အပိုင်း ( ၂၃၂) "တောင်ကို စည်းချခြင်း "

496 68 0
                                    

အပိုင်း ( ၂၃၂)
“တောင်ကို  စည်းချခြင်း ”
Translator: Sparrow Translations  Editor: Sparrow Translations

“ တောင်ကို စည်းချ ”

တူညီတဲ့ အသံတွေဟာ  ရွာပေါင်းများစွာကို  လွှမ်းခြုံသွားခဲ့တယ်။

ရာပေါင်းများစွာသော မိသားစုတွေဟာတော့ မြောက်ရွာ ရွာသူကြီး  ကျန်းယန်ဖိန်ရဲ့ ဦးဆောင်မှု နဲ့ အတူ   ရွာကွင်းပြင်မှာ စုဝေးနေခဲ့ကြတယ်။  သူတို့ရဲ့ေ၇ှ့မှာတော့ ထောင်ပေါင်းများစွာသော စစ်ဝတ်တန်ဆာ အပြည့်နဲ့ စစ်သည်တော်တွေဟာ ရပ်နေခဲ့ကြတယ်။

ဖန်ဟို့ ဒဲ နဲ့ ချီရှင်းလိန်တို့လည်း မတ်တပ်ရပ်နေနဲ့ လူအုပ်ထဲမှာ ရပ်နေတာ ဖြစ်တယ်။ ရွာသားတိုင်းဟာတော့  အကူအညီ မဲ့ စွာ ငေးငိုင် နေခဲ့ကြတယ်။

“  အရှင်စစ်သည်တော် ကြီး ။  အရှင်တို့ တောင်ကို စည်းချလို့် မရဘူးလေ။    ကျွန်တော်တို့က အမဲမလိုက်ပဲ ဘာနဲ့ စားရမှာလဲ။”  ကျန်းယန်ဖိန်ဟာ အမိန့်ပေးနေသူကို မေးလိုက်တယ်။

“   မင်းက မြောက်၇ွာ၇ဲ့ ရွာသူကြီးလား။”    အမိန့်ပေးနေသူဟာ ကျန်းယန်ဖိန်းကို ကြည့်လိုက်တယ်။

“ ဟုတ်ပါတယ် အရှင် ။   ကျွန်တော်က ရွာသူကြီးပါ။ ကျွန်တော်တို့က  ကန်လင်းတောင် ကို အမှီပြုပြီး အမဲ လိုက် အသက်မွေးရတဲ့သူတွေပါ။   အကယ်၍ တောင်ကို တောင်ကိုသာ စည်းချလိုက်ရင်  ကျွန်တော်တို့ ရွာသားတွေ ရာနဲ့ ချီပြီးတော့  အသက်ရှင်သန်ဖို့ ခက်ခဲ တော့မှာပါ။”

“ ငါကြားတာတော့  မြောက်ရွာမှာ   တာအို ခန်းမ ရှိတယ်လို့ ကြားထားတယ်။ ”   အမိန့်ပေးသူဟာ   စကားသံတွေကို လျစ်လျူရှုပြီးတော့  သူ့ကိစ္စကိုသာ ဆက်ပြောခဲ့တယ်။

“ မှန်ပါတယ်။ မှန်ပါတယ်။   တာအို ခန်းမက တောင်ဘက်တောင်ရွာကနေ မြောက်၇ွာကို ရွေ့လာတာပါ။ နတ်ဆိုးကျောင်းတော် မင်းသမီး လေး ရဲ့ အမိန့်တော် အရ ပြောင်းလာ တာပါ။ အကယ်၍ အရှင် မယုံကြည်ရင်  တာအို ခန်းမထဲ က  ဆရာတွေကို  မေးလို့ ရပါတယ်။”  ကျန်းယန်ဖိန်ဟာ မျှော်လင့်ချက်လေးများ ကျန်လို ကျန်ငြား မေးကြည့်ခဲ့တယ်။

နတ်ဘုရားမုခ်ဝ အတွဲ ၂ နတ္ဘုရားမုခ္ဝ အတြဲ၂ (201-355)Kde žijí příběhy. Začni objevovat