အပိုင်း ၃၁၆+၃၁၇+၃၁၈+၃၁၉+၃၂၀

323 29 0
                                    

အပိုင်း (၃၁၆)
“ အကွက်ထဲ မ၀င်စေနဲ့။”
Translator: Sparrow Translations  Editor: Sparrow Translations
၀ူဖုန်း ပြောရင်း နဲ့ ဖန်ကျန်းရှီကို လှမ်း ကြည့်တယ်။
ကျောင်းတော်သားတွေ ဒါကို ကြားတော့ အံ့သြကုန်တယ်။ ဒါပေမယ့် ခပ်မြန်မြန်ပဲ သတိ ပြန်၀င်လာတယ်။ ဝူဖုန်းက ဖန်ကျန်းရှီကို အခွင့်အရေး ပေးနေပုံပဲ။ သူ့ရဲ့ ေ၇ွှ အခွင့်အရေးကြီးကို သူများဆီ ထိုးပေးနေတာ။ တကယ်တမ်းကတော့
အခု အဖြစ်က တကယ့် ဟာသပဲ။
ရန်ရွှယ် ပြောတာကို သူ အခုပဲ ကြားလိုက်တာ။ အထက်တန်း ကျတဲ့ သူ့ ပုံရိပ်ကို ပြန်ယူ ဖို့ အချိန်ကောင်းပဲ။
အသက် သုံးဆယ် အောက် လူတွေထဲ ဝူဖုန်း ထက် ဂီတ ပညာ အရည်အချင်း သာတဲ့သူ မရှိဘူး။
ဒါပေမယ့် သူ့ ေ၇ှ့က မိန်းကလေး ….. ။
ဖန်ကျန်းရှီ ဘယ်လောက်ပဲ တော်တော် …. ဝူဖုန်း ထက်တော့ မသာဘူး။ ဒီ ကောင်မလေးက အချိန်ယူဖို့ လိုတယ်။
တေးသံသာ နတ်မိမယ် ရဲ့ မျက်လုံးတွေ အေးစက် တည်ငြိမ်နေတယ်။ ဝူဖုန်း ရဲ့ စကားတွေ ကြောင့် နည်းနည်း လေးတောင် ပြောင်းလဲ မသွားဘူး။
“ သခင်လေး ဝူ။ ကျွန်မက သခင်လေး ပြောသလို အရည်အချင်း မရှိပါဘူး။ နောက်ပြီးတော့ ကျွန်မက အဆင့်နိမ့် သူ တစ်ယောက်ပါ။ တော်၀င်စာမေးပွဲ ထိပ်တန်း ကျောင်းတော်သား နဲ့ ဘယ်လိုများ အတူ ဖျော်ဖြေ နိုင်မှာလဲ။ ဒါပေမယ့် သခင်လေး ဖန်သာ ခွင့်ပြု ရင်တော့။ ဖျော်ဖြေ ပေးပါမယ်။”
“ဟဟား…. တေးသံသာ နတ်မိမယ်က နိမ့်ချ လွန်းနေပါပြီ။ တေးသံသာ နတ်မိမယ် နဲ့ တွဲဖက် ဖျော်ဖြေဖို့ မျှော်လင့် နေတဲ့ သူတွေ အများကြီး ။ ” ဝူဖုန်း လှောင်ပြောင် ရယ်မောတယ်။ အဲ့ဒီ့နောက် ဖန်ကျန်းရှီကို လှည့်ကြည့်တယ်။ “ သခင်လေး ဖန်။ တေးသံသာ နတ်မိမယ်ကို မငြင်း ဘူးမလား။”
ကျောင်းတော်သားတွေ အားလုံး ချက်ခြင်း ခုန်ထ လာတယ်။
“ သခင်လေး ဖန်။ တေးသံသာ နတ်မိမယ် ရဲ့ ဖိတ်ခေါ် ချက်က ေ၇ွှ ရောင် အခွင့်အေ၇းပဲ။”
“ အတိအကျပဲ။ ကျွန်တော်တို့က သခင်လေးလို ဂုဏ် သတင်း မကြီးမားလို့။ ဘေးကနေပဲ တလေး တစား နားထောင် ပေးပါမယ်။”
သခင်လေး ဖန်က တော်၀င်စာမေးပွဲမှာ ထိပ်တန်း ကျောင်းတော်သား ဖြစ်ခဲ့တာပဲ။ အခုတော့ တေးသံသာ နတ်မိမယ် နဲ့ ဖျော်ဖြေဖို့ အခွင့်အရေး ရနေပြီလေ။ ကျွန်တော်တို့ တကယ့်ကို မနာလို ဖြစ်မိတယ်။”
ကျောင်းတော်သားတွေ အားလုံး မနာလိုတဲ့ အမူအယာ တွေ ပြ နေတယ်။
ဖန်ကျန်းရှီ ရဲ့ ပါးစပ် ဟ သွားတယ်။ သေစမ်း.။
ကျောင်းတော်သားတွေ တွေးနေတာ ကို သူ ကောင်းကောင်း သိတယ်။ ဒါပေမယ့် ဂီတ အကြောင်းတော့ သူ လုံး၀ မသိဘူး။ ထောင်ချောက်ထဲ အမိခံမယ့် အထဲ သူမပါဘူး။
ဒီ လူတွေ အားလုံးကို သူ လျစ်လျူ ရှုထားတယ်။
လက်ဖက်ရည် သောက် မပျက် မုန့်စား မပျက် ။
ကျောင်းတော်သားတွေ တွေဝေကုန်တယ်။ ဖန်ကျန်းရှီက နေကြာစေ့ ခွာစား နေတုန်းပဲ။ တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်လိုက်တယ်။ သူတို့ စိတ်ထဲမှာ အတွေး တစ်ခု ၀င်နေပြီ။ ဖန်ကျန်းရှီက ဂီတ အကြောင်း မသိဘူး။ ဒါကြောင့် သူ ပြန် မဖြေတာ။
ကျိုးကြောင်း ဆီလျော်သားပဲ။
ဖန်ကျန်းရှီက ရွာသားလေ။ တာအို နိယာမ တစ်ခုပဲ ကျွမ်းကျင်တာ။ ဂီတ အနုပညာလို ကိစ္စ မျိုးက တန်ဖိုးကြီးတယ် ။ ဒီလိုတောသားက ဘယ်လိုများ တတ်နိုင်မှာလဲ။
“ သခင်လေး ဖန် က ဂီတ အကြောင်း မသိဘူးလား။” ကျောင်းတော်သား တစ်ယောက် လှောင်ပြောင်ရင်း ပြောတယ်။
“ အမှိုက်ကောင်။ သခင်လေး ဖန်က ဒီ လောက် အရည် အချင်း ရှိတာ။ ဘယ်လိုများ ဂီတကို မသိတဲ့ သူ ဖြစ်နိုင်မှာလဲ။”
“ ဟုတ်သားပဲ။ အဓိပ္မာယ် မရှိတာတွေ မပြောနဲ့။”
အသံ နှစ်သံ ေ၇ှ့ဆင့် နောက် ဆင့် ထွက်လာတယ်။
ဒီလို ပြောပြီးနောက် ဖန်ကျန်းရှီကို လှောင်ရယ် ကြပြန်တယ်။
ဂီတ ကဗျာ တွေကို မသိတဲ့ ကောင်က အသုံး မ၀င်တဲ့ ကောင်ပဲ။
စာမေးပွဲ မှာ ထူးချွန်တော့ေ၇ာ ဘာလုပ်ရမှာလဲ။ အပြင်လောကမှာ ရယ်စရာ ကောင် ဖြစ်မှာပဲ။.။
ပြောဆို သံတွေ ကြားတော့ တေးသံသာ နတ်မိမယ် လှည့်ကြည့်တယ်။
၀ူဖုန်းကို ဦးညွှတ်တယ်။ ဖန်ကျန်းရှီ နဲ့ ရန်၇ွှယ် ဆီကို လျှောက်လာတယ်။
၀မ်တပေါင်း ကတော့ မျက်လုံးတွေ ဘလင်း ဘလင်းတောက်အောင် ပျော် နေပြီ။
“ တေးသံသာ နတ်မိမယ် ။ ကျွန်တော် ကျွန်တော်က ၀မ်တပေါင်းပါ။”
“ ကောင်းသော နေ့ပါ သခင်လေး ၀မ်။”
“ တေးသံသာ နတ်မိမယ်။ ကျွန်တော် ဒီကို အမြဲ လာ ဖြစ်တယ်။ နတ်မိမယ် ရဲ့ သီချင်းတွေ အားလုံးကို နားထောင် တဲ့ သူ တစ်ယောက်ပါ….။”
“ ၀မ်တပေါင်း ။ ပါးစပ် ပိတ်ထားစမ်း။” ပင်းယန် ထ အော်တယ်။
“…… ” ကြောက်လန့် တကြား ပါးစပ်ကို လက်နဲ့ ကာလိုက်တယ်။
“ သခင်လေး ဖန်။ ကျွန်မက တေးသံသာ နတ်မိမယ်ပါ။ ဘယ် တူရိယာကို သခင်လေး ကျွမ်းကျင်လဲ။ တူရိယာ ပြင်ဖို့ အစေခံ တွေကို ပြောလိုက်ပါမယ်။” တေးသံသာ နတ်မိမယ် ပြောတယ်။
“ စန္ဒရား။ မင်းမှာ ရှိလား။” ဖန်ကျန်းရှီ တစ်ချက် တောင် မော့မကြည့် ပဲနဲ့ ပြောတယ်။
“ စန္ဒရား။” တေးသံသာ နတ်မိမယ် နားမလည်နိုင်။
ကျောင်းတော်သားတွေလည်း ဒီ တူရိယာ မျိုး တခါမှ မကြား ဖူးဘူး။
“ ဒီကောင် တစ်ခုခု လုပ် ဖို့ ပြင်နေတာလား။”
ကျောင်းတော်သားတွေ သံသယ ဖြစ်နေတယ်။
“စန္ဒရားက ေ၇ှးဟောင်း အနောက်တိုင်း ကမ္ဘာ မှာ တည်ထွင် ခဲ့တဲ့ တူရိယာ တစ်မျိုး။ အသံ ၈၈ ခု ခြေနင်း သုံးခု ပါတယ်။ ဘယ်ဘက် ခြေနင်းက အသံကို နှိမ့်ပေးတာ။ အနိမ့်သံတွေ ကို တီးတဲ့ နေရာ သုံးတယ်။ ညာဘက် ခြေ နင်းက အသံရှည်ရှည် ဆွဲ နိုင်အောင် လုပ်ပေးတယ်။ အလယ် ခြေနင်းက စန္ဒရားပညာရှင်တွေ တီးခတ် တဲ့ အချိန် အသံ မရော အောင် လုပ်ပေးတယ်။”
“ အနောက် တိုင်း ကမ္ဘာလား။”
“ အနောက်တိုင်း ကမ္ဘာ ???? ဘာလဲ။”
“ ဒါက ဘယ်လို ဖြစ်နိုင် မှာလဲ။”
ဖန်ကျန်းရှီ ပြောတာ ကြားတော့ သူတို့ မျက်လုံး ပြူးကုန်တယ်။
ရန်ရွှယ် ရဲ့ အမူအယာလည်း ပြောင်းသွားတယ်။ ဖန်ကျန်းရှီကို အထူး တဆန်း နဲ့ ကြည့်တယ်။ ဒါပေမယ့် သူ တစ်ခွန်းမှ မပြောဘူး။
တေးသံသာ နတ်မိမယ် တော့ လန့် နေပြီ။ ဒါပေမယ့် သူမ ချက်ခြင်း အမူအယာ ပြန် ထိန်းတယ်။
“ သခင်လေး ဖန်က  တကယ့်ကို အ၇ည် အချင်း ရှိတာပဲ။ အနောက်တိုင်း ဂီတ ကိုယ်တိုင် သိတယ။် သခင်လေး ဖန် စန္ဒရား တီးတာကို တကယ် ကြားချင်ပါတယ်။ ဒါပေမယ့် တူရိယာက ဒီမှာ မရှိဘူး။ တခြား တူရိယာတီးခတ် မလား။”
“ တယောကော ရှိလား။ ဒီလို ပုံစံ လေးလေ။” ဖန်ကျန်းရှီ ခေါင်းငြိမ့်တယ်။ အဲ့ဒီ့နောက် တယော ပုံကို ပုံကြမ်း ဆွဲ ပြတယ်။
“ “ဒါကကော အနောက်တိုင်းက တူရိယာပဲလား။” ပုံကြမ်းကို မြင်တော့ တေးသံသာ နတ်မိမယ်ရဲ့ မျက်လုံးတွေ တောက်ပ လာတယ်။
“ဟုတတယ်။”
“ ကျွန်မ တကယ့်ကို တောင်းပန် ပါတယ်။ ဒါပေမယ့် ဒီမှာ တယော မရှိဘူး။”
“ ဆယ်လို တယောကြီးကော ရှိလား။”
“အဲ့တာလည်း မရှိပါဘူး။”
“ဂစ်တာတော့ ရှိတယ် မလား။”
“ အဲ့တာလည်း မရှိဘူး။”
ဖန်ကျန်းရှီ နောက်ထပ် ထပ်မပြော တော့ဘူး။ စိတ်ပျက်လက်ပျက် လက်ခါယမ်း နေတယ်။ သူ့ အကြံက ထင်ရှားနေတာပဲ။ ငါ မလုပ်ချင်လို့ မဟုတ်ဘူး ။ ဒါပေမယ့် ငါ တီးခတ် ဖို့ တူရိယာမှ မရှိပဲ။
တခြား ကျောင်းတော်သားတွေ တော့ မျက်လုံး ပြူးနေတယ်။
တယော ။ ဆယ်လို တယောကြီး။ ဂစ်တာ….
ဒါတွေက ဘာတွေ လဲ။
တစ်ခါမှ မကြား ဖူးတဲ့ တူရိယာ တွေပဲ။
ဒီ ကောင် သူ့ကို အပြစ် တင်တာ မခံ ရအောင် လုပ်နေတာပဲ။
ဖန်ကျန်းရှီ တခြားသူ ရဲ့ အတွေးတွေကို ဂရု မစိုက် ဘူး။ နောက်ဆုံးတော့ သူ ေ၇ှာင်လို့ ရသွားပြီ။ ဒီ လောကမှာ ဒီ တူရိယာ တွေမှ မရှိပဲ။
ကျောင်းတော်သားတွေ ဒေါသ ထွက်ကုန်ပြီ။ ဒါပေမယ့် တစ်ခွန်းမှ မပြောနိုင် ကြဘူး။ နောက်ဆုံးတော့ ဖန်ကျန်းရှီက တူရိယာတွေကို အသေးစိတ် ပြောသွားတယ်။ ပုံကြမ်းတောင် ဆွဲ ပြ သေးတယ်။
ဖန်ကျန်းရှီ ဒီလောက်တောင် အရှက် မဲ့မယ်လို့ ဝူုဖုန်း မတွေးမိဘူး။ မရှိတဲ့ တူရိယာ တွေကို ပြောမယ် လို့ မမျှော် လင့် ထားဘူး။
ဒါပေမယ့် ….
ဒါပေမယ့် …… ဖန်ကျန်းရှီ ဘယ်လောက် အရှက်မဲ့မဲ့။ နှစ်ယောက် ယှဉ် မတီးနိုင်တာကတော့ အမှန်ပဲ။ အခုတော့ တေးသံသာ နတ်မိမယ် နဲ့ သူ နှစ်ယောက်တွဲ ဖျော်ဖြေဖို့ပဲ ရှိတော့တယ်။
“ တေးသံသာ နတ်မိမယ်။ သခင်လေး ဖန် က နှစ်ယောက်တွဲ မဖျော် ဖြေ ချင်ဘူး။တဲ့။ ကျွန်တော် နဲ့ နှစ်ယောက်တွဲ တီးခတ် ရင်ကော ဘယ်လိုလဲ။” ဝူဖုန်း သူမကို ဦးညွှတ် လိုက်တယ်။
သံချပ်ကာ နဲ့ တလက်လက် တောက်ပ နေတဲ့ သူရဲကောင်းတစ်ယောက်လိုပဲ။”
“ သခင်လေး ဝူက ကျောက်စိမ်း ပုလွေ အနုပညာကို ကြည်လင်ရေ သုခမိန် ဆီက သင်ထားတာ။ သခင်လေး တို့ နှစ်ယောက် တီးခတ်ရင် ဒီ ဂီတ သံက သမိုင်း တွင် သွားမှာပဲ။ ”
“ သခင်လေး ဝူ ဘယ် ဂီတ တေးသွားကို တီးခတ် ဖို့ ရွေးထားတာလဲ။”
ကျောင်းတော်သားတွေ အားလုံး အတည်ပြုကြတယ်။
၀ူဖုန်း ပြုံးပြတယ်။ အဲ့ဒီ့နောက် ချောင်း ဟန့်တယ်။ “ တေးသံသာ နတ်မိမယ် ရဲ့ ပင်းရှ က ထူးခြား လွန်းတယ်လို့ ကြားဖူးတယ်။ အတူတူ တီးခတ် ရမယ် ဆိုရင် ဂုဏ်ယူ မိမှာပဲ။”
၀ူဖုန်းကို တားဖို့ ဖန်ကျန်းရှီ အစီအစဉ် မရှိဘူး။  သူ ဒီမှာ ဂီတသံ နားထောင် ဖို့ လာတာ။ တေးသံသာ နတ်မိမယ် ဘာ လုပ်လုပ် သူ အာရုံ မစိုက်ဘူး။
ဒါပေမယ့် ခုချိန် ထိ တေးသံသာ နတ်မိမယ်က ထွက်မသွားသေးဘူး။
ထွက်သွားမယ့် ပုံလည်း မရှိဘူး။
“ သခင်လေး လိုချင်တဲ့ တူရိယာ ကို မပေးနိုင်တဲ့ အတွက် ၀မ်းနည်းမိပါတယ်။ သခင်လေးနဲ့ တစ်ခွက် သောက် ရင်ကော ဘယ်လိုလဲ။” တေးသံသာ နတ်မိမယ် ဖန်ကျန်းရှီကို ပြောတယ်။
ကျောက်စိမ်း ပုလွေကို ကိုင်ထားတဲ့ ဝူ ဖုန်း သူ့ နေရာမှာ အမြစ် တွယ်နေတယ်။
သူ လျစ်လျူရှု ခံ လိုက်ရတာလား။
သူက နိုးထ နဂါး အဆင့် သုံးလေ။ ဒီ မျိုးဆက်မှာ အတော်ဆုံး ဂီတ ပညာရှင်။ နောက်ပြီးတော့ ဧကရာဇ် နဲ့ ခုပဲ တွေ့လာတာ။
အနည်းဆုံးတော့ ညီလာခံ အတွေးအခေါ် စာမေးပွဲမှာ ထိပ်တန်း သုံးယောက် ထဲ သူ ၀င်မှာပဲ။
ဒါက တော်၀င်စာမေးပွဲ ထိပ်တန်း ကျောင်းတော်သားထက် အဆင့်သာ တယ်။
ဒါပေမယ့် ခုကတော့ တကယ့်ကို လျစ်လျူရှု တာ ခံနေရပြီ။
တေးသံသာ နတ်မိမယ် က သူ့ကို တစ်ချက် လေးတောင် လှည့် မကြည့်ဘူး။
ကျောင်းတော်သားတွေ ကတော့ မယုံနိုင် အောင် ဖြစ်နေတယ်။ တေးသံသာ နတ်မိမယ် ဒီမှာ အလုပ် စလုပ် တည်းက ဘယ်သူနဲ့ မှ တစ်ခွက် မသောက် ဖူးဘူး။
အခုတော့ တစ်ယောက်ယောက်ကို သောက်ဖို့ ဖိတ်ခေါ် နေပြီ။ နောက်ပြီးတော့….. အမှားလုပ်နေတာ မဟုတ်ဘူး။
သူ တောင်းနေတဲ့ တူရိယာ တွေ တကယ် ရှိတာ မဟုတ်ဘူး။ တေးသံသာ နတ်မိမယ် သူ့ ထောင်ချောက်ထဲ မရောက်စေနဲ့ ။
တေးသံသာ နတ်မိမယ် အရက် ခွက်ကို မြှောက်လိုက်တယ်။ ကျောင်းတော်သားတွေ မနာလို ဖြစ်လွန်းလို့ သွေးတောင် အန်တော့မယ်။
အပိုင်း (၃၁၆) ပြီး၏။

နတ်ဘုရားမုခ်ဝ အတွဲ ၂ နတ္ဘုရားမုခ္ဝ အတြဲ၂ (201-355)Where stories live. Discover now