မတင်မိတာ အတော်ကြာသွားပြီ။ အတိုးနဲ့ အရင်းပေါင်းပြီး ၉ပိုင်းတင်ပေးမယ်နော်။
အပိုင်း (၂၄၂)
“ အဆုံးမဲ့ လောက”
Translator: Sparrow Translations Editor: Sparrow Translationsဖန်ကျန်းရှီဟာ ကောင်းကင်ကို ကြည့်နေခဲ့တယ်။
သူဟာ ဒီ အလင်းတန်းကို မီးရှူးမီးပန်းကနေ လာတာလို့ ထင်နေခဲ့တာ ဖြစ်တယ်။ ဒါပေမယ့်လည်း ဒီ အလင်းတန်းဟာ ပေါက်ကွဲသွားခြင်း မရှိခဲ့ဘူး။ အပေါ်အောက်သာ ပျံ့နှံ့နေခဲ့တယ်။
အပေါ်က ဖြာကျနေတဲ့ လရောင်လိုပဲ အပြင်ကို ထွက်ဖို့၇ာ ကာဆီးခံထားရတယ်။
မျက်စိတစ်မှိတ် အတွင်းမှာပဲ ကန်လင်းတောင်ကြီး တစ်ခုလုံးနဲ့ ဖန်ကျန်း၇ှီ။ ချီကူယန် ပင်းယန် တို့ကို ထို အလင်းတန်းက ၀န်း၇ံ ဖုံးအုပ်လိုက်တယ်။
သိပ်မကြာခင်မှာပဲ မြေငလျင် လှုပ်ခတ်လာပြီးတော့ အနက်ရောင် အက်ကွဲကြောင်းတွေ ဖြစ်ပေါ်လာတော့တယ်။ လောကကြီး တစ်ခုလုံးဟာ သွက်သွက်ခါအောင် လှုပ်ခါနေခဲ့တယ်။
ဒီ အခြေအနေကို ရင်းနှီးနေတယ်။
သုခမိန်လောကထဲမှာလည်း ဒီလို အဖြစ်မျိုးကို ကြုံခဲ့ရပြီး ဖြစ်တယ်။ လောကကြီး တစ်ခုလုံးက လှုပ်ခါ လာပြီးတော့ ဓားပင်လယ်ထဲကို ပို့ ဆောင်ခဲ့တယ်။
ဒါပေမယ့် အခုချိန်မှာတော့
ကန်လင်းတောင်က လှုပ်ခါနေပြန်ပြီ။
“ ဘာတွေ ဖြစ်ကုန်တာလဲ။” ဖန်ကျန်းရှီဟာ အော်ဟစ်လိုက်တယ်။
“ သုခမိန်လောကတုန်းက စိတ်အာရုံ နယ်မြေမို့လို့ ကွဲအက်တော့မလို ဖြစ်သွားတာလေ။ ကန်လင်းတောင်က တကယ့်လောကထဲက တောင်ပဲ ဘာလို့ ကွဲထွက်မတတ် တုန်ခါနေတာလဲ။”
ဒါက ကမ္ဘာပျက်ကိန်းလား။
မေးခွန်းတွေဟာ ဖန်ကျန်း၇ှီ ရဲ့ စိတ်ထဲမှာ ပေါ်လာခဲ့တယ်။
ချီကူယန်ရဲ့ အမူအယာဟာတော့ တည်ကြည်လေးနက်လာခဲ့တယ်။ သူမရဲ့ မျက်လုံးတွေဟာတော့ေ၇ခဲတစ်မျှ အေးစက်သည်ထက် အေးစက်လာခဲ့တဲ့ အတွက် သူမရဲ့ အရှိန်အ၀ါဟာလည်း ပြင်းထန်လာခဲ့တယ်။
![](https://img.wattpad.com/cover/192510299-288-k890787.jpg)
ČTEŠ
နတ်ဘုရားမုခ်ဝ အတွဲ ၂ နတ္ဘုရားမုခ္ဝ အတြဲ၂ (201-355)
Historická literaturaဒါလေးကတော့ နတ်ဘုရားမုခ်ဝ ဒုတိယ စာအုပ်လေးပါ။ အပိုင်းက 1520 ပိုင်း ရှိမှာမို့ စာအုပ်က 8 အုပ်ရှိမှာပါ။ အတွဲ ၁ ( အပိုင်း 1- 200) ခု အတွဲ ၂ ( အပိုင်း 201-400)