အပိုင်း (၂၁၂) " နဂါး တပ်ဖွဲ့"

616 68 0
                                    

အပိုင်း (၂၁၂)
“ နဂါး တပ်ဖွဲ့”
Translator: Sparrow Translations  Editor: Sparrow Translations

ယန်မြို့တော် အတွင်းမှာတော့  မိုးသက်မုန်တိုင်း ဟာ ဆက်လက် ကျရောက်နေခဲ့တယ်။

မင်းသားကိုး လင်းယွမ်ကတော့   စိတ်လှုပ်ရှား စိတ်ပူမှုတွေ ကြားမှာ  ဗျာများနေခဲ့တယ်။   မိုးသီးမိုးပေါက်တွေက သူ့ရဲ့  ကိုယ်ပေါ်ကို အရှိန်ပြင်းပြင်းနဲ့ ကျရောက်နေပင်မယ့်လည်း သူဟာ လုံးဝကို ငြိမ်သက်စွာ ရပ်နေခဲ့တယ်။

သူ့ရဲ့ေ၇ှ့မှာတော့ တော်ဝင် ကျောင်းတော် ရှိ နေခဲ့တယ်။  ပန် မိန်းမစိုးဟာ  တော်ဝင်ကျောင်းတော် ရဲ့ တခြား တစ်ဖက်မှာ ရပ်နေပြီးတော့  အထဲမှာ ဧကရာဇ် လင်းမုပိုင် ရှိမရှိ  အတည်ပြုနေခဲ့တယ်။

ဒါဟာ လုံးဝကို  အရေးကြီးလှတဲ့ ကိစ္စရပ် ဖြစ်တယ်။ ဘာကြောင့်လဲ ဆိုတော့ သုခမိန် လောကရဲ့ အတွင်းမှာ ဘာတွေ ဖြစ်နေလဲ မသိနိုင်ဘူး ဖြစ်တယ်။  တော်ဝင် ကျောင်းတော် နဲ့ ဆက်သွယ်မှု ပြတ်တောက်သွားတာဟာ  ကြီးမြတ်သော ရှမင်းဆက်ရဲ့  လုံခြုံမှု အတွက် ပြစ်မှု တစ်ခု ဖြစ်တယ်။

အရေးကြီးဆုံးကတော့ ပင်းယန် မင်းသမီးဟာ အထဲမှာ ပိတ်မိနေတယ်။

ပင်းယန် မင်းသမီးလည်း အထဲမှာ ပိတ်မိနေတယ် ။

ဧကရာဇ် ရဲ့ အချစ်မြတ်နိုးဆုံးသော သမီးတော် ဖြစ်တဲ့ ပင်းယန် မင်းသမီးက  အနည်းငယ် မျှသော ကံမကောင်းခြင်းကိုတောင် ခံစားလို့ ဖြစ်တဲ့သူ မဟုတ်ဘူး။ 

ကြီးမြတ်သော ရှ မင်းဆက်မှာ ပင်းယန် မင်းသမီးရဲ့ အရေးပါမှု ဟာ  အိမ်ေ၇ှ့စံ မင်းသားတောင်မှ မယှဉ်နိုင်တဲ့ အရာ ဖြစ်တယ်။ ဘာကြောင့် လဲ ဆိုတော့ ပင်းယန် မင်းသမီးဟာ ကာကွယ်မှုကို ကိုယ်စားပြုတယ်။ ကြီးမြတ်သော ရှမင်းဆက် တစ်ခုလုံးကို ကာကွယ်မှု။

အကယ်၍ တခြားသော အချိန်မှာ ဆိုရင်တော့  ဒေါသထွက်နေတဲ နဂါးတစ်ကောင် နဲ့ ရင်ဆိုင် ရမယ် ဆိုရင်တောင် မင်းသားကိုး လင်းယွမ်ဟာ  တော်ဝင် ကျောင်းတော် ထဲကို တွေဝေမှု အလျဉ်းမရှိပဲ ပြေးဝင်သွားမိမှာ ဖြစ်တယ်။

ဒါပေမယ့်လည်း အခုချိန်မှာတော့ သူဟာ ရပ်တန့်နေခဲ့တယ်။

ဘာကြောင့်လဲ ဆိုတော့ မိန်းမစိုး ပန်ရဲ့ ဘေးမှာ တောက်ပတဲ့ သံချပ်ကာ ၀တ်ရုံကို ၀တ်ထားတဲ့  စစ်သည်တပ်ဖွဲ့ကြီးဟာ  တော်ဝင်ကျောင်းတော်ရဲ့ အပြင်မှာ ရပ်တန့်နေကြတာ ကြောင့်ပဲ ဖြစ်တယ်။  မိုးတွေ ဘယ်လောက်ပဲ ရွာနေပါစေ  စစ်သည်တော်တွေရဲ့ ၀တ်ရုံဟာတော့ သန့်ရှင်းနေခဲ့တယ်။

နတ်ဘုရားမုခ်ဝ အတွဲ ၂ နတ္ဘုရားမုခ္ဝ အတြဲ၂ (201-355)Where stories live. Discover now