အပိုင်း (၂၆၅)
“ ထိပ်တန်း ဆယ်ဦး ။”
Translator: Sparrow Translations Editor: Sparrow Translationsညီလာခံ စာမေးပွဲ ရဲ့ အစမ်းစာမေးပွဲဟာ တစ်လ တောင် မလိုတော့ဘူး ဖြစ်တယ်။ မြို့တော်ကိုေ၇ာက်ဖို့ အတွက်ကတော့ ၂ ပတ်ကြာမှာ ဖြစ်တယ်။
ဖန်ကျန်းရှီဟာ ရွာမှ နောက်ထပ် အချိန်မဖြုန်းတော့ပါဘူး။ အရာအားလုံးကို သေသေချာနေရာချပြီးနောက်မှာတော့ သူဟာ ကျန်းယန်ဖိန်နဲ့ သူ့မိဘတွေကို နှုတ်ဆက်ပြီး ထွက်ခွာခဲ့တော့တယ်။
သူဟာ ရွာကနေ ထွက်ချိန်မှာပဲ အံ့သြစရာ သတင်းကို ကြားလိုက်ရတယ်။ ချီကူယန်ဟာ နတ်ဆိုးကျောင်းတော်ကို မပြန်ပဲနဲ့ ကောင်းကင်တာအို ခန်းမကိုသာ ပြန်သွားခဲ့တယ်။
သူမဟာ သစ္စာဆိုမှု တစ်ခုကို ပြုခဲ့တယ်။
ဖန်ကျန်းရှီ ရဲ့ စိန်ခေါ်မှုကို လက်ခံခဲ့တယ်။ ဒါပေမယ့်လည်း ဖန်ကျန်းရှီဟာ ကောင်းကင်တာအို ခန်းမရဲ့ တပည့် တစ်ဦး အဖြစ် ၀င်ခွင့်ရရမှာ ဖြစ်တယ်။ နောက်ပြီးတော့ သူတို့ရဲ့ တိုက်ပွဲကိုလည်း အများေ၇ှ့မှာ ကျင်းပမှာ ဖြစ်တယ်။
၇ှုံးနိမ့်သူဟာတော့ တစ်လတာ အစေခံ လုပ်ရမယ်။
ဒီ သတင်းဟာ အင်ပါယာ တစ်ခုလုံးကို မုန်တိုင်း သဖွယ် ပျံ့နှံ့သွားခဲ့တယ်။ အိမ်တွေမှာ စစ်တပ်တွေမှာ။ စားသောက်ဆိုင်တွေမှာ။ ကျောင်းတော်တွေမှာတောင်မှ လူတိုင်းဟာ ဒီအကြောင်းကို ပြောနေခဲ့ကြတယ်။
ဖန်ကျန်းရှီပဲ ရူးနေတာလား။
သူကတကယ်ပဲ ချီကူယန်ကို စိန်ခေါ်တယ်တဲ့လား။ ”
အကယ်၍ ဖန်ကျန်းရှီ ဟာ သူတို့ရဲ့ လွန်ခဲ့တဲ့ ၈ နှစ်က ကတိစကားကို သာ ဆက်ပြီးတော့ ထိန်းသိမ်းထားမယ်ဆိုရင်တောင်မှ နောက် ၂ နှစ်ကြာရင် အေးဆေးဆေးဆေး ကတိပျက်သွားမှာ ဖြစ်တယ်။
ဒါပေမယ့်လည်း ဖန်ကျန်း၇ှီမှာ ဒီလို လုပ်ဖို့ အစီအစဉ် မရှိဘူး။
သူဟာ လောကကြီးကို စိန်ခေါ်မှု အကြောင်း ပြန်လည် အမှတ်ရစေပြီးတော့ အချိန်ကိုလည်းေ၇ှ့တိုးလိုက်တယ်။
![](https://img.wattpad.com/cover/192510299-288-k890787.jpg)
ČTEŠ
နတ်ဘုရားမုခ်ဝ အတွဲ ၂ နတ္ဘုရားမုခ္ဝ အတြဲ၂ (201-355)
Historická literaturaဒါလေးကတော့ နတ်ဘုရားမုခ်ဝ ဒုတိယ စာအုပ်လေးပါ။ အပိုင်းက 1520 ပိုင်း ရှိမှာမို့ စာအုပ်က 8 အုပ်ရှိမှာပါ။ အတွဲ ၁ ( အပိုင်း 1- 200) ခု အတွဲ ၂ ( အပိုင်း 201-400)