အပိုင်း (၂၃၆) " စိတ်လိုက်မာန်ပါ သတ်ဖြတ်ခြင်း"

436 49 0
                                    

အပိုင်း (၂၃၆)
“ စိတ်လိုက်မာန်ပါ သတ်ဖြတ်ခြင်း”
Translator: Sparrow Translations  Editor: Sparrow Translations

“ ကိုယ့်နေရာကိုယ်သိ” စစ်သည် ဟာနောက် လှည့်ကြည့်ချိန်မှာတော့ သူ့နောက်မှာ  လူငယ် တစ်ဦးရပ်နေတာကိုတွေ့လိုက်ရတယ်။

အပြာရောင်  အကျီလက်ရှည်ကို ၀တ်ထားတဲ့ လူငယ်ဟာတော့  အသက် ၁၅ ၁၆ နှစ် ၀န်းကျင်ရှိပြီးတော့ သိပ်ကို ငယ်ရွယ် လွန်းလှတယ်။

မြောက်ရွာ မှာ  သူတို့ နေတာ တစ်လ ကြာနေပင်မယ့်လည်း   ဒီလူငယ်ကို တစ်ခါမှ မတွေ့ဖူးတာကြောင့် ဒီလူငယ်ဟာ သူတို့ ပြောနေကြတဲ့ ကျန်းရှီ ဆိုသူ ဖြစ်လိမ့်မယ်။

ဘယ်လို များ ရုတ်တရက်ပေါ်  လာတာလဲ။ 

ဒီလူငယ်ဟာ ရုတ်တရက်  ပေါ်လာတယ် ဆိုတာ သိသာလှတယ်။   

နောက်ပြီးတော့ ရွာကွင်းပြင်မှာ   စားပွဲတွေ ရွာသားတွေ နဲ့ ပြည့်နေခဲ့တယ်။

ဒီလောက် မြန်မြန်ဆန်ဆန် ဘယ်လို များ ရောက်လာတာလဲ ။

စစ်သည် ဟာအော်တော့မလို့ ပြင်နေတဲ့ အချိန်မှာပဲ   သူ့ရဲ့ လည်ပင်းက တင်းကြပ်မှုကို ခံစားလိုက်ရတယ်။  သူငုံ့ကြည့်လိုက်ချိန်မှာတော့ သူ့ လည်ပင်းကို ညစ်ထားတဲ့ လက်တစ်ဖက်ကို မြင်လိုက်ရပြီးတော့  သူ့ရဲ့ ခြေထောက်တွေဟာ ပျော့ခွေ ကျနေခဲ့တယ်။

ဒါဟာ သူ့ကို အတော်လေး   သက်တောင့် သက်သာ မဖြစ်စေခဲ့ဘူး။ အသက်၇ှူကြပ်ပြီးတော့   မျက်လုံးတွေ ပြာဝေနေခဲ့တယ်။

သူ လှုပ်၇ှားချင်တယ်။ ဒါပေမယ့်လည်း  သူ ရဲ့ လည်ပင်းက တင်းကြပ်မှု ကြောင့် မျက်တောင်တောင် မခတ်နိုင်တော့ဘူး ဖြစ်တယ်။

“ ရပ်လိုက်” အမိန့်ပေးသူဟာ ထရပ်ရင်း နဲ့ လက်မြှောက်လိုက်တယ်။ သူ့ရဲ့ မျက်နှာဟာတော့  သောက်စား  ထားတာကြောင့်  နီရဲနေပြီးတော့ ဒေါသ အရှိန်ကြောင့် အလျှံညီးညီး နေတာက်နေခဲ့တယ်။

“ ကျန်းအာ ။ မလုပ်နဲ့ ”  ချီရှင်းလိန်ဟာတော့   သူ့ မျက်စိရှေ့က မြင်ကွင်းကို မြင်ချိန်မှာတော့  အတော်လေးကို ထိတ်လန့်သွားခဲ့တယ်။

နတ်ဘုရားမုခ်ဝ အတွဲ ၂ နတ္ဘုရားမုခ္ဝ အတြဲ၂ (201-355)Место, где живут истории. Откройте их для себя