အပိုင်း (၂၃၈) " ချီကူယန်ရဲ့ စွမ်းရည်"

578 61 0
                                    

အပိုင်း (၂၃၈) 
“ ချီကူယန်ရဲ့ စွမ်းရည်”
Translator: Sparrow Translations  Editor: Sparrow Translations

ဖန်ကျန်း၇ှီဟာ ယုံကြည်မှု ရှိ၇ှိ ပြောနေသလို သူ့ရဲ့ အသံ မှာလည်း ပြောင်းလဲ မှု အနည်းငယ် ပါနေခဲ့တာ ဖြစ်တယ်။

ဖန်ကျန်းရှီ ရဲ့ အမူအယာကို မြင်ချိန်မှာတော့  ချီကူယန်ဟာ တည်ငြိမ် လေးနက်နေခဲ့တယ်။

ကန်လင်းတောင်ဟာ ကြီးမြတ်သော ရှမင်းဆက်ရဲ့ ရှေးအကျဆုံးသော တောင်တစ်ခု ဖြစ်တယ်။  နှစ်ပေါင်း ၁၀၀၀၀ ( တစ်သောင်း) ကျော် နီးပါး ကြာအောင်  ကြီးမြတ်သော ရှမင်းဆက် သမိုင်းမှာ တည်ရှိခဲ့ တာ ဖြစ်တယ်။

နယ်မြေထဲကို  ၀င်ရောက်စီးနင်းထားပေမယ့်လည်း  နယ်မြေ တစ်ခုလုံးကို  ကျွမ်းကျင်နေပြီလို့တော့ မဆို လို နိုင်ဘူး ဖြစ်တယ်။

ကန်လင်းတောင်ဟာ ထူးခြား လှတယ်။ အံ့ဖွယ် တစ်ခု ။ တူးဖော်ခြင်း မပြုရသေးတဲ့ ရတနာသိုက် တစ်ခု ဖြစ်တယ်။   တောင်ထဲမှာ  ဘယ်လို သားရဲ ကောင် တွေ ရှိလဲ ဘယ်လောက်များများရှိသလဲ ဆိုတာ ဘယ်သူမှ မသိဘူး ဖြစ်တယ်။

လူသားတွေဟာ  အင်အားကြီးတဲ့  သားရဲကောင် တစ်ချို့ကို လေ့ကျင့်ပေးပြီးတော့ စစ်တပ် အင်အားကို ဖြည့်ဆည်းခဲ့ကြတယ်။  သို့ပေမယ့်လည်း   စစ်မှန်တဲ့ မျိုးရိုးမြင့် သားရဲကောင်တွေ ဟာတော့ အသိဥာဏ်လည်း မြင့်မားလှတယ်။  လူသားတွေရဲ့ လက်အောက်ကို ကျရောက် မခံ ဘူး ဖြစ်တယ်။

ဒီလို သားရဲ ကောင်ကြီးတွေဟာ တောင်ထဲမှာ နေထိုင်ပြီးတော့ နယ်မြေ ဒေသ အဆီအနှစ် ( အကောင်းဆုံးသယံဇာတ) တွေကို စားသုံးရင်း အင်အားကို ဖြည့်တင်းတယ်။   အရာအားလုံး ဖြစ်တည်မှု တာအို ကိုလည်း နားလည် ကြတယ် ။ ဒီ့အတွက်ကြောင့်   သူတို့ရဲ့ ရက်စက်မှု နဲ့ သတ်ဖြတ်လိုစွမ်းတွေဟာ စစ်ပွဲ ရလဒ်တွေကို ပြောင်းပြန် လန်စေနိုင်တယ်။  အင်အားပြည့်ဝ လွန်းလှတဲ့ သားရဲကောင်တွေကို ဧကရာဇ် မင်း ကိုယ်တိုင် ။  သုခမိန်ကြီးလေးဦးနဲ့  ကျောင်းတော် ၁၃ ခုတောင်မှ လိုလိုလားလား မတိုက်ခိုက်ရဲဘူး ဖြစ်တယ်။

ပုံမှန် အတိုင်း ဆိုရင်တော့

ဒီလို အင်အားပြင်းထန်လှတဲ့ သားရဲကောင်ကြီးတွေဟာ  တောင် ထိပ်တွေမှာ နေထိုင်တာ ဖြစ်တယ်။  လူသားတွေ နဲ့ စည်းခြားထားပြီးတော့ သူတို့ဟာ မြင့်မားတဲ့  ယဉ်ကျေးမှုကို ထိန်းသိမ်းသူတွေ သဖွယ် ဖြစ်တယ်။

နတ်ဘုရားမုခ်ဝ အတွဲ ၂ နတ္ဘုရားမုခ္ဝ အတြဲ၂ (201-355)Donde viven las historias. Descúbrelo ahora