အပိုင်း (၂၃၇) " ကန်လင်းတောင် အတွင်းမှာ ရေချိုးခြင်း "

449 55 0
                                    

အပိုင်း (၂၃၇) 
“ ကန်လင်းတောင် အတွင်းမှာ ရေချိုးခြင်း ”
Translator: Sparrow Translations  Editor: Sparrow Translations

အယောက်တစ်ရာနီးပါးရှိတဲ့ စစ်သည်တွေဟာ ဖန်ကျန်းရှီကို သတ်ဖြတ်ဖို့ အတွက်  ပြင်ဆင်နေကြတော့တယ်။

ရွာသားတွေ အားလုံးဟာတော့ ဒါကို မြင်ချိန်မှာ

“   အမိန့်ပေးသူ ဆရာ။  မလုပ်ပါနဲ့။   ကျန်းရှီကို မသတ်ပါနဲ့။”

“  ကျန်းရှီ ဆရာ့ကို တောင်းပန်လိုက်တယ်။   သူ့မှာ ပုန်ကန်လိုစိတ် မရှိပါဘူး။”

  ရွာကနေ မခွာဖူးတဲ့ ၇ွာသားတွေ အတွက်တော့  ကြီးမြတ်သော ရှ မင်းဆက်ရဲ့ စစ်တပ်ဟာ  အင်အားကြီးလှတယ်။  ဖန်ကျန်းရှီက ဒီလို   မျိုး ဆန့်ကျင်လိမ့်မယ်လို့ မထင်ခဲ့ကြဘူး ဖြစ်တယ်။

ဒီမြင်ကွင်း ဟာ လူတိုင်းရဲ့ စိတ်ကို ဆူပွက်လာစေခဲ့တယ်။

လူအိုကြီးတွေ ။ အမျိုးသမီးတွေ။ ကလေးတွေ အားလုံးဟာ  စိတ်လှုပ်ရှား ကြောက်လန့်နေကြတယ်။ တစ်ချို့ သူတွေဟာ ထိတ်လန့်မှုကြောင့် ငိုကြွေးနေကြပြီးတော့ တချို့ဟာတော့ စစ်သည်တွေရဲ့ လမ်းကို ပိတ်ဆို့ဖို့ ကြိုးစားနေခဲ့ကြတယ်။

ဖန်ကျန်းရှီ ဘယ်လိုပင် လုပ်ခဲ့သည်ဖြစ်ပါစေ။  သူတို့ အားလုံး  ဟာ သူ့ရဲ့ မိသားစုတွေပဲ ဖြစ်တယ်။  ဒီကလေး ဒုက္ခရောက်စေမယ့် အဖြစ်မျိုးကို တော့   မေ၇ာက်စေလိုကြဘူး။

ချီကူယန်ဟာတော့ လဲကျသွားတဲ့ စစ်သည်ကို အေးဆေးစွာကြည့်နေခဲ့တယ်။  သူမဟာ အံ့အားသင့်ဟန်လည်းမရှိသလို ဖန်ကျန်းရှီကို တားမြစ်ဖို့လည်း မကြိုးစားခဲ့ဘူး ဖြစ်တယ်။

“  သတ်စမ်း” အမိန့််ပေးသူဟာ ဓားကို ဆွဲထုတ်ရင်း အော်ဟစ်လိုက်တယ်။  သူ့ေ၇ှ့က အတင့်ရဲလှတဲ့ ကလေးစုတ် ကို  သတ်ဖို့ ပြင်လိုက်တယ်။

ဒါပေမယ့်လည်း

ဒီအချိန်မှာ ပဲ  ပုံရိပ်တစ်ခုဟာ သူ့ေ၇ှ့မှာ ရုတ်တရက်ပေါ်လာခဲ့တယ်။  ဒီပုံရိပ်ရဲ့ အပြာရောင် အကျီလက်ရှည်တွေဟာ လေထဲမှာ လွင့်မျောနေခဲ့တယ်။ သူ့ရဲ့ အမူအယာဟာတော့ အေးစက်လှပြီးတော့ အမိန့်ပေးသူကို  လျစ်လျူရှုထားဟန်ပါပဲ။

နတ်ဘုရားမုခ်ဝ အတွဲ ၂ နတ္ဘုရားမုခ္ဝ အတြဲ၂ (201-355)Where stories live. Discover now