အပိုင်း (၂၇၇) " အကောင်းနှင့် အဆိုးကြားက ၀င်ရိုးတစ်ခု"

356 52 0
                                    

အပိုင်း (၂၇၇) 
“ အကောင်းနှင့် အဆိုးကြားက ၀င်ရိုးတစ်ခု”
Translator: Sparrow Translations  Editor: Sparrow Translations
ဖန်ကျန်းရှီဟာတော့ “အဇူရာ တာအို” ဆိုတဲ့ စကားလုံးကိုသူ့ကိုယ့်သူေ၇၇ွတ်နေမိတယ်။ သူဟာ သူ့ရဲ့ အရင်လောက က တာအို အဇူရာ အကြောင်းကို ပြန်ပြီးတော့ တွေးဖို့ ကြိုးစားနေခဲ့တယ်။

ဒါက အဆူရာကနေ ဆင်းသက်လာတာ ဖြစ်တယ်။  စစ်ပွဲတွေကို ချစ်မြတ်နိုးတဲ့  နတ်မျိုးနွယ်တွေကနေ ပြီးတော့ ဆင်းသက်လာတာ ဖြစ်တယ်။  အမျိုးသားနတ်တွေကတော့ အတော်လေးကို ရုပ်သွင်ကြည့်ရဆိုးပြီးတော့ အမျိုးသမီးတွေဟာတော့ ချောမောလွန်းလှတယ်။

ဒါပေမယ့်လည်း  ဒီ ရှင်းလင်းချက်ကတော့ ဒီလောက်မှာ အသုံးမ၀င်နိုင်ဘူး ဖြစ်တယ်။

ဒါကြောင့်

သူ့မှာ ရှင်းပြစရာ အကြောင်းရင်း တစ်ခုပဲ ရှိတယ်။ အဇူရာ တာအိုကတောာ့ အတော်လေးကို ကောင်းမွန်တဲ့ တစ်ခုပဲ ။ ဒါပေမယ့်လည်း အမုန်းတရားနဲ့ စစ်ပွဲကို ဆာလောင်မှုလည်း ဖြစ်တယ်။ ဒါကြောင့် ကောင်းတဲ့ တာအိုလို့တော့ ဆိုမရဘူး။

ခနနေပါအုန်း။

အဇူရာတာအို…. ဒါက ခြောက်ခုတည်းက တစ်ခုမလား။
ဖန်ကျန်း၇ှီဟာ တစ်ခုခုကို ရုတ်တရက် သဘောပေါက်သွားခဲ့တယ်။ ကြည့်ရတာ ဒီလောကမှာ ကောင်းကင်တာအိုကို ဖော်ပြချက်တွေ အတော်များများ ရှိနေပုံပဲ။

ကောင်းကင်နိမိတ်။ေ၇ှ့ဖြစ်ဟောစာတမ်း ။ ကောင်းကင်တာအို သုခမိန် ကျောက်ဖျာ။

ကောင်ကင်တာအိုက မှတ်တမ်းတင်ရေးထိုးထားတဲ့ တာအို ခြောက်ခုထဲက တစ်ခုပဲ။

“တာအို ခြောက်ခု။ တာအို ခြောက်ခု ။ ” ဖန်ကျန်းရှီဟာ ပြန်လည်တွေးတောနေခဲ့တယ်။

ရန်ရွှယ်ဟာတော့  အပေါက်ကို ချဲ့နေချိန်မှာပဲ ဖန်ကျန်းရှီ ပြောတာကို ကြားချိန်မှာ မျက်လုံးပြူးသွားခဲ့တယ်။

လူတိုင်းဟာတော့ ဖန်ကျန်းရှီက  တာအို ခြောက်ခုအကြောင်းပြောနေတာ ကြားချိန်မှာ ထိတ်လန့်သွားခဲ့ကြတယ်။

ဒါပေမယ့်လည်း ရန်၇ွှယ်ဟာတော့ မအံ့သြခဲ့ပါဘူး။

နောက်ဆုံးတော့လည်း ဖန်ကျန်းရှီ ဆိုတာက  တာအို ကျောင်းတော်ကို မ၀င်ဖူးတာတောင်မှ စာမေးပွဲတိုင်းမှာ ထိပ်ဆုံးရောက်ခဲ့တဲ့သူ ဖြစ်တယ်။ 

နတ်ဘုရားမုခ်ဝ အတွဲ ၂ နတ္ဘုရားမုခ္ဝ အတြဲ၂ (201-355)Where stories live. Discover now