အပိုင်း (၂၂၃) " ခဲ တစ်လုံးနဲ့ ငှက် နှစ်ကောင်ကို သတ်ပြီးနောက်

541 66 0
                                    

အပိုင်း (၂၂၃)
“  ခဲ တစ်လုံးနဲ့ ငှက် နှစ်ကောင်ကို သတ်ပြီးနောက် နောက်ထပ် ငှက်နှစ်ကောင်ကိုပါ အထိနာစေခြင်း ”
Translator: Sparrow Translations  Editor: Sparrow Translations

လက်ရှိ ဧကရာဇ် ၊ မြောက်များလှစွာသော ရုံးတော်သားတွေ နဲ့ အရှေ့ပိုင်း နန်းတော် အိမ်ရှေ့စံ မင်းသားကတော့  ညီလာခံခန်းမထဲမှာ သာမာန် ပြည်သူ တစ်ယောက် မနက်စာစားတာကို စောင့် ဆိုင်းနေရတယ်။

ဘယ်လောက်တောင် မယုံကြည် နိုင်စရာ ကောင်းလိုက်သလဲ။

ရုံးတော်သားတွေဟာ  ဒေါသ ထွက်လာကြတယ်။  သူတို့ တစ်ဦးချင်းစီဟာ တင်းမားတဲ့ အမူအယာတွေ ၇ှိနေခဲ့တယ်။  ရုံးတော်သားတွေဟာတော့ သူတို့ရဲ့ အတွေးတွေထဲမှာ  ဧကရာဇ် က အပြစ်ပေးတဲ့ အမိန့်ကို စောင့် ဆိုင်းနေကြတယ်။  ဒါပေမယ့်လည်း  ရုံးတော်သား တစ်ယောက်ကမှ အသံ မထွက်ရဲကြဘူး ဖြစ်တယ်။

အကြောင်း ရင်းကတော့  ရိုးရှင်းလှပါတယ်။ ဖန်ကျန်းရှီ က  သာမာန် ပြည်သူ တစ်ယောက်သာ ဖြစ်ပေမယ့်လည်း သူဟာ တော်ဝင် အတွေးအခေါ် စာမေးပွဲက  ချန်ပီယံ တစ်ယောက် ဖြစ်တယ်။  အင်ပါယာ တစ်ခုလုံးကို တုန်လှုပ်သွားနိုင်တဲ့ အထိ  မြင့်မားတဲ့  အရည်အချင်း ရှိသူလည်း ဖြစ်တယ်။ နောက်ပြီးတော့ နတ်ဆိုးမျိုးနွယ် ဒုခေါင်းဆောင် ယဉ်ရှန်ကိုလည်း အနိုင်တိုက်ပြီးတော့ သတ်နိုင်လိုက်သေးတယ်။

အရေးကြီးဆုံးကတော့ ဘယ်သူ ဖြန့်လိုက်တဲ့ သတင်းလည်း မသိပေမယ့် ယန်မြို့တော် တစ်ခုလုံးမှာ ဖန်ကျန်းရှီ က  ဧကရာဇ် ဆင့်ခေါ်တာကို ခံရတဲ့ သတင်းဟာ ပျံ့နှံ့နေခဲ့တာ ဖြစ်တယ်။ ဒါ့အပြင်ကို  နတ်ဆိုး တစ်ကောင်ကို သတ်နိုင်တဲ့ အတွက် ဧကရာဇ် က သူ့ကို ဆုလာဘ်တော် ချီးမြှင့်မယ်လို့ သတင်းတွေ နဲက ထင်ကြေးပေးမှုတွေကလည်း  တောမီးပမာ ပျံ့နှံ့နေခဲ့တယ်။

တော်ဝင်စာမေးပွဲမှာ ဖန်ကျန်းရှီ ရဲ့ စွမ်းအင် တွေဟာ သာမာန် ထက်ကို ကျော်လွန်နေတယ်လို့  တွေ့မြင်သူတိုင်းက ပြောခဲ့တာ ဖြစ်တယ်။ ဒါဟာ  ထွက်ပေါ်လာတဲ့ ကောလဟာလ သတင်းတွေကို ပိုပြီးတော့ ခိုင်မာစေခဲ့တယ်။

ဒါပေါ့။  ဓားကို  အာရုံစိုက်နေသူတွေလည်း ရှိနေတာ ဖြစ်တယ်။ ဒါကြောင့် ဧကရာဇ် ဟာ မုန့်ထျန်းဓားကို မျက်စောင်း ထိုးနေတယ် ဆိုတဲ့ ထင်ကြေးပေးမှု တွေဟာလည်း ရှိနေခဲ့တယ်။

နတ်ဘုရားမုခ်ဝ အတွဲ ၂ နတ္ဘုရားမုခ္ဝ အတြဲ၂ (201-355)Where stories live. Discover now