အပိုင်း (၂၆၈) "ရန်ရွှယ်ရဲ့ စွမ်းရည်"

324 53 0
                                    

အပိုင်း (၂၆၈) 
“ရန်ရွှယ်ရဲ့ စွမ်းရည်”
Translator: Sparrow Translations  Editor: Sparrow Translations

သူဟာ သူ့ရဲ့ မီးတောက်တွေကို အင်အားကြီး သားရဲကောင် အဖြစ်ပုံဖော်လိုက်တယ်။

ဒါဟာ စစ်တပ်မှာ အသုံးများတဲ့ တိုက်ခိုက်ေ၇းနည်းလမ်း တစ်ခုဖြစ်သလို အသုံးအ၀င်ဆုံးသော  တိုက်ခိုက်ရေးနည်းတစ်ခုလည်း ဖြစ်ခဲ့တယ်။ အသုံးပြုသူရဲ့ အင်အားကိုလည်း တိုးပွားစေတယ်။ 

ဒါက ရိုးရှင်းပြီးတော့ တိုက်၇ိုက်ဆန်တယ်။

မီးတောက်တွေဟာ ကောင်းကင်ထက်ကို ထိုးတက်သွားတော့တယ်။ ချန်ယန်ဖုန်းဟာလည်း အချိန်မဆွဲတော့ပါဘူး သူဟာ ယန်ရွှယ်ကို ခပ်မြန်မြန်ပဲ ပွဲသိမ်းလိုက်ချင်ေ်နပြီ ဖြစ်တယ်။ ဒါကြောင့် သူ့ရဲ့ အင်အားတွေကို ပထမဆုံး တိုက်ခိုက်မှုမှာပဲ အားစိုက်ကာ ထုတ်သုံးလိုက်ပြီ ဖြစ်တယ်။

အမတ်မင်းတွေ အားလုံးဟာတော့  ဒါကို မြင်ချိန်မှာ သူတို့ရဲ့ အတွေးတွေကို အတည်ပြုလိုက်တော့တယ်။

“ ရန်မိသားစုရဲ့ တိုက်ရိုက်ဆက်ခံသူ မိသားစု တစ်ဦးအနေနဲ့  ရန်ရွှယ်က နည်းလမ်းအရာမှာ သာလွန်နိုင်တယ်။ ဒါပေမယ့်  ချန်ယွမ်ဖုန်းကတော့ သူ့ကို  တိုက်ခိုက်ေ၇းနည်းလမ်းတွေ ထုတ်သုံးဖို့ အတွက် ခွင့်ပြုနိုင်မှာ မဟုတ်ဘူး ။”

“ ရန်ရွှယ်ကို  အင်အားသုံးပြီးတော့ ဖိနှိပ်တာက အကောင်းဆုံးသော အမြင်ပဲ။”

“ အနည်းငယ် အားနည်းတဲ့ အတွက် ၇န်ရွှယ်က ခံစစ်ကိုပဲ အသုံးပြုလောက်တယ်။  လေအ၇ိပ်နည်းလမ်းကို သုံးပြီးတော့ ခုန်ေ၇ှာင်မှာ ဖြစ်နိုင်လောက်တယ်။  ချန်ယွမ်ဖုန်းက သူ့ကို တစ်ချက်တည်းနဲ့ အလဲထိုးဖို့ ဆိုတာကတော့ မဖြစ်နိုင်လောက်ဘူး။

အမတ်မင်းတွေဟာ ခန့်မှန်း၇င်း  တိုက်ပွဲကိုကြည့်နေကြတယ်။

ခန့်မှန်းပြီးတော့ မှတ်ချက်ပေးတာကတော့  အမတ်မင်းတွေရဲ့ ၀ါသနာကြီးတွေထဲက တစ်ခုဖြစ်တယ်။  ဒီလိုဆွေးနွေးပြီးတော့ သူတို့ရဲ့ အမြင်ကျယ်မှုကိုလည်း ပြကြတယ် ။

ဒါဟာ ပညာသားပါတဲ့ အနုပညာ တစ်ခုသဖွယ်ဖြစ်နေခဲ့တယ်။  ဒီအနုပညာက ကောင်းတယ်လို့ ဆိုရုံနဲ့တော့ လုံလောက်မှာ မဟုတ်ဘူး။ လူတစ်ယောက်က ဒီလို ပြောဖို့ အတွက် တိုက်ခိုက်သူတွေ အသုံးပြုတဲ့ နည်းလမ်းနဲ့ သူတို့ရဲ့ မိသားစု နောက်ခံ အကြောင်း ပညာသင်ကြားမှုနဲ့ အတွေ့အကြုံတွေကိုပါ လေ့လာရမှာ ဖြစ်တယ်။ ဒါက မိမိရဲ့ နားလည်နိုင်စွမ်းကို ဖော်ထုတ်တဲ့ ဂုဏ်ရည်ပြပွဲတစ်ခုလည်း ဖြစ်တယ်။

နတ်ဘုရားမုခ်ဝ အတွဲ ၂ နတ္ဘုရားမုခ္ဝ အတြဲ၂ (201-355)Where stories live. Discover now