အပိုင်း (၂၁၃) " အပြင်းထန်ဆုံးသော ထိချက်"

1.5K 74 2
                                    

အပိုင်း (၂၁၃)
“ အပြင်းထန်ဆုံးသော ထိချက်”
Translator: Sparrow

 ဝန်ဇင်းမှာလည်း တင်နေပြီနော် ဖတ်ပြီးသားဆိုပေမယ့် တအုပ် ၅၀၀ ကျပ်နဲ့  ဝယ်ယူပြီး  စာရေးသူကို အလှူဒါန ပြုလို့လည်းရပါတယ်။

اوووه! هذه الصورة لا تتبع إرشادات المحتوى الخاصة بنا. لمتابعة النشر، يرجى إزالتها أو تحميل صورة أخرى.

ဝန်ဇင်းမှာလည်း တင်နေပြီနော်
ဖတ်ပြီးသားဆိုပေမယ့် တအုပ် ၅၀၀ ကျပ်နဲ့  ဝယ်ယူပြီး  စာရေးသူကို အလှူဒါန ပြုလို့လည်းရပါတယ်။

Translations  Editor: Sparrow Translations

ဒီလက်သီးဟာ ထုံးစံ အတိုင်း ယဉ်ရှန် ရဲ့ လက်သီး ဖြစ်တယ်။

ပထမဆုံး အကြိမ် အဖြစ် ယဉ်ရှန် နဲ့ ဖန်ကျန်းရှီ ကြားက အကွာ အဝေးဟာ  ပုခုံးချင်း တိုက်တော့မတတ် ဖြစ်သွားခဲ့တယ်။ တကယ်တမ်းမှာတော့  ခေါင်းချင်း တိုက်တော့မယ်လို့ ပြောရင် ပိုမှန်လိမ့်မယ်။

ဘယ်လောက်တောင် မြန်လဲ။

ဖန်ကျန်းရှီဟာ တွေးတောလိုက်မိတယ်။ ဒါပေမယ့်လည်း  သူ့ရဲ့  လှုပ်၇ှားမှုဟာတော့ မရပ်တန့်သွားခဲ့ပါဘူး။

ခပ်နိမ့်နိမ့် ထိုင်ချခြင်းဟာ လည်း စွမ်းရည် တစ်ခုပဲ ဖြစ်တယ်။

ဒီလိုမျိုး ထိုင်ချတဲ့ စွမ်းရည် ဟာ  ရိုးရှင်းလှတာတော့မဟုတ်ဘူး။ 

ဒီလို နည်းအတိုင်းသာ အကြာကြီး ဆက်ထိုင် နိုင်ရင်   သူ့ရဲ့ ကိုယ်က စွမ်းအားတွေဟာ ပေါက်ကွဲထွက်တော့မတတ်  အခြေအနေကို  ရောက်ရှိမှာ ဖြစ်တယ်။ ဒါဟာ ပြစ်တော့ မယ့် မြှား တစ်စင်းကို လေးကြိုးဆွဲထားသည့်နှယ် ဖြစ်နေတော့တယ်။

ဒီလို မျိုးနဲ့  ဖန်ကျန်းရှီ ဟာ ထိုင်ချလိုက်ပြီးတဲ့နောက်မှာတော့  နောက်ထပ် လှုပ်ရှားမှု တစ်ခုကို ပြောင်းလဲ လိုက်တော့တယ်။

နှစ်ထောင်ပေါင်းများစွာ နာကျင်မှု ။

ပုံမှန် အခြေအနေမျိုးမှာ  နှစ်ထောင်ပေါင်းများစွာ နာကျင်မှု အခြေအနေကို အကောင်းဆုံး အသုံးပြု ဖို့ အခြေအနေက  လူတစ်ယောက်ရဲ့ နောက်ကျောဘက်ပဲ ဖြစ်တယ် ။ ဒါပေမယ့်လည်း ဖန်ကျန်းရှီ က ဘယ်တုန်းကများ အသေးစိတ် အချက်အလက်တွေကို လိုက်နာ လုပ်ဆောင်ဖူးလို့လဲ။

နတ်ဘုရားမုခ်ဝ အတွဲ ၂ နတ္ဘုရားမုခ္ဝ အတြဲ၂ (201-355)حيث تعيش القصص. اكتشف الآن