အပိုင်း (၂၄၄) " အနီရောင် နတ်ဆိုး မျက်လုံး"

377 51 0
                                    

အပိုင်း (၂၄၄)
“ အနီရောင် နတ်ဆိုး မျက်လုံး”
Translator: Sparrow Translations  Editor: Sparrow Translations

ဖန်ကျန်းရှီဟာ သူ့ ကံကို စမ်းသပ်ကြည့်ဖို့ ဆုံးဖြတ်လိုက်ပြီးနောက်မှာတော့ တစ်စုံတစ်ဦးဟာ သူ့ ထက်ပိုပြီးတော့   လှုပ်ရှားတက်ကြွနေတာကို သတိ ထားမိလိုက်တယ်။

ဒီလူဟာတော့ ထုံးစံ အတိုင်း ပင်းယန်ပဲ ဖြစ်တယ်။

ဖန်ကျန်းရှီ မလှုပ်ရှားခင်မှာပဲ ပင်းယန်ဟာ  ပြေးသွားနေခဲ့ပြီးသား ဖြစ်တယ်။

သူမဟာ  တစ်ဝက်ပွင့်နေတဲ့ ကျောက်တုံးတံခါးစီကို ဦးတည်ပြီးတော့ ပြေးခဲ့တာ ဖြစ်တယ်။  ဖန်ကျန်းရှီကိုတောင် မှ စကားမပြောတော့ပဲ  တံခါးဆီကိုသာ လုံးလုံး လုံးလုံး နဲ့ လိမ့်သွားခဲ့တာ ဖြစ်တယ်။

“ ဟ ဟ  ။  ငါ သွားပြီ။ ” ပင်းယန်ဟာ ရယ်မောရင်း ပြောနေခဲ့တယ်။

ဒါဟာ ဖန်ကျန်းရှီင်္ကို အနည်းငယ် စပ်စုလိုစိတ် ဖြစ်စေတယ်။

ပင်းယန်လို မင်းသမီး တစ်ပါး တောင်မှ ဒီလောက်တောင်   အလျင်လိုနေ ရတယ်။  ကောင်းကင်တာအို ကျောက်ဖျာ ဆိုတာ သူ တစ်ခါမှ မမြင် ဖူးဘူးလား။

သူမနည်းနည်းလေးတောင် မတည်ငြိမ်နိုင်ဘူးလား။

ဖန်ကျန်း၇ှီဟာ ချီကူယန်ကို ကြည့်လိုက်တယ်။

ချီင်္ကူယန်ဟာတော့ ဖန်ကျန်းရှီရဲ့ သံသယတွေကို သူ့ အကြည့်တွေကနေ နားလည်နိုင်တယ်။ “  တကယ်တော့ ပင်းယန်က ကောင်းကင်တာအို ကျောက်ဖျာကို တစ်ခါမှ မမြင်ဖူးဘူး။” 

“မင်းကကော”

“ ငါ မြင်ဖူးတယ်။” ချီင်္ကူယန်က ခေါင်းငြိမ့်လိုက်တယ်။

ဖန်ကျန်းရှီ ရဲ့ စိတ်ထဲမှာ မေးခွန်းတစ်ခု ပေါ်လာပြန်တယ်။ ပင်းယန်က ဧကရာဇ် ရဲ့ အချစ်ဆုံး သမီးတော်။ ချီကူယန် တောင် မြင်ဖူးရင် ပင်းယန်လည်း မြင်ဖို့ အခွင့်အရေးရှိမှာပဲ။

တစ်ခုခု လွဲနေတာ မဟုတ်ဘူးလား။

နောက်ပြီးတော့ ချီကူယန်က ကောင်းကင်တာအို ကျောက်ဖျာကို မြင်ဖူးခဲ့တယ် ဆိုရင် သူမက ဘာ လို့ သုခမိန် မဖြစ်သေးတာလဲ။

နတ်ဘုရားမုခ်ဝ အတွဲ ၂ နတ္ဘုရားမုခ္ဝ အတြဲ၂ (201-355)Where stories live. Discover now