အပိုင်း ၃၄၁+၃၄၂+၃၄၃+၃၄၄+၃၄၅

263 33 0
                                    

အပိုင်း (၃၄၁)

“ခရမ်းရောင် လခြမ်းကွေး ။”

ည ကောင်းကင်မှာ မီးပန်းတွေ ပြစ်ဖောက်လွှတ်သလိုပဲ။

ရှန်းယွီ မင်းသမီး ရဲ့ သွယ်လျလျ ခြေထောက် နှစ်ဖက်က နေ တဖြည်းဖြည်း တက်လာတယ်။   တိမ်လွှာ သဏ္ဍာန် မျဉ်းကြောင်း တွေ သူမ ၀မ်းဗိုက်ကို  ေ၇ာက်သွားပြီ။ ရပ်တန့် မယ့် ပုံမပေါ်သေး။   တဖြည်းဖြည်း ရင်ညွှန့် အထိ တက်လာတယ်။

တိုက်ပွဲ ကွင်းပြင်မှာတော့။   စစ်သူကြီးတိုင် သူ ခံစားနေရတာကို နားမလည် နိုင်။ ဒါက ဓားတစ်ချောင်းပဲ။ သူ့ ေ၇ှ့မှာ ရှိနေတာ ဓား တစ်ချောင်းပဲ။ လေထဲမှာ လွင့်နေတဲ့ ဓား။ သူက ဓား တစ်ချောင်းကြောင့်လန့် နေရတယ်တဲ့လား။

စစ်သူကြီးတိုင် မရယ်မောနိုင်။   သူ့ တစ်ကိုယ်လုံး တုန်ယင်နေတယ်။ နှလုံးသား တောင်မှ ထူးဆန်းတဲ့ ခံစားချက်တွေ လျှံတက်လာတယ်။  သူ့လက်ထဲက မဟူရာရဲဒင်းကြီး  ဆက်ပြီး လှုပ်ရှားနေဆဲ။   ဒီ အချိန်မှာ ခရမ်းရောင် အလင်းတန်း ရုတ်တရက် ကျယ်ပြန့်လာတယ်။  လခြမ်းကွေး  ပုံစံ ခရမ်းရောင် အလင်းတန်း အသွင်ပြောင်းတယ်။

“ ဘုန်းးးး”   ကွင်းပြင်တစ်ခုလုံး ပေါက်ကွဲသွားတယ်။ ခရမ်းေ၇ာင် အလင်းတန်းကြောင့် အလယ် တည့်တည့် ကနေ နှစ်ခြမ်း ကွဲထွက်တယ်။   အက်ကွဲကြောင်းတွေ က မရပ်တန့်ဘူး။   မီတာ ၁၀၀ ပတ်ပတ်လည်ထိ အက်ကွဲ ရာတွေ ပြည့်ကုန်တယ။်

ဒီ အချိန်မှာ ။ စစ်သူကြီးတိုင် ရဲ့ ကိုယ်လည်း လွင့်ထွက်တယ်။  ကောင်းကင်ကို မြှောက်တက်တယ်။  ကြီ သူ့ ရဲဒင်းကြီးလည်း ၀င်ရိုး ထိပ်ကနေ နှစ်ခြမ်းကွဲသွားတယ်။  

“ ဖွီးးးး ”   သွေးတွေ ပျံ့ကျဲ ကုန်တယ်။ တိုက်ပွဲ ကွင်းပြင် သွေးမိုး ရွာကျတယ်။ တစ်ချိန်တည်းမှာပဲ။  ခြေရာမဲ့ သွေးတွေ ရွဲစို ကုန်တယ်။

ခရမ်းေ၇ာင် အလင်းတန်း ပိုတောက်ပတယ်။  ဆန်းကြယ်လှတဲ့  အေးစက်စက်  အရှိန်အဝါတွေ  အပြင်ကို လျှံထွက်တယ်။

တိတ်ဆိတ်  ငြိမ်သက်မှု က ကြီးစိုးတယ်။

တိုက်ပွဲ ကွင်းပြင် တစ်ခုလုံး လုံး၀ တိတ်ဆိတ်သွားတယ်။ အသက်ရှူသံ ကိုတောင် မကြားရဘူး။   ဆောင်းရာသီ လေ အေးအေး   တိုက်ခတ်သံ။  အလံတွေ တစ်ဖျတ်ဖျတ် လွင့်နေတဲ့ အသံ။ ဒါတွေကိုပဲ ကြားရတယ်။  စစ်သည်တွေ အားလုံး လုပ် နေတဲ့ အလုပ်တွေကို ရပ်တန့် ထားတယ်။  လေးကြိုးကို ဆွဲထားတဲ့  စစ်သည်တော်တွေလည်း မလှုပ်မရပ်။  မြှား ကိုင် လက်စ စစ်သည်တော်တွေလည်း  ရပ်တန့်နေဆဲ။ ဘယ်သူမှ။ ဘယ်သူ တစ်ဦးတစ်ယောက်မှ မလှုပ်ရှား။ ဘယ်လို လှုပ်ရှားရမလဲ သူတို့ မေ့နေပြီ။ 

နတ်ဘုရားမုခ်ဝ အတွဲ ၂ နတ္ဘုရားမုခ္ဝ အတြဲ၂ (201-355)Where stories live. Discover now