အပိုင်း ( ၂၂၈)" ဓားကို ဆက်သမည်လော။ ဖိအားပေး၍ လုယူခံမည်လော။"

574 66 0
                                    

အပိုင်း( ၂၂၈) "ဓားကို ဆက်သမည်လော။ ဖိအားပေး၍ လုယူခံမည်လော။"

Translator: Sparrow Translations Editor: Sparrow Translations

ဓား ၀ိဥာဉ်က သခင်ကို အသိအမှတ်ပြုလိုက်ပြီလား။

အမတ်မင်းတွေ ရဲ့ အပြုံးမျက်နှာဟာတော့ တုန်ယင်နေတဲ့ စစ်သူကြီးကျင်းကို မြင်ချိန်မှာ ပျောက်ကွယ်သွားတော့တယ်။ သူတို့အားလုံးဟာ အခုချိန်မှာတော့ တူညီတဲ့ အတွေးတစ်ခုကိုသာတွေးနေကြတာ ဖြစ်တယ်။

ဒါပေမယ့်လည်း ဘယ်သူကမှ ထုတ်မပြောဝံ့ကြဘူး။

ဝန်ကြီးချုပ် ယွီယိဖျင်ရဲ့ မျက်နှာဟာတော့ ရှုံ့မဲ့နေခဲ့တယ်။

သွမ့်အရှင် ၊ အိမ်ရှေ့စံမင်းသား လင်းထျန်းရုံ နဲ့ ညီလာခံ ခန်းမထဲက အမတ်မင်းတွေ မျက်နှာ ဟာလည်း တူညီစွာ ပျက်ယွင်းနေခဲ့တယ်.။ သူတို့ ထဲမှာ အဆိုးဆုံး ဖြစ်နေသူကတော့ စစ်သူကြီး ကျင်းပါပဲ။

စစ်သူကြီး ကျင်းရဲ့ မျက်လုံးတွေဟာ သွေးကြောတွေ ပေါက်ထွက်မတတ် ရဲရဲ နီနေပြီးတော့ ဖိကိုက်ထားတဲ့ နှုတ်ခမ်းဟာလည်း ပြာနှမ်းနေခဲ့တယ်။

ဒီလိုနဲ့ပဲ သူ့ လက်ထဲက ဓားဟာလည်း လှုပ်ရှားဟန်တောင်မရှိခဲ့ဘူး။ သူ ဘယ်လောက် ပင် ကြိုးစားပါစေ ဓားဟာ ကျောက်သား ထဲက မထွက်လာခဲ့ဘူး ဖြစ် လေတယ်။

အဆိုးဝါးဆုံး သော ခံစားချက်ကတော့ ဧကရာဇ် လင်း မုပိုင် ရပ်ဖို့ အမိန့် မပေးမချင်း သူ မရပ်ဝံ့တာပဲ ဖြစ်တယ်။

ဘယ်သူကမှေ၇ှ့မထွက်လာခဲ့ဘူး။

အကယ်၍ စစ်သူကြီးကျင်းသာ ဓားကို ဆွဲ မထုတ် နိုင်ခဲ့ရင် ဒါဟာ ဓားကို ဆွဲထုတ်ဖို့ အတော်လေး ခက်ခဲ သွားပြီလို့ ဆိုလိုတာပဲ ဖြစ်တယ်။ သူတို့ ထဲက ဘယ်အမတ်မင်း ကမှ ဓားကို ဆွဲ ထုတ်ဖို့ ယုံကြည်ချက် မရှိတော့ဘူး ဖြစ်တယ်။

ဧကရာဇ် လင်းမုပိုင်ရဲ့ အမူအယာဟာတော့ စစ်သူကြီးကျင်းကို ကြည့်နေရင်းနဲ့ပဲ ပြောင်းလဲ သွားတော့တယ်။

ဒီမှာ ပြဿနာ တစ်ခုခု ဖြစ်နေတာကို သူပြောနိုင်တယ။် သို့ပေသော်ငြား တိုင်းပြည် တစ်ခုရဲ့ ဥသျှောင် နဂါးသားတော် တစ်ပါး အနေနဲ့ ဓားတစ်ချောင်း ကြောင့် ပြက်ရယ်ပြု ခံရတာက ဘယ်လိုလုပ် ဖြစ်မှာလဲ။

နတ်ဘုရားမုခ်ဝ အတွဲ ၂ နတ္ဘုရားမုခ္ဝ အတြဲ၂ (201-355)Where stories live. Discover now