အပိုင်း (၂၃၀) " ဒီဓား နာမည်က ခြေရာမဲ့"

584 71 1
                                    

အပိုင်း (၂၃၀)
“ ဒီဓား နာမည်က ခြေရာမဲ့”
Translator: Sparrow Translations  Editor: Sparrow Translations

ဆိုရိုးစကား တစ်ခုရှိတယ်။  လူတစ်ယောက်ဟာ တံတား ပေါ်ကနေ   ရှုခင်းကို ရှုစားနိုင်တယ်။ သို့ပေသော်ငြား   ရှုခင်းကို အမှန်တကယ် ရှုစားသူဟာတော့  ဘုံပြသာဒ် ပေါ်က နေ ကြည့်နေသူ ဖြစ်တယ်။

ဖန်ကျန်းရှီကတော့ အခုချိန်မှာ  ဒီလို ခံစားချက်ကို  ရနေတာ ဖြစ်တယ်။   အချိန်မကျခင်တုန်းက  တခြားသူတွေ ဓားဆွဲထုတ်တာကိုသာ  ဘေးမှာ ရပ်ကြည့်နေခဲ့တာ ဖြစ်တယ်။  

လူတွေကတော့ ပြောင်းသွားပေမယ့်လည်း  ရလဒ်ကတော့ အတူတူပဲ ဖြစ်တယ်။

“လိမ်လိမ်မာမာ ထွက်လာစမ်းပါ။”   ဖန်ကျန်းရှီက ဓားကို  လက်ကိုင်ကနေ တင်းတင်းဆုပ်၇င်း  အော်နေခဲ့တယ်။ အဲ့ဒီ့နောက်မှာတော့ သူဟာ လက်နှစ်ဖက်နဲ့ ဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း နဲ့ ခြေစုံ ကန်ပြီးဆွဲတော့တယ်။ 

တစ်ကြိမ်ပြီး

တစ်ကြိမ် ။

ထပ်ခါ ထပ်ခါ။

အမတ်မင်းတွေ အားလုံးဟာတော့ ဖန်ကျန်းရှီကိုသာ စိုက်ကြည့်နေခဲ့ကြတယ်။ ဒီ ကလေး ဘာလုပ်နေလဲ ဆိုတာ သူတို့ မတွေးတတ်ကြတော့ဘူး။  ဓားကလည်း တစ်လက်မတောင်  ကြွမလာခဲ့ဘူး။

“ သူ က သရုပ်ဆောင်နေတာလား။” အမတ်မင်း တစ်ယောက် ဟာ စကားစလိုက်တယ်။

“ သူက ဓားဆွဲမထုတ်တာ ပိုမဖြစ်နိုင်ဘူးလား။” နောက်ထပ် အမတ်မင်း တစ်ယောက်က ဖြည့်စွက်လိုက်တယ်။

“ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။  ဓားက  သူပဲ ပြစ်လိုက်လို့  မြေ ကြီးထဲ စိုက်သွားတာလေ။ ဘယ်လိုလုပ်  ဆွဲမနုတ်နိုင်တာ ဖြစ်မှာလဲ။  ဓားကသူ့ကို ပိုင်ရှင် အဖြစ် အသိအမှတ်ပြုထားတာ မဟုတ်ဘူးလား။ ”

အမတ်မင်းတွေဟာ တီးတိုးပြောဆိုလာကြတော့တယ်။  ဖန်ကျန်းရှီ ဓား ဆွဲမထုတ်နိုင်တာကို သူတို့ မယုံနိုင် ကြဘူး။

ဖြစ်နိုင်ချေကတော့ နှစ်ခုပဲ ၇ှိတယ်။ တစ်ခုကတော့  ဖန်ကျန်း ရှီက ဧကရာဇ် အမိန့်ကို ဖီဆန်နေတာ နောက်တစ်ခုကတော့ သူကိုယ်တိုင်  ဓားကို ဆွဲမထုတ်နိုင်တာ။

နတ်ဘုရားမုခ်ဝ အတွဲ ၂ နတ္ဘုရားမုခ္ဝ အတြဲ၂ (201-355)Where stories live. Discover now