒီလို နေ၇ာ မျိုးမှာ တစ်ယောက်တည်း စားရ သောက်ရတာထက်။ လူတစ်ယောက်က မင်းသမီး အနားမှာ ပုံပြင် တွေ ပြောပေးမယ် ဆိုရင် ပိုပြီး စိတ်၀င် စားဖို့ မကောင်းဘူးလား။ ” ဖန်ကျန်းရှီ အမူအယာ လက်ဟန် ခြေဟန်နဲ့ ရှင်းပြတယ်။ ”
“ အိုး။ နင်က ပုံပြင်လည်း ပြောတတ်တယ်လား။” ရှန်းယွီမင်းသမီး အံ့သြသွားတယ်။
“ဒါပေါ့။ ကျွန်တော်က ပုံပြင်တွေ အများကြီး ပြောတတ်တယ် ။ ဥပမာ - အနောက် အရပ်သို့ ခရီးသွားခြင်း ။ ပင်လယ်ဖြတ်တဲ့ နတ်မင်း ကိုးပါး။ စွန်းဝူခုန်းနဲ့ အရိုးဖြူမိစ္ဆာ …. အများကြီး အများကြီး ပြောတတ်တယ်။” ဖန်ကျန်းရှီ ဂုဏ်ယူဝံ့ကြွားရင်း ပြောတယ်။
“ကောင်းပြီ။ ခွင့်ပြုတယ်။” ရှန်းယွီ မင်းသမီး ချက်ခြင်း စကား ဖြတ်တယ်။
“ ကျေးဇူးကြီးလှပါတယ်။ အရှင်မင်းသမီး။”

စကားပုံတွေ ပြောသလိုပဲ။ ငါ့လက်ထဲမှာ အာဏာ၇ှိရင်။ လောကကြီးက ငါ့အပိုင်ပဲ။
စစ်တပ်ထဲ ၀င်ရောဖို့ ဆုံးဖြတ်ပြီးပြီ။ ရှန်းယွီမင်းသမီးရဲ့ သက်တော်စောင့်လေး ကောင်းကောင်းလုပ်ရမယ်။ တစ်ရက်တာ ဘုန်းကြီး၀တ်ရခြင်းက တစ်ရက်တာ အုန်းမောင်းခေါက်ရခြင်းပဲ။ အုန်းမောင်းမခေါက်တဲ့ ဘုန်းတော်ကြီးက ဘုန်းတော်ကြီးကောင်း မဟုတ်။ (တရုတ်ဘုန်းကြီးတွေခေါက်တဲ့ လုံးလုံးလေး။)
မင်းသမီး ရဲ့ တဲထဲကနေ ခေါင်းမော့ရင်ကော့ပြီး ထွက်လာတယ်။ သူ့ မျက်နှာမှာတော့ အလွန်အမင်းပီတိ ဖြစ်နေ ဟန်ပဲ။ အခုတော့ ရှန်းယွီ မင်းသမီး ရဲ့ အမိန့်နဲ့ သစ်သီးတွေ သွားယူပေးရတော့မယ်။ ငါ့ကို ဆန့်ကျင် ဝံ့တဲ့သူ ဒီ စစ်တပ်မှာ ရှိသေးလား။
“ဟန့်။ သောက်ကလေး။ မင်း မသေသေးဘူးလား။” အေးစက်စက် အသံထွက်လာတယ်။ စိတ်ပျက်လက်ပျက် ဖြစ်နေတဲ့ စစ်သူကြီးတိုင်ကို သူ တွေ့လိုက်တယ်။ ရဲဒင်းကြီးကို လက်မှာ ကိုင်ရင်း။ နောက်လိုက်နောက်ပါ စစ်သည်တွေအများကြီးနဲ့ ရပ်နေတယ်။ သူ့ စိတ်ထဲမှာ။ ရှန်းယွီမင်းသမီး ဒီကောင်စုတ်လေးကို မသတ်တာ ။ အသစ်အဆန်း ပျော်ရွှင်စရာလေး လိုချင်လို့ ဖြစ်မယ်။ သူ ဒီလို ထင်တယ်။ မင်းသမီးသာ ငြီးငွေ့သွားရင် ။ ဒီကောင်စုတ်လေး သုံးစက္ကန့်တောင် အသက်ရှင်နိုင်မှာ မဟုတ်ဘူး။
ဒါဆိုရင်….. သတ်ဖို့ အချိန် ကျမယ်။
“ အဖိုးကြီး တိုင် လို့ ခေါ်တဲ့ လူကြီး။ ခင်ဗျားကို ပြောမယ်။ မင်းသမီးက ဆာနေပြီတဲ့။ သစ်သီး နှစ်ပန်းကန် မြန်မြန်သွားယူ ပေးစမ်း။” ဖန်ကျန်းရှီ မြက်တစ်ပင်ကို ပါးစောင်မှာ ငုံထားတယ်။ စစ်သူကြီးတိုင်ကို လှမ်းအော်တယ်။ “ ငါက ကြီးမြတ်တဲ့ ကျား စစ်သူကြီး။”
“ မင်းသမီးက အမိန့်ပေးလိုက်တယ်။ ဘာလဲ ဆန့်ကျင် ချင်တာလား။” ဖန်ကျန်းရှီ ဂရုမစိုက်ဘူး။ ခေါင်းကို တစ်ဖက် လွှဲရင်း ပြောတယ်။
“မင်း … သောက်ကလေး။” စစ်သူကြီးတိုင်ရဲ့ မျက်လုံးတွေ ဝိုင်းစက်သွားတယ်။
“ကြည့်ရတာ အမိန့်မနာခံ ချင်ပုံပဲ။ ရတယ်လေ။ မင်းသမီးကို သွားပြောလမယ်။” ဖန်ကျန်းရှီ ချက်ခြင်း ပြန်လှည့်တယ်။
“ ခနနေအုန်း…. မင်း ….  သစ်သီး နှစ်ပန်းကန် ယူလာခဲ့ မင်းသမီး တဲကို သွားပို့ပေးလိုက်။”
“အမိန့်တော် အတိုင်းပါ။” စစ်သည် ချက်ခြင်း ပြေးထွက်သွားတယ်။
“ ကြည့်ရတာ သိပ်မဟုတ်သေးဘူး။ မင်းသမီးက ကြီးမြတ်တဲ့ ကျားစစ်သူကြီုး တိုင် ကိုယ်တိုင် သစ်သီးလာပို့ ခိုင်းတာ။ ကျွန်တော်လည်း မသိဘူးး ။ စစ်သူကြီး အခုလို လုပ်နေတာ စစ်တပ် အမိန့်။ မင်းသမီး အမိန့်ကို ဆန့်ကျင်ရာ ရောက်နေမလား။” ဖန်ကျန်းရှီ ပြောတယ်။
“ သောက်ကလေး ။ အတင့်ရဲလိုက်တာ။” စစ်သူကြီး တိုင် သိသိသာသာ ဒေါသထွက်လာတယ်။ ဒါပေမယ့် သူ့မှာ ေ၇ွးစရာ မရှိ။
“မျက်လုံးကို ရှင်ရှင်ထား။ ကျယ်ကျယ်ဖွင့်ထား။ သစ်သီးကို ကောင်းကောင်းေ၇ွးခဲ့။ ပုတ်နေတာ တစ်လုံးရှိရင်။ မင်း သွားကို ချိုးပြစ်မယ်။” ဖန်ကျန်းရှီ လှမ်းအော်ပြီး အမိန့်ပေးတယ်။
“ ငလူးပဲ။ ဒီ သောက်ကလေး ကို ဒီနေ့ ငါမသတ်နိုင်ရင်။ ငါ့ မျိုးရိုးက တိုင် မဟုတ်တော့ဘူး။ ဘယ်သူမှ ငါ့ကို မတားနဲ့။” စစ်သူကြီးတိုင် သည်းခံ နိုင်စွမ်း ကုန်ဆုံးသွားခဲ့ပြီ။ သူ့ မျက်နှာ မည်းမည်း နီရဲ လာတယ်။ သစ်ကိုင်းခြောက်ကြီး မီးရှို့ခံ လိုက်ရသလိုပဲ။ ချက်ခြင်း ဒေါသမီးတွေ တောက်လောင်လာတယ်။
ဒီအချိန်မှာ။ တောင်ပိုင်းဒေသ ရဲ့ ရဲစွမ်းသတ္တိတွေ ပေါ်လာတယ်။
ကျားစစ်သူကြီး တစ်ယောက် က။ သူ့ လက်အောက်ခံ စစ်သည်တွေ ရှေ့မှာ အရှက်တကွဲ ဖြစ်လို့ ရမှာလား။
စစ်သူကြီးတိုင် သူ့ ရဲ့  ရဲဒင်း ကြီးကို လွှဲယမ်းတယ်။ ပုခုံ း ကြွက်သားတွေ ချက်ခြင်း ဖောင်းကြွလာပြီ။ မူလ အရွယ် အစားထက် နှစ်ဆ နီးပါး ကြီးလာတယ်။ သူ့ မုတ်ဆိတ်မွှေး နှုတ်ခမ်းမွှေးတွေ သံမဏိ အပ်လို ထောင်လာတယ်။
“ တိမ်သဏ္ဍာန် မရှိဘူးပဲ။” ဖန်ကျန်းရှီ စိတ်ပျက်သွားတယ်။ စစ်သူကြီးတိုင်ကို သူ ကြည့်နေတယ်။ သူမျှော်လင့် နေတဲ့ တိမ်သဏ္ဍာန်ကို စစ်သူကြီး ရဲ့ ကိုယ်ပေါ်မှာ တွေ့ရမယ် ထင်ထားခဲ့တာ။ အခုတော့ မတွေ့ရဘူး။ ဘာဖြစ်တာလဲ။ ခန နေပါအုန်း။ ကြည့်ရတာ ပြေးဖို့ အချိန် ရောက်ပြီ။
“ မင်းသမီး။ ကျွန်တော့်ကို ကယ်ပါအုန်း။” ဖန်ကျန်းရှီ နှစ်ခါမတွေးပဲ အော်တော့တယ်။
“ဘာဖြစ်တာလဲ။” ဖန်ကျန်းရှီ အသံ ထွက်လာသလို။ တဲ လိုက်ကာလည်း ပွင့်လာတယ်။ ရှန်းယွီ မင်းသမီး ေ၇ှ့ထွက်လာတယ်။ ပတ်ပတ်လည်က စစ်သည်တော်တွေကို လှမ်းကြည့်တယ်။
“အရှင်မင်းသမီး။” စစ်သည် အားလုံး မြေကြီးပေါ်မှာ ချက်ခြင်း ဒူးထောက် လိုက်တယ်။ စစ်သူကြီး တိုင်ရဲ့ မှုတ်ဆိတ်မွှေးတွေလည်း ချက်ခြင်း ပြန်နူးညံ့သွားတယ်။ ခေါင်းပေါ်မြှောက်ထားတဲ့ ရဲဒင်းကြီးကို နောက်ဆုံးမှာတော့ အောက်ချ လိုက်ပြီ ။
“စစ်သူကြီး တိုင် ဘာလုပ်နေတာလဲ။” ရှန်းယွီ မင်းသမီး လှမ်းမေးတယ်။
“ မင်းသမီး အနားယူနေတာ နှောက်ယှက်မိပါပြီ။ ကျွန်တော် မျိုး သေသင့်ပါတယ်။ ဒါ… ဒါပေမယ့် …… ဒီ ကလေးက လွန်လွန်းတယ်။ ကျွန်တော်။ အဖိုးကြီးတိုင်။ မင်းသမီး လက်အောက်မှာ အမှုထမ်းခဲ့တာ နှစ်တွေ ကြာခဲ့ပါပြီ။ ဒီလို အနိုင်ကျင့် စော်ကားခံရ တာမျိုး ကျွန်တော်မျိုး မကြုံဖူးပါဘူး။  ”   စစ်သူကြီးတိုင် အသားတွေ တဆတ်ဆတ် တုန်နေတယ်။ သူ့ စကားဆုံးအောင် ပြောပြီးပြီ။ မျက်ရည်တွေတောင်ဝဲ နေတယ်။
“ အနိုင်ကျင့်တယ်။ ဘယ်သူက အနိုင်ကျင့်တာလဲ။” ရှန်းယွီ မင်းသမီး ဘေးမှာ ရပ်နေတဲ့ ဖန်ကျန်းရှီကို လှမ်းပြောတယ်။ စစ်သူကြီးတိုင်ကို လှမ်းကြည့်တယ်။
“ ဒီ ကလေး က တကယ့်ကိုပဲ။” စစ်သူကြီးတိုင် ဖန်ကျန်းရှီကို လက်ညှိုးထိုး ပြတယ်။
ဖန်ကျန်းရှီ က စစ်သူကြီးတိုင်ကို လုံး၀ မလေးစားတဲ့ ပုံ အထင်းသား ပေါ်နေတယ်။ သူက မင်းသမီး ရဲ့ ကိုယ်ပိုင် သက်တော်စောင့်လေ။ ေ၇ှးေ၇ှးတုန်းက ဆိုရင်။ သက်တော်စောင့်က  မင်းသမီး ရဲ့ အယုံကြည် ရ ဆုံး နောက်လိုက်ပဲ။  မင်းသမီးက သူ့ကို အာဏာကုန် လွှဲထားတာ။ အဲ့တော့ ဒီစစ်သူကြီးက ဘာလုပ်လို့ ရမှာလဲ။
“ ငါ သိပြီ။ တောင်ပိုင်း ဒေသ စည်းမျဉ်းအရ ဆိုရင်။ လူတွေ ေ၇ှ့မှာ အနိုင်ကျင့် ခံ ရရင်။ ဘာလုပ်သင့်လဲ။” ရှန်းယွီ မင်းသမီး ခေါင်းငြိမ့်တယ်။
“ သတ်ရမယ်။” စစ်သူကြီး တိုင် အလွန်အမင်းကို ကျေနပ် အားရ နေတယ်။
“ဟုတ်တယ်။ ဒါပေမယ့် သူက ငါ့ရဲ့ ကိုယ်ပိုင်သက်တော်စောင့် ။ သတ်ဖို့ မလိုဘူး။ တစ်ချက် ကောင်းကော င်း ရိုက်ဖို့ပဲ လိုတယ်။  အိပ်ယာထဲက သုံးရက်လောက် မထ နိုင်အောင် ရိုက်ပြစ်လည်း ရတယ်။ ဒါပေမယ့် အသက်တော့ မသေစေနဲ့။ ရှင်းပြီလား။” ရှန်းယွီ မင်းသမီး ပြုံးပြရင်း ပြောတယ်။
“ ရှင်းပါပြီ။” စစ်သူကြီး တိုင် ပျော်၇ွှင်သွားတယ်။ တောင်ဆိတ်လေးကို ခုန်အုပ်ကိုက်ဖြတ်ဖို့ ပြင်နေတဲ့ ခြင်္သေ့ကြီး တစ်ကောင်လိုပဲ။
ဖန်ကျန်းရှီက တော့ တုန်ယင်နေပြီ။  ဟန့်။ ကြည့်ရတာ မလွယ်ကျောပဲ။ သက်တော်စောင့်ဆိုတာ မင်းသမီး အယုံကြည်ရဆုံးသူ မဟုတ်ဘူးလား။ သူ့ အမိန့်အာဏာ နဲ့လည်း တိုက်ရိုက်ကျတယ်လေ။ ဘယ်လိုပဲ ဖြစ်ဖြစ် ။ အခု ကိစ္စကတော့ နည်းလမ်းမကျဘူး။ ဇာတ်ညွှန်းကြီးတစ်ခုလုံး အကြီးအကျယ် ပြောင်းလဲသွားတာလား။  ဖန်ကျန်းရှီ သူ ပြေးသင့်ပြီလို့ ထင်တယ် ။ ဒါပေမယ့် ဒီ တပ်နယ်မြေက ကြီးလွန်းတယ်။ ဘယ်နေရာကို ပြေးရမှာလဲ။ လွယ်လွယ်ကူကူ ပြေးလို့ ရမယ့် နေရ မတွေ့ဘူး။ ငါတော့ သွားပြီ။
ကိစ္စကို ရိုးရိုးလေး တွေးလိုက်မိတာ မှားသွားတယ်။ ငါက ကြီးမြတ်သော ရှမင်းဆက်က ။ ငါ့မင်းသမီးးက တောင်ပိုင်းဒေသ က။ တောင်ပိုင်းဒေသ စစ်သူကြီးနဲ့။ ရှမင်းဆက်က သက်တော်စေ ာင့် ဆိုရင် ။ ဘယ်သူ့ကို အေ၇းပေးမလဲ သိသာ နေတာပဲ။  ယှဉ်လို့တောင်မရဘူးလေ။
“ မင်းသမီး….. ကျွန်တော်က ပုံပြင်တွေတောင် မပြောရ သေးဘူးလေ။ ကျွန်တော်သာ အရိုက်ခံရလို့ မထ နိုင်ရင်။ ဘယ်လို လုပ်ရမလဲ။” ဖန်ကျန်းရှီ အသနားခံတယ်။
“ ကိစ္စမ၇ှိဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ် ။ နင်မှ မသေပဲ။ နောက်တော့မှ အေးအေး ပုံပြင်ပြောပြပေါ့။” ရှန်းယွီ ပြုံးပြရင်း ပြောတယ်။ ဖန်ကျန်းရှီကို ရယ်မောနေတယ်။
“ နောက်မှ အေးဆေးပြော။ သေမှ မသေပဲ။” ဒီမင်းသမီးက အကြင်နာ တရားမှရိလိုက်တာ။ အနည်းဆုံးတော့ သနားကြင်နာမှုလေးပြသင့်တယ်လေ။
“ ကောင်စုတ်လေး။ လက်နက်ေ၇ွးစမ်း။ လက်နက်မရှိတဲ့ သူ နဲ့ ငါ မတိုက်ဘူး။ မင်း အခုပဲ ငါ့ သွား တစ်ချောင်းကို ခြိမ်းခြောက်ထားတာ။  ဒီနေ့တော့ မင်းပါးစပ်ထဲက သွားတွေအကုန် ကျွတ်စေရမယ်။” စစ်သူကြိးတိုင် မျက်နှာ ရဲ၇ဲ နီနေပြီ။ ဒါက ပျော်လို့ ဖြစ်တဲ့ ပုံစံပဲ။ အနက်ရောင်ရဲဒင်းကြီး အရောင်တောက်လာတယ်။
“ဝူးးး….. ဝူးးး။။။ ဝူးးးး” သူ့ ရဲဒင်းကြိးကို ဝေ့ယမ်းတယ်။ စစ်သူကြီး တိုင်ရဲ့ ေ၇ှ့မှာ မြေကြီးတွေ ကွဲအက်ကုန်တယ်။ တောင်ပိုင်းဒေသရဲ့ ကျားစစ်သူကြီးက အားနည်းသူ မဟုတ်ဘူး။ “ စစ်သူကြီးတိုင် ရဲ့ အစွမ်းကို သိခွင့်ရှိပါရစေ။” မြေကြီးတွေ အက်ကုန်တာကို ကြည့်ရင်း ဖန်ကျန်းရှီ လှမ်းမေးတယ်။ ဒီလောက်တော့ သူလည်း လုပ်နိုင်တယ်။ ဒါပေမယ့် စစ်သူကြီးတိုင်လိုတော့ မလွယ်ကူ ဘူးး။
“သိပ်မမြင့်ပါဘူး။ မင်းတို့ ရှမင်းဆက်နဲ့ တွက်ရင်။ ငါက သဘာ၀လွန် အလယ်အဆင့်မှာပဲ ရှိသေးတယ်။
  စစ်သူကြီးတိုင် အေးစက်စက် ပြုံးပြတယ်။ “သဘာ၀လွန် အဆင့်။” ဖန်ကျန်းရှီ နဖူးမှာ ချွေးသီးချွေးပေါက်တွေ ပေါ်လာတယ်။ ငလူးပဲ။ ဒါက မမြင့်ဘူးတဲ့လား။
အသက် ၄၀ ၅၀ လူကြိးက အသက်၂၀ တောင် မပြည့်သေးတဲ့ ကလေးကို အနိုင်ကျင့်နေတာပဲ။ လုပ်ရဲလိုက်တာ။ ဖန်ကျန်းရှီ နောက်တစ်လှမ်း ဆုတ်သွားတယ်။ သူ့နဖူးမှာတော့ ချွေးစို့ နေပြီ။ လေအေးအေးက တိုက်နေတယ်။ သူ ခေါင်းကို ဖြည်းဖြည်း ချင်း မော့တယ်။ ကောင်းကင်မှာ လွင့်မျောနေတဲ့ တိမ်တွေကို ကြည့်တယ်။ ဘေးပတ်လည်က စစ်သည်တွေကို ကြည့်တယ်။ ပတ်၀န်းကျင်က ကျောချမ်းစရာပဲ။ သူ့ နားကို စစ်သူ ကြီးတိုင် တဖြည်းဖြည်း နီးလာပြီ။
“ ဒါက ကိုယ်ကိုတိုင် မွှေးမိတဲ့ မီးပဲ။”
အပိုင်း(၃၃၆)ပြီး၏။

နတ်ဘုရားမုခ်ဝ အတွဲ ၂ နတ္ဘုရားမုခ္ဝ အတြဲ၂ (201-355)Where stories live. Discover now