အပိုင်း (၂၇၉) "အတူတူပျံသန်းကြစို့"

545 57 0
                                    

အပိုင်း (၂၇၉)
“အတူတူပျံသန်းကြစို့”
Translator: Sparrow Translations  Editor: Sparrow Translations

ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ။

ရှင်ချင်းစွေ့ဟာတော့ နားမလည်နိုင်ခဲ့ဘူး ဖြစ်နေခဲ့တယ် ။ သူ ဆယ်စုနှစ် တစ်ခုစာ မက ကြိုးစားခဲ့ရတဲ့ အရာကို ဖန်ကျန်းရှီက ဘယ်လိုများ လွယ်လွယ်ကူကူ တတ်မြောက်နိုင်တာလဲ။

ဘာတွေ ဖြစ်ကုန်ပြီလဲ။

ရှင်ချင်းစွေ့ဟာတော့ သူ့၇ဲ့ သတ္တိဟာ တခြားသူတွေထက်  မနည်းဘူးလို့ ထင်ထားခဲ့ တာ ။ ဒါဆိုရင် ဖန်ကျန်းရှီက သူ့ထက် သတ္တိ ကောင်းနေလို့လား။ ဒါမှ မဟုတ် တိုက်ပွဲ ၀ိဥာဉ်လား။ မဖြစ်နိုင်ဘူး ။ ဆုံးဖြတ်ချက်လား။ ဒါလည်း မှန်သေးတယ် မထင်ဘူး။

ဒါ ဒ့ါက ဖြစ်နိုင်မလား။

၇ုတ်တရက် ၇ှင်ချင်းစွေ့ဟာ အကြောင်းရင်း တစ်ခုကို တွေးလိုက်မိတယ်။ မိတ်ဆွေ သူငယ်ချင်း ဆက်ဆံရေး။

ခင်မင်ရင်းနှီးမှု

ရှင်ချင်းစွေ့ဟာ လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ရင်း နဲ့ သူ့ မျက်လုံးတွေဟာလည်း တလက်လက် တောက်ပလာတော့တယ်။ ကြည့်ရတာတော့ ဒါက ခင်မင်ရင်းနှီးမှု ဖြစ်ဟန်ပါပဲ။  သူဟာ အနိုင်ရလိုတယ်။ ဘာကြောင့်လဲ ဆိုတော့  ရန်ရွှယ်နဲ့  ခင်မင်ရင်း နှီးမှု ကြောင့် ဖြစ်တယ်။

သူ့ရဲ့ အဖေကလည်း အင်ပါယာရဲ့ ရန်သူတွေကို  တိုက်ခိုက်သတ်ဖြတ်ခဲ့တယ်။ ဒါကတော့  အင်အားကြီးဖို့လည်း မဟုတ်သလို ဆုလဒ် ဂုဏ်ဒြပ် တွေ အတွက်လည်း  မဟုတ်ခဲ့ဘူး။ ဧကရာဇ် လင်းမုပိုင်နဲ့ ခင်မင်ရင်းနှီးမှုကြောင့် သာ ဖြစ်တယ်။

အနိုင်ရလွန်းချင်တဲ့ ဆန္ဒဟာတော့ လူတစ်ယောက်ကို သတ္တိရှိကောင်း ရှိစေနိုင်တယ်။ ဒါပေမယ့်လည်း လူတစ်ယောက်ရဲ့ အစွမ်းကိုတော့ မတိုးစေနိုင်ဘူး။

အင်အား ။

အင်အား။

အင်အားက မရှိမဖြစ်ပဲ။

စစ်မှန်တဲ့ ခင်မင်ရင်းနှီးမှု ဟာ တစ်စုံတစ်ယောက်ရဲ့ တိုက်ခိုက်လိုစိတ်ကို လောင်ကျွမ်းစေနိုင်တယ်။ ဒါဟာတော့ လူတစ်ယောက်အတွက် ကြိုတင်ဆုံးဖြတ်ထားခြင်း မရှိပဲနဲ့ အဆက်မပြတ်တိုက်ခိုက်မှုကိုလည်း ဖြစ်စေနိုင်တယ်။

နတ်ဘုရားမုခ်ဝ အတွဲ ၂ နတ္ဘုရားမုခ္ဝ အတြဲ၂ (201-355)Where stories live. Discover now