အပိုင်း (၂၁၀) " အစစ်မှန် နှင့် အတုယောင်"

611 73 0
                                    

အပိုင်း (၂၁၀)
“ အစစ်မှန် နှင့် အတုယောင်”
Translator: Sparrow Translations  Editor: Sparrow Translations

ဒီအချိန်မှာတော့  သုခမိန်လောကကြီး မှာေ၇ွှရောင် အလင်းတန်းတွေ ပြည့်နှက်လာတော့တယ်။

မှောင်မည်း ခြင်း အလျဉ်းမရှိ။ေ၇ွှရောင်အလင်းတန်းတွေဟာ မြေပြင်ပေါ်ကို ထွန်းလင်းစေပြီးတော့ ဓားတွေနဲ့ လူတွေရဲ့ မျက်ဝန်းထဲမှာ နေရာယူထားခဲ့တယ်။

ဒါပေမယ့်လည်း လူတိုင်းရဲ့ အတွေးနဲ့ အမြင်တွေဟာတော့ လုံးဝကို ကွဲပြား ခြားနားနေခဲ့တယ်။

နန်ကုန်းမုဟာ အလင်းတန်းရဲ့ ဘေးမှာ ရှိနေခဲ့တယ်။ သူ့ရဲ့ မျက်လုံးတွေဟာတော့ ရွှေရောင် အလင်းတန်းတွေ လွှမ်းခြုံထားတဲ့ ဓားကို ကြည့်နေခဲ့တယ်။

ရှင်ချင်းစွေ့ရဲ့  အကြည့်တွေဟာတော့ သေခြင်း တရားကို ရင်ဆိုင်ရန် အသင့်ဖြစ်နေတဲ့ ဆုံးဖြတ်ချက်တွေ ထင်၇ှားနေခဲ့တယ်။ေ၇ွှရောင် အလင်းတန်းတွေ ကို မြင်လိုက် ရချိန်မှာတော့ သူ့ရဲ့ စိတ်ထဲမှာ တွေးနေမိတဲ့ တစ်ခု တည်းသော အရာဟာ ဒီ သေခြင်း တ၇ားက သူ့အတွက် ထိုက်တန်တယ် ဆိုတာပဲ ဖြစ်တယ်။

တခြား တစ်ဖက်က ပင်းယန်ရဲ့ မျက်လုံးတွေဟာတော့  ပျော်ရွှင်မှု နဲ့  ပြည့်နေခဲ့တယ်။ လက်သီး နှစ်ဖက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း  စိတ်လှုပ်ရှားနေဟန်ဟာ သိသာ လှတယ်။

ယဉ်ရှန်ဟာတော့ေ၇ွှရောင် တောက်နေတဲ့  ဓားကို  အေးစက်တဲ့ အကြည့်တွေနဲ့ ကြည့်နေဟန်ဟာ ကောက်ကျစ် ယုတ်မာ တော့မည့် အသွင်ကို ဆောင်နေခဲ့တယ်။ ဒါပေမယ့်လည်း သူဟာ အလျင်မလိုခဲ့ပါဘူး။  အဲ့ဒီ့အစား  နေရာမှာသာ မတ်မတ် ရပ်နေခဲ့တယ်။

ဖန်ကျန်းရှီ နဲ့ ရန်ရွှယ် အတွက် သူတို့ဟာ   ယဉ်ရှန်ကို ပဲ အာရုံစိုက်န်ေကြတာ ဖြစ်တယ်။ ရွှေရောင်အလင်းတန်းတွေကို  လုံးဝ မေ့လျော့ နေသည့် ဟန် ဖြစ်နေတော့တယ်။

တခြားသော စာဖြေသူတွေရဲ့  အမူအယာဟာတော့ ဒီ အချိန်မှာ ရှုပ်ထွေးနေခဲ့တယ်။  တချို့သူတွေဟာ ပျော်ရွှင်နေခဲ့တယ်။ တချို့ဟာတော့ စိတ်ရှုပ်ထွေးနေခဲ့တယ်။ တချို့ဟာတော့ အော်ဟစ် နေကြပြီ။ တချို့ဟာတော့  ခေါင်းရှုပ်နေခဲ့တယ်။

နတ်ဘုရားမုခ်ဝ အတွဲ ၂ နတ္ဘုရားမုခ္ဝ အတြဲ၂ (201-355)Wo Geschichten leben. Entdecke jetzt