အပိုင်း (၂၄၃) " ယဇ်ပလ္လင် "

376 49 0
                                    

အပိုင်း (၂၄၃)
“ ယဇ်ပလ္လင် ”
Translator: Sparrow Translations  Editor: Sparrow Translations

ဖန်ကျန်းရှီ ဒီအကြောင်းရင်းကို  အတော်လေး စိတ်ပူနေတာလည်း အပြစ် မဆိုသာဘူး ဖြစ်တယ်။ နောက်ပြီးတော့  ဓားသံတမန် အဖြစ် ညီလာခံ ခန်းမထဲမှာ ခန့်အပ်ခံရတာကလည်း မြို့တော်မှာပဲ သက်ရောက်မှု ရှိနေသေးတာ။

ဟွေ့အန်းဒေသကို သတင်းရောက်လာတယ် ဆိုရင်တောင်မှ စစ်တပ်ကို  သတင်းရောက်ဖို့ မဖြစ်နိုင်ဘူး။

အကယ်၍ သူသာ မြောက်ရွာမှာ ရှိနေရင်  ဒီကိစ္စတွေက အလွယ် တကူ ဖြေရှင်းပြီးမှာပဲ ။ ဒါပေမယ့် သူသာ အချိန်မှီ ပြန်မရောက်ခဲ့ရင်  ရွာသားတွေက စစ်တပ်ရဲ့  ဒေါသကို တောင့်ခံ နိုင်မှာလား။

ဖန်ကျန်းရှီဟာ အတော်လေးကို   စိုးရိမ်နေခဲ့တယ်။

ဒီအချိန်မှာတော့ မီးတောက်သဖွယ် အလင်းတန်း ဟာ တောက်ပသည်ထက် တောက်ပလာပြိးနောက်  လောင်ကျွမ်းတော့မည့် နှယ် ဖြစ်လာခဲ့တယ်။  တီးတိုး သတ်ဖြတ်ခြင်း အသံ တွေဟာလည်း ပေါ်ထွက် လာတော့တယ်။

“ ယန်လေး” ပင်းယန်ဟာ  ချီကူယန်ကို ကြည့်ရင်း တစ်စုံတစ်ခု သိလိုသိငြား မေးလိုက်တယ်။

“ငါတို့ ဆက်သွားလို့ရလား။” ချီကူယန်ဟာ ချက်ခြင်း မဖြေသေးပဲနဲ့ ဖန်ကျန်းရှီ ဘက်ကို လှည့်လိုက်ပြီးနောက်  အန္တရာယ် ရှိနိုင်မရှိနိုင်မေးလိုက်တယ်။

“  လမ်းလျှောက်ပြီး တောင်အောက် ပြန်ဆင်းမယ်။” ဖန်ကျန်းရှီ ရဲ့ အတွေးထဲမှာတော့ မြောက်၇ွာ အတွက်သာ  စိတ်ပူနေတဲ့ အတွက်  သူဟာ  တောင်အောက်ကိုသာ မြန်မြန် ပြန်ဆင်းဖို့ ဆုံးဖြတ်လိုက်တယ်။

ကန်လင်းတောင်ရဲ့ အောက်ခြေ သစ်တော အတွင်းမှာတော့  သေးငယ်လှတဲ့ ကျောက်တုံး လေး တစ်တုံးဟာ နစ်မြုပ်နေခဲ့တယ်။  ထို ကျောက်တုံးလေးဟာတော့ ရှေးဟောင်းသစ်ပင်အိုတွေ နဲ့ ၀န်းရံ ခံထားရပြီးတော့ အထီးကျန် အငွေ့အသက်ကို ဖြစ်ပေါ်နေစေခဲ့တယ်။

အနက်ရောင်  ယဇ် ပလ္လင်ပေါ်မှာ ငွေရောင်ခပ်ဖျော့ဖျော့ တောက်ပနေခဲ့တယ်။

နတ်ဘုရားမုခ်ဝ အတွဲ ၂ နတ္ဘုရားမုခ္ဝ အတြဲ၂ (201-355)Where stories live. Discover now