အပိုင်း (၂၀၉) " နိုးထလာသော ဓားနှင့် ကွဲအက်သွားသော ကျောက်တုံးများ"

648 71 0
                                    

အပိုင်း (၂၀၉)
“ နိုးထလာသော ဓားနှင့် ကွဲအက်သွားသော ကျောက်တုံးများ”
Translator: Sparrow Translations  Editor: Sparrow Translations

ဘယ်သူကမှ မခန့်မှန်းနိုင်ပါဘူး။

ဒါပေမယ့်လည်း  အမှန်တရားကတော့ သူကိုယ်တိုင်ဖော်ပြနေပြီ ဖြစ်တယ်။

ဖန်ကျန်းရှီကတော့ သူ့ရဲ့ စွမ်းအားတွေ အကုန်လုံးကို ဒီ ထိုးနှက်မှုမှာ စုစည်းလိုက်တာ ဖြစ်တယ်။  ထပ်ပေါင်းပြောရမယ် ဆိုရင်တော့  တောင် ရေတံခွန် ရေတံခွန် ဟာ စွမ်းအင်တွေကို အဆုံးစွန်ထိ စုစည်းပြီးတော့ လှံထိပ်မှာ ပြန့်နှံစေရန် အသုံးချတာ ဖြစ်တယ်။ ချီလင် သတ္တ၀ါ သွေး တည်ရှိရာ လှံထိပ်မှာ အင်အားတွေကို ပို့လွှတ် စုစည်း လိုက်ခြင်း ဖြစ်တယ်။

ဒီ တိုက်ကွက်ကတော့ ရိုးရှင်းလွန်းလှတယ်။ ဒါပေမယ့်လည်း အင်အားစစ်ကတော့ အဆုံးမဲ့ ဖြစ်တယ်။

ယဉ်ရှန်ဟာတော့ ဒီ တိုက်ကွက်ကို အတုအယောင်သာ ထင်နေခဲ့တာ ဖြစ်တယ်။  နောက်ဖြစ်လာမယ့် ရလဒ်ကတော့ ကြိုတင်ခန့်မှန်း မိစရာပါပဲ။

ဥပမာအနေနဲ့ ပုံရိပ်ယောင်ဟာ  အနက်ရောင် အလင်းတန်းအဖြစ် ပြောင်းလဲသွားပြီးတော့  ချီလင်လှံကတော့ ပုံမှန် နေရာမှာ ၇ှိနေခဲ့တယ်။  ဒါပေမယ့်လည်းေ၇ွှရောင် အလင်းတန်းနဲ့ ထိုးနှက်မှုဟာတော့ ယဉ်ရှန် စီကို တိုက်ရိုက်ဝင်သွားခဲ့တယ်။

“ဘုန်းးးး”

လှံဟာ  ဓားနဲ့ ဆက်သွယ် သွားတယ်။

ချီလင်လှံကို သုံးပြီးတော့ ဖန်တီးထားတဲ့ ကို့ယို့ကားယား တိုက်ကွက်ဟာတော့ ဒီ အချိန်မှာ တော့ တောက်ပစွာ အဆုံးသတ်သွားခဲ့တယ် ။  ဆက်သွယ်မှု ပြီးတဲ့ နောက်မှာတော့ ယဉ်ရှန်ဟာ အတော်လေး အခက်ကြုံသွားခဲ့တယ်။ သူဟာ ဒါကို အယောင်ပြ လှည့်စားမှု တစ်ခု လို့ ထင်နေခဲ့တာ ဖြစ်ပေမယ့်လည်း ဒါဟာ စစ်မှန်တဲ့ တိုက်ကွက် တစ်ခု ဖြစ်နေခဲ့တယ်။

အင်အားပြင်းထန်စွာ လေးလံ ထက်ရှ မှု တစ်ခုဟာ ချီလင်လှံထိပ်ကနေ ထွက်ပေါ်လာပြီးတော့  ယဉ်ရှန်ရဲ့  လက် ထဲက ဓားကို ထိုးဖောက်တော့တယ်။

လှံထိပ် ပမာဏရှိတဲ့ အပေါက် တစ်ခုဟာ မဟူရာ ဓားနက်ပေါ်မှာ ပေါ်လာခဲ့တယ်။

နတ်ဘုရားမုခ်ဝ အတွဲ ၂ နတ္ဘုရားမုခ္ဝ အတြဲ၂ (201-355)Where stories live. Discover now