အပိုင်း ( ၂၀၄ ) - " သဘာဝလွန် အဆင့်"

699 77 1
                                    

အပိုင်း ( ၂၀၄ )
“ သဘာဝလွန် အဆင့်”
Translator: Sparrow Translations  Editor: Sparrow Translations

ဖန်ကျန်းရှီကတော့ အေးခဲ သွားတော့တယ်။ သူတို့ အတွက် အသက်ရှင်ဖို့ ခက်ခဲတယ် ဆိုရင် အတော်လေးကို အသက်ရှင်နိုင်ချေ နည်းတာပဲ ဖြစ်တယ်။ ဘယ်သူကမှ ဒီ အချက်ကို လက်မခံလိုဘူး။

ဖန်ကျန်းရှီက တော်တော်လေးကို ကြက်သေသေနေမိတယ် ။

သူက လူပျိုပဲ ရှိသေးတာလေ။

ဒီလိုမျိုး လွယ်လွယ်နဲ့ တော့ မသေနိုင်ဘူး။

ဖန်ကျန်းရှီက လွယ်လွယ်နဲ့ အရှုံးမပေးလိုဘူး။  ဒါပေမယ့်လည်း ရန်ရွှယ် ကဒီလို ကိစ္စမျိုးကိုတော့ စနောက်မှာ မဟုတ်ဘူး ။  ထုံးစံ အတိုင်းပဲ။ အခုချိန်မှာ အန္တရာယ်များတဲ့ အခြေအနေမှာ ရှိနေပြီ ဖြစ်တယ်။

“ငါတို့ အသက်ရှင်နိုင်ချေ ရှိလား။” ဖန်ကျန်းရှီက မေးလိုက်တယ်။

“ အခွင့်အေ၇းက အတော်လေးကို ရှားပါးတယ်။ ယဉ်ရှန်က (သဘာဝလွန် အဆင့်) ကို လွန်ခဲ့တဲ့ လေးနှစ်တည်းကေ၇ာက်နေပြီ။ ငါတို့ အားလုံး ပေါင်းရင်တောင်မှ  တိုက်ပွဲကို နိုင်ဖို့ ခက်လိမ့်မယ်။ နောက်ပြီးတော့ ငါတို့ထဲက တစ်ဝက်ကျော်က ဒဏ်ရာရထားတယ်။ ” ရန်၇ွှယ်က ဘေးပတ်လည်ကို ကြည့်ရင်းနဲ့ ခေါင်းခါပြီး ပြောလိုက်တယ်။

“ဖန်ကျန်းရှီကတော့ ကောင်းကင်ေ၇ာင်ပြန် အဆင့်သာေ၇ာက်လာပေမယ့်လည်း ဗဟုသုတ များများစားစား မရှိဘူး ဖြစ်တယ်။ သဘာဝလွန် အဆင့် ဆိုတာကိုလည်း နားမလည်ပါဘူး။ ဒါပေမယ့်လည်း သူသိတာကတော့ ရန်ရွှယ်က သူ့ကို မလိမ်ဘူး။

နောက်ပြီးတော့ ရန်ရွှယ်ပြောသလိုပဲ လူ တစ်ဝက်ကျော်လောက်က ဒဏ်ရာရထားတာ ဖြစ်တယ်။ အခုချိန်မှာ တော့ တိုက်ခိုက် နိုင်သူက ၁၀ယောက် လောက်ပဲ ရှိတော့တယ်။

ကျင့်ကြံဆင့် တွေ ကွာခြားမှုကို များလေလေ သူတို့ရဲ့ အောင်နိုင်ချေက နည်းလေလေ ဖြစ်တယ်။

   “ ပထမဆုံး ။  သဘာဝလွန် အဆင့်နဲ့ ကောင်းကင်ရောင်ပြန် အဆင့် ကွာခြားချက်တွေ ငါ့ကို ပြောပြ” ဖန်ကျန်းရှီက  ဒီ မေးခွန်းကို မေးသင့်လား ဆိုတာကိုတော့ နားမလည်ဘူး ဖြစ်တယ်။  ဒါပေမယ့် လည်း အဆိုးဆုံးသော အခြေအနေကို တော့ နားလည်ချင်တယ်။ ပြိုင်ဘက် အကြောင်းကို တစ်ခုမှ မသိပဲနဲ့ တော့   ရင်မဆိုင်ချင်ဘူး။

နတ်ဘုရားမုခ်ဝ အတွဲ ၂ နတ္ဘုရားမုခ္ဝ အတြဲ၂ (201-355)Where stories live. Discover now