အပိုင်း (၂၄၈) " အဆုံးမဲ့လောက၏ မျက်နှာစစ်"

379 46 0
                                    

အပိုင်း (၂၄၈)
“  အဆုံးမဲ့လောက၏ မျက်နှာစစ်”
Translator: Sparrow Translations  Editor: Sparrow Translations

ဝတ်ရုံနက် လူကိုးဦးဟာတော့ ပိုင်ရှင်းကို အလယ်မှာ ထားပြီး စက်ဝိုင်း သဖွယ် ၀န်းရံ ထားတာ ဖြစ်တယ်။ သူတို့ရဲ့ ကိုယ်ဟာတော့  သားရဲကောင်တွေကို တိုက်ခိုက်ချိန်မှာ တောက်ပ လာခဲ့တယ်။

သူတို့ နဖူးပေါ်က အစိမ်းဖျော့ရောင် အလင်းတန်းဟာတော့   တဖျတ်ဖျတ် လက်နေခဲ့တယ်။

သဘာဝလွန်အဆင့် ကျင့်ကြံသူတွေ အနေနဲ့  သူတို့ဟာ သားရဲကောင်တွေကို အေးဆေးစွာ တိုက်ခိုက်နိုင်ကြတယ်။

သို့သော်ငြားလည်း  သားရဲကောင် အုပ်စုလိုက်ကြီးဟာတော့  ထူးခြားတယ်။  သူတို့ရဲ့ ခြေလက်တွေ နဲ့ အရှိန် နှုန်းဟာတော့ ကန့်သတ်လို့ မရနိုင်အောင် ဖြစ်ခဲ့တယ်။ 

ညီလာခံ ခန်းမထဲမှာ တော့ သားရဲ ကောင်  တွေဟာ များပြားလွန်းလှတယ်။  မီးတောက်မြေခွေးပြာ ၁၀၀၀ ကျော်။ သတ္တု လက်ေ၇ွှဝံ  တွေ  ဂျိုသုံးချောင်း  ကြံ့ဖြူ ။ နဲ့  မိုးကြိုးခြင်္သေ့တွေ အကောင် ၄၀၀၀ ကျော် ရှိနေတာ ဖြစ်တယ်။

ရှင်းယွမ်းကောင်းရဲ့ စိတ်ဟာတော့ ကောင်းကင်တာအို သုခမိန်ကျောက်ဖျာကို ရှာဖို့ အဓိက ရှိနေတာ ဖြစ်တယ်။ ကန်လင်းတောင်ဟာ ကြီးမြတ်သော ရှ မင်းဆက်  ရဲ့ နယ်နိမိတ် အတွင်းမှာ ရှိနေတာ ဖြစ်တယ်။  အန္တရာယ် များလှတဲ့ နေရာ ဖြစ်ပေမယ့်လည်း  တပ်နီတော် နဲ့ တောင်ဖြိုတပ်ဖွဲ့ နှစ်ခု ဆို လုံလောက်ပါတယ်။  သူတို့ဟာ  မြောက်ပိုင်း ကျောင်းတော် ငါးခုရဲ့ အဓိက ထောက်တိုင်တွေ ဖြစ်တယ်။

သူဟာ မြို့တော်က နေ အလောတကြီး ထွက်ခွာလာခဲ့တာ ဖြစ်တဲ့ အတွက် သူနဲ့ အတူ  သဘာဝလွန် အဆင့် ၂ ဦးကိုသာ ခေါ်လာခဲ့တာ ဖြစ်တယ်။

ဒီလို နဲ့ပဲ သူဟာ  တပ်နီတော် နဲ့ တောင်ဖြို တပ်ဖွဲကို  သားရဲကောင်တွေ နဲ့ တိုက်ခိုက်ခြင်း ရှောင်ကြဉ်စေခဲ့တယ်။ ပိုင်ရှင်းနဲ့ ၀တ်ရုံနက် လူကိုးဦးကိုသာ အဓိက တိုက်ခိုက်စေတာ ဖြစ်တယ်။

ဒီလို နည်းနဲ့ သူတို့   ဟာ  ၀တ်ရုံနက် ကိုးဦးကို ကောင်းကောင်းထိန်းချုပ်ထားနိုင်ခဲ့တယ်။

နတ်ဘုရားမုခ်ဝ အတွဲ ၂ နတ္ဘုရားမုခ္ဝ အတြဲ၂ (201-355)Where stories live. Discover now