အပိုင်း (၂၆၆) " ငှက်လေး ကောင်ကို ခဲတစ်လုံးနှင့် ထိခိုက်စေခြင်း"

326 52 1
                                    

အပိုင်း (၂၆၆)
" ငှက်လေး ကောင်ကို ခဲတစ်လုံးနှင့် ထိခိုက်စေခြင်း"
Translator: Sparrow Translations Editor: Sparrow Translations

ဒါဟာ စကားသံတွေကို တိတ်ဆိတ်သွားစေခဲ့တယ်။

အခုချိန်မှာတော့ ဖန်ကျန်းရှီက ချီကူယန်ကို စိန်ခေါ်မှု အကြောင်း များများစားစား မတွေးကြတော့ဘူ ဖြစ်တယ်။ အဆင့် ၁ နဲ့ အဆင့် ၅၃ ဟာ ကွာခြားလွန်းလှတယ်။

သို့ပေမယ့်လည်း ..... အခုတော့ သူက အဆင့် ၁၀ ထဲကို ၀င်သွားခဲ့ပြီ။ အရာရာဟာ ကွာခြားမှု နည်းသွားခဲ့ပြီလည်း ဖြစ်တယ်။

နောက်ပြီးတော့ မျက်မြင်ကိုယ်တွေ့ ကြုံခဲ့သူတွေ ပြောပုံ အရ။ ယွီဝမ်ကု ဟာ ဖန်ကျန်းရှီနဲ့ ခဏတာလေးပဲ တိုက်ခိုက်ပြီးတော့ ရှုံးနိမ့်ခဲ တာ ဖြစ်တယ်။

ယွီံဝမ်ကုလောက် မသန်မာ သူတွေဟာတော့ ဖန်ကျန်းရှီကို အတော်လေး ကြောက်လန့်နေခဲ့ကြတယ်။

သူတို့ဟာ သူ့တို့ထက် အင်အားနည်းသူကိုသာ ပြဿနာ ရှာရဲကြတာ ဖြစ်တယ်။ ဒါပေမယ့်လည်း အကယ်၍ ဒီသူကသာ နိုးထလာသော နဂါး အဆင့် ၁၀ ထက်ပိုပြီး စွမ်းအားကြီးတဲ့ သူ ဖြစ်နေခဲ့ရင်တော့

ဘယ်သူက ကိုယ့်အသားကိုယ် အနာခံရတာ သာယာမှာလဲ။
ဘယ်သူကမှ မိုက်မဲတဲ့သူ မဟုတ်ဘူး။
...
မြို့တော် အတွင်းမှာတော့ ဝေါယာဉ်တွေဟာ အိမ်ရှေ့စံ မင်းသား ရဲ့ နန်းဆောင်ေ၇ှ့မှာ ရပ်လေ့ရှိကြတယ်။

သိပ်မကြာခင်မှာပဲ။ အိမ်ေ၇ှ့စံ မင်းသားဟာ ၀န်ကြီး ယွိယိဖျင်နဲ့ အတူ ညီလာခံကနေ ထွက်လာခဲ့တယ်။

" လေးစားမှုနဲ့ ၀တ်တရားတွေကို ဘေးဖယ်ထားလိုက်တော့ ညီလာခံစာမေးပွဲ ကို ဘယ်လို မြင်လဲ ပြောကြ။" အိမ်ေ၇ှ့စံ မင်းသားဟာ အိတ်ထဲကနေ ကျောက်စိမ်းပြားလေးကို ထုတ်ရင်း ကစားနေခဲ့တယ်။

သူ့ရဲ့ အကြည့်တွေဟာတော့ ရုံးတော်သား အားလုံးကို ဝေ့၀ဲ နေခဲ့တယ် ။ အိမ်ရှေ့စံ မင်းသား ဟာ နူးညံ့သိမ်မွေ့ပုံပေါ်ပေမယ့်လည်း သူ့ရဲ့ အကြည့်တွေဟာတော့ ထက်မြက်လွန်းလှတယ် ။

ယွီယိဖျင်ဟာလည်းေ၇ှ့ဘက် ထိုင်ခုံ တစ်လုံးမှာ ၀င်ထိုင်နေခဲ့တယ်။ သူဟာတော့ စကားမပြောခဲ့ပါဘူး။

နတ်ဘုရားမုခ်ဝ အတွဲ ၂ နတ္ဘုရားမုခ္ဝ အတြဲ၂ (201-355)Where stories live. Discover now