အပိုင်း (၂၅၈) " သူတို့ အားလုံးကို သတ်"

333 52 0
                                    


အပိုင်း (၂၅၈)
“ သူတို့ အားလုံးကို သတ်”
Translator: Sparrow Translations  Editor: Sparrow Translations

ရွာသားတွေအားလုံးဟာတော့ မျက်လုံးပြူးနေခဲ့တယ်။

သူတို့ဟာ  စစ်တပ်က ရှုံးသွားခဲ့ပြီလို့ ထင်နေခဲ့တာ ဖြစ်တယ်။ ခေါင်းဆောင်တွေ အားလုံးဟာတော့ ဖန်ကျန်းရှီ ဓားကို လက်လွှတ်လိုက်တဲ့ အချိန်မှာ အခွင့်ကောင်း ကို အမိအ၇ ယူလိုက်တာ ဖြစ်တယ်။

ရွာသားတွေဟာတော့ ဒီအကြောင်း ရိုးရိုးရှင်းရှင်းကို နားမလည်နိုင်တာ ဖြစ်တယ်။

ဒါပေမယ့်လည်း ဖန်ကျန်း၇ှီကတော့ နားလည်တယ်။  ဒါက ခေါင်းဆောင်တွေရဲ့ နောက်ဆုံးလမ်းလည်း ဖြစ်တယ်။  အကယ်၍ သူသာ မသေခဲ့၇င်   စစ်တပ်မှာ တစ်သက်တာ ပတ်လုံး အရှက်ရစွာ အသက်ရှင်ရမှာ ဖြစ်တယ်။

သူတို့ ဟာ ဖန်ကျန်းရှီကို ကြောက်လန့်သော်ငြား သူတို့ရဲ့ ခေါင်းဆောင်တွေကိုလည်း မလွန်ဆန်ရဲတာ ဖြစ်တဲ့ အတွက်  စစ်သည်တွေဟာ လှံတွေကို ဆွဲကိုင်ရင်း တိုက်ခိုက်ဖို့ ပြင်လိုက်ကြတယ်။

နောက်ပြီးတော့ ဖန်ကျန်းရှီက သူတို့ရဲ့ ညီနောင်တွေကို အများကြီး သတ်ထားခဲ့တာ။  သူတို့ နဲ့ အတူ အသက်စွန့်ပြီး တိုက်ပွဲ ၀င်ခဲ့ကြတဲ့ ညီနောင်တွေကို သတ်ပစ်ခဲ့တာဖြစ်တယ်။

ချီရှင်းလိန်ဟာတော့ လှံမိုးကို မြင်ချိန်မှာ ဖြူဖျော့သွားခဲ့တယ်။ သူမဟာ သူ့ကိုယ်သူ ဒိုင်း အဖြစ်သုံးပြီးတော့ ဖန်ကျန်းရှီကို ကာကွယ်ပေးဖို့ ကြိုးစားလိုက်တယ်။

ဖန်ကျန်းရှီဟာလည်း သူ့ အမေ ဘာလုပ်ဖို့ ကြိုးစားနေလဲ ကောင်ကောင်းသိတယ်။  လှံတွေကို မြင်လိုက်ချိန်တည်းက သူမရဲ့ အတွေးကို အတိ အကျ သိလိုက်ပြီ။ ဘာကြောင့်လဲ ဆိုတော့။ သူမဟာ သူ့ရဲ့ မိခင်။

သူ့ အမေ သူ့ေ၇ှ့မှာ ရပ်ပြီး  မကာဆီး နိုင်ခင်မှာပဲ။ သူဟာ သူ့ မိခင်ကို တစ်ပတ်လှည့်လိုက်ပြီးတော့ လှံတွေဘက်ကို ကျောပေးထားခဲ့တယ်။

ချီရှင်းလိန်ဟာတော့ တုန်ယင်နေပြီးတော့ နဖူးကနေ ချွေးသီးချွေးပေါက်တွေ ကျနေခဲ့တယ်။ သူမရဲ့ အမှားကိုလည်း နားလည်သွားမိတယ်။ သူမ ဒီလို ပြေးမထွက်လာသင့်ဘူး။  ကျန်းရှီက ဘယ်လောက်ပဲ စစ်သည်တွေကို များများသတ်ပါစေ။ သူမရဲ့ သား ဖြစ်နေဆဲပဲ။

နတ်ဘုရားမုခ်ဝ အတွဲ ၂ နတ္ဘုရားမုခ္ဝ အတြဲ၂ (201-355)Where stories live. Discover now